Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 14 August 2013

အရွှေ့မှားရင်အစားခံရမယ်...။ အလှီးခံရဖူးသော ညနေခင်းများ...။ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အရွှေ့မှားရင်အစားခံရမယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘဝဆိုတာ ကျားပွဲတစ်ပွဲပါပဲ။
ကျားပွဲတစ်ပွဲမှာ ရွှေ့သူရှိတယ်။
အရွှေ့ခံရတဲ့ အရုပ်လေးတွေရှိတယ်။
ရွှေ့သူတွေဟာ
အရွှေ့ခံရသူတွေထက် ဝီရိယပိုတယ်။ လုံ့လကဲတယ်။ ဖန်တီးနိုင်စွမ်း ထူးခြားတယ်။ စွန့်စားရဲတဲ့ သတ္တိရှိတယ်။ အဓိကသူတို့ရဲ့ ထူးခြားချက်ကတော့ သူတပါးက သူတို့ကို ရွှေ့တာကို မခံချင်တာပါပဲ။ အဲဒီစိတ်က သူတို့ကို ရွှေ့သူဘဝကို ရောက်စေခဲ့တယ်။
အရွှေ့ခံရသူတွေကတော့
အသစ်အဆန်းပြောင်းလဲမှုကို မိမိဘာသာလုပ်ရမှာ ကြောက်တယ်။အဲဒီစိတ်ဟာ သူတို့ကို အရွှေ့ခံ အခိုင်းခံ ဘဝကိုရောက်ရှိစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ ပြီးတော့ ပျင်းတယ်။ ရောင့်ရဲကျေနပ်လွယ်တယ်။ ကံစီမံရာပေါ့ဆိုတာ သူတို့ရဲ့ လက်သုံးဆင်ခြေပါပဲ။
ကျားပွဲတွေကတော့
နေရာတကာမှာရှိနေပါတယ်။ စီးပွားရေး နိုင်ငံရေး အစစအရာရာမှာပေါ့။
ရွှေ့သူတွေမှာတော့ ဘာကို ဘယ်ကို ရွှေ့မယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့် အရွှေ့ခံရသူတွေမှာတော့ ရွေးချယ်ခွင့်မရှိရှာပါဘူး။
ကဲမိတ်ဆွေ
ခင်ဗျားလက်ရှိပါဝင်နေတဲ့ ကျားပွဲမှာ ခင်ဗျားကရွှေ့သူလား အရွှေ့ခံရသူလား။
ဘယ်ဘဝက ကောင်းမယ်ထင်ပါသလဲ။
အော်မေ့သွားလို့ပါ။ ခင်ဗျားက ရွှေ့သူလည်းမဟုတ် အရွှေ့ခံရသူလည်းမဟုတ်တဲ့ ဘေးကထိုင်ကြည့်နေသူ များလား။

Eagle Breeze
16-1-2013
>>>>>>>>>>>>>>>>>>>>>
အလှီးခံရဖူးသော ညနေခင်းများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငယ်ငယ်တုန်းကပေါ့ ။
ကျနော်တို့သူငယ်ချင်းတွေ ဘောလုံးစုဝယ်ပြီး ဘောကန်ကြတယ် ။ ကော်ဘောလုံးတစ်လုံး ပြားငါးဆယ် ခြောက်ဆယ်တန်ပါ ။ ဘောလုံးဖိုးကိုတော့ စုထည့်ကြတယ် ။ ဘပု ဆယ်ပြား အောင်ကျော် ငါးပြား အာအိုးကြီး ဆယ်ပြား စသဖြင့်ပေါ့ ။ ည​နေ​ကျောင်းဆင်းရင်​ ကျွန်​​တော်​တို့ရဲ့ ပရီးမီးယားလိဂ်​ ပွဲစဉ်​​တွေ စပြီ။ သိပ်ပျော်ဖို့ကောင်းပါတယ် ။
တစ်ညနေပေါ့
မမေ့နိုင်တဲ့တစ်ညနေပေါ့ ။
အာအိုးကြီးက အိမ်အလုပ်မလုပ်ပဲ လာဆော့လို့ ဘောပွဲကောင်းနေတုန်း သူ့အမေလာခေါ်သွားပါတယ် ။ လမ်းမှာလည်း ဆဲဆိုပြီး ရိုက်နှက်သွားပါသေးတယ် ။
ဘောပွဲက​တော့ အရှိန်​​ကောင်းတုန်း။
ခဏကြာတော့ အာအိုးကြီး ဓါးတစ်ချောင်းနဲ့ ပြန်ပေါ်လာတယ်။
ည​နေခင်းဆည်းဆာ​နေ​ရောင်​မှာ
ထင်းခွဲတဲ့ ဓားမကြီးကို ကိုင်​ထားတဲ့ အာအိုးကြီးရဲ့ ပုံဟာ ​ရောမကားထဲက ဇတ်​လိုက်​တစ်​​ယောက်​လိုပါပဲ။
ကျွန်​​တော်​တို့ ​ဘောပွဲ ရပ်​ပြီး
အားလုံးတိတ်​သွားတယ်​။ အာအိုးကြီးက ကွင်းလယ်ကိုဝင်ရပ်ပြီး ဘောလုံးကို ကောက်ယူလိုက်ပါတယ် ။ ပြီးတော့မှ သူက
'' ငါ့အမေက ငါဘယ်တော့မှ ဘောမကန်ရဘူးလို့ ပြောတယ်ကွ။
ငါမကန်တော့ပါဘူးကွာ ။
ဒါပေမယ့် ငါထည့်ထားတဲ့ ဆယ်ပြားဖိုးတော့ ငါပြန်လှီးသွားမယ်ကွာ '' တဲ့ ။
ကွင်းအလယ်မှာ ဆောင့်ကြောင့်ထိုင်တယ် ။ ဘောလုံးရဲ့အရွယ်နဲ့ ဆယ်ပြားဖိုးပမာဏကို တွက်ဆပြီး ကွင်းလှီးလိုက်ပါတယ် ။
သူဓားမကြီးနဲ့ ​ဘောလုံးကို ထိုးခွဲလိုက်​လို့ ​ကော်​​ဘောလုံးက ရှုးကနဲ​လေထွက်​သွားတယ်​ဆိုရင်​ပဲ
ကျွန်​​တော်​တို့​တွေသဲပြင်​​ပေါ်ကို
ခွေကျသွားပါပြီ။ သူပြန်သွားတော့ ပေါက်နေတဲ့ ကန်လို့မရတော့တဲ့ ဘောလုံးကို ဝိုင်းထိုင်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်းကျန်ခဲ့ကြတယ်။
ကျနော်တို့ သူငယ်ချင်းတွေ အာအိုးကြီးနဲ့ သူလှီးသွားတဲ့ ညနေခင်းတစ်ခုကို ဘယ်တော့မှ မေ့လို့မရခဲ့ကြပါ

Eagle Breeze ( 15-1-2013 )
  ဦှး​မောင်​​မောင်​နိုင်
 ဗိုလ်​​တေဇလမ်း၊ ​မြောက်​ပိုင်း၊ငပု​တောမြို့၊၀၉၄၂၂၄၉၂၄၁၆
         
>>>>>>>>>>>>>>>>>>>>>>>>>>>>
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment