ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ခွဲ၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်နယ်မြေအပိုင်းနှင့် ဆက်စပ်နေသည့် သဲဖြူချောင်း တစ်လျှောက်နေရာများတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်း မရှိပါသဖြင့် ရပ်ကွက်အတွင်းတွင် ဖောက်ထွင်းမှုများ၊ ခိုးမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည့်အပြင် မျိုးဆက်သစ်လူ ငယ် အကျင့်စာရိတ္တ ပျက်ပြားခြင်း ၊ ကျောင်းသာသူငယ်များ မူးယစ်ဆေးဝါးသားကောင်ဖြစ်ခြင်း နှင့်
မူးယစ်ဆေးခန်းမှ စည်းကမ်းမဲ့စွန့်ပြစ်လာသော ဆက်စပ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ပြည်သူများ ထိခိုက်နစ်နာခြင်း၊ ကျွဲနွားတိရိစ္ဆာန်များ အန္တရာယ်ရှိခြင်း နှင့် မူးယစ်ဆေးသုံးစွဲသူများ စည်းကမ်းမဲ့စွာ
အော်ဟစ်၊ ဆဲဆိုသွားလာခြင်းကြောင့် ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ လုပ်ငန်းခွင် အဟန့်အတားဖြစ်ခြင်း နှင့်အနာဂတ်အမျိုးသားရေးကို ချိန်းခြောက်လာနေပြီဖြစ်သဖြင့် တာဝန်ရှိသူများ မှ ထိရောက်စွာ စုံစမ်းအရေးယူပေးပါရန် ပူးတွဲပါပုံများနှင့် တင်ပြအပ်ပါသည်။
တာဝန်သိပြည်သူများ
>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:
Post a Comment