Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 25 August 2013

ပဲခူးတိုင်းဒေသကြီး သာရဝေါကျေးရွာအုပ်စု ကျုံလဟာကျေးရွာ ၁၅၀၀ တန် ဆင်းကတ်များ သုံးမရတဲ့ပြဿနာဖြစ်...။ သူတို့အတွက် SKY NET...။ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ပဲခူးတိုင်း​ဒေသကြီး သာရ​ဝေါ​ကျေးရွာအုပ်​စု ကျုံလဟာ​ကျေးရွာ ၁၅၀၀ တန်​ ဆင်းကတ်​များ သုံးမရတဲ့ပြဿနာဖြစ်​...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်​​တော်​က ပဲခူးတိုင်း​ဒေသကြီး သာရ​ဝေါ​ကျေးရွာအုပ်​စု ကျုံလဟာ​ကျေးရွာ ရွာသားတစ်​ဦးပါအလှည့်​ကျစနစ်​နဲ့ ခွဲတမ်းချပြီး၁၅၀၀တန်​ဆင်းကတ်​များကို​ရောင်းချခဲ့ပါတယ်​ ယခုထို​ရောင်းချခဲ့​သော ၁၅၀၀တန်​ဆင်းကတ်​များမသာမာသည့်​​မှောင်​ခိုသမားများ​ကြောင့်​70000/80000​ပေးဝယ်​ရပါတယ်ဝယ်​ပြီးပြန်​​တော့လည်းဆင်းကတ်​များမှာ လိုင်းမဖွင့်​ဘဲဖြစ်​​နေပါသည်​ ဆက်​သွယ်​​ရေးမှဝန်​​ဆောင်​မူမ​ပေးနှိင်​ပါ ဤဖုန်းနံပါတ်​မရှိပါ လိုကြီး​ပြော​နေပါသည်​ ထို့​ကြောင့်​ကျွန်​​တော့တို့ရွာသားများမှာရိုးပါသည်​ ရိုးသားမူကိုအခွင့်​​ကောင်းယူ၍မနိပ်​စက်​ပါနဲ့လို့​ပြောချင်​ပါသည်​ MPT မှနည်းပညာဖြင့်​နိပ်​စက်​လိုက်​ ​မှောင်​ခိုသမားများမှ စီးပွား​ရေးအရနိပ်​စက်​လိုက်​နှင့်​​ကျေးလက်​မှ ​တောသူ​တောင်​သားများကိုစိတ်​ဒုက်​ခ​ရောက်​​အောင်​ပြုလုပ်​​နေပါသည်​.. ကျွန်​​တော့ရဲ့ရွာသူရွားသားများကိုယ်​စား ဤ​နေရာမှရင်​ဖွင့်​လိုက်​ရပါသည်​....
လူအချင်းချင်းလှည့်​ပတ်​ချင်း ကင်းရှင်းကျပါ​စေ.....
zinminhtet329@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>> 

သူတို့အတွက် SKY NET
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
SKY NET ဈေးနှုန်းတွေတက်ပေမဲ့ ဘောလုံးပွဲတွေကြည့်ချင်လို့ ရှိစုမဲ့စု
ငွေလေးတွေနဲ့ သက်တမ်းတိုးခဲ့ရတာပေါ့ ပြည်သူတွေကို သူတို့ မီဒီယာ
တစ်ခုတည်းသာ ပရီးမီးယားလိဒ် ဘောလုံးပွဲ ပြနိုင်တယ်ဆိုပြီး
ဈေးတွေတက်ချင်သလိုတက် ဒါတောင်မှ နောက်ကို ဈေးတက်လို့ ကောင်းအောင်
ဈေးချပြီးရောင်းတဲ့အကြောင်းထည့်ရေးထားသေးတယ် ၀န်ဆောင်မှုကတော့
အရင်လောက်တောင် မကောင်းတော့သလိုဘဲ ဒီနေ့ ဖူဟမ် နဲ့ အာဆင်နယ် ပွဲကို ညနေ
06း15 လို့ ကြေငြာထားလို့ ထိုင်စောင့်နေခဲ့တာ အချိန်ကျလို့လဲမလာတော့
အချိန်မှားတာလားလို့ သံသယ ဖြစ်မိခဲ့သေးတယ် ဒါပေမဲ့ သိတဲ့အတိုင်းပဲ
ပွဲချိန် 21 မိနစ်ကျမှ အာဆင်နယ်က တစ်ဂိုးရှုးထားတာကို စပြီး ကြည့်ခဲ့ရတာ
သူတို့ကတော့ လေလှိုင်းပေါ်ကနေ ပြည်သူတွေကို အနူး အညွတ်တောင်းပန်လိုက်ရင်
ပြီးသွားတာပါပဲ ပြည်သူတွေကတော့ တောင်းတဲ့ဈေးပေးပြီး မကျေနပ်လဲ
အောင့်ခံနေရတာပေါ့ အဲဒီတော့ ပြည်သူ့အတွက် SKY NET မဟုတ်ဘဲ သူတို့
စီးပွားရေး အတွက် သူတို့အတွက် SKY NET အဖြစ်တောင်
နာမည်ပေးလိုက်ချင်ပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ သူတို့ရဲ့
ရုပ်သံမီဒီယာကို ယှဉ်ပြိုင်မဲ့ အခြားရုပ်သံမီဒီယာတွေ ပေါ်ပေါက် လာဖို့
မျှော်လင့်ပါတယ် အဲဒီအခါကြရင်တော့ SKY NETလောက် ၀န်ဆောင်မှု မကောင်းလဲ
အားပေးဖို့တောင် စဉ်းစားထားတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)



No comments:

Post a Comment