Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 31 August 2013

မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော် လုယက်မှုတွေ...။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ စ.တ. ခ (၆) တပ်ရင်း အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်း..။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဝမ်းဘဲအင်းကျေးရွာတွင် ၁၅၀၀ိ/တန်SIM CARDS ကို လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”




မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော် လုယက်မှုတွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်းလှမြို့နယ်၊ ထန်းကိုင်း ရေနံမြေမှာ လုယက်မှု တွေနေတိုင်းဖြစ်ပွါးနေပါတယ်
ကျွင်းပိုင်ရှင်တွေဆီကို ဓားပြ ၊ဒုတ်ပြနှင့် လုယက်မှုတွေ တစ်နေ့တစ်ကြိမ်မက ဖြစ်ပွား နေပါတယ် ဒီကြားထဲ သူခိုးရန်ကလည်း
ကြောက်ရသေးတယ် သေမင်းနဲ့စစ်ခင်း ပြီး
အလုပ်လုပ်နေကြရတာ။
တစ်ချို့ဆိုရင်  ကိုယ့်နေရာမှာ နေပြီး အရိုက်ခံရ.တာ
အလုပ်ဆက်မလုပ်ရဲတော့ပဲ ကိုယ့်ဒေသ
ပြန်တဲ့လူကပြန် မပြန်တဲ့လူကလည်း နေ့ည မအိပ်ရဲဘဲ အလုပ်လုပ်နေရတယ်လို့ ဒေသခံ
တစ်ဦးကပြောပါတယ်

>>>>>>>>>>>>>>>>>>>>>>>>> 
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့   စ.တ. ခ  (၆) တပ်ရင်း  အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့   စ.တ. ခ  (၆) တပ်ရင်း  အရက်ဆိုင်မှ စည်းကမ်းမဲ့စွာအရက်ရောင်းချခြင်းကို အထပ်လူကြီးမင်းများသိရှိစေရန်သာရည်ရွှယ်ပြောကြားခြင်းဖြစ်ပါသည်   အခုဆိုရင်အဲ့ဒီအရက်ဆိုင်က စစ်သားများကို သူ့ကျိုးမတွက်  ကိုကျိုးဖက်ကာ စည်းကမ်းမဲ့ စွာအရက်များကိုရောင်းချနေတာပါ  အဲ့ဒီအတွက်ကြောင့် စစ်သားဇနီးများမှာ စားဝတ်နေရေးမပြေမလည်  ကြပ်တည်းမူများကိုရင်ဆိုင်နေရတာပါ  ပြီးတော့  အခြားစစ်တပ်များလိုမဟုတ်ဘဲ  အဲ့ဒီစစ်တပ်မှာတော့ တော်တော်လေးကိုစည်းကမ်းမဲ့နေတာကိုတွေ့နေရပါတယ်  အခြားတပ်တွေမှာဆိုရင် ဆေးလိပ်အရက်ကင်းစင်ရေးအတွက်ဆောင်ရွှက်နေကြတာပါ အဲ့ဒီစစ်တပ်မှာတော့ အခြားတပ်များလိုမဟုတ်ပဲ  တော်တော်လေးကိုစည်းကမ်းမဲ့နေတာကိုတွေ့ရပါတယ်  အဲ့ဒီအရက်ဆိုင်တွေကို  အထပ်မှတာဝန်ရှိလူကြီးမင်းများအား စစ်ဆေးပေးစေလိုပါသည်...... အခုအကြောင်းအား    ပြောကြားသူမှာ ဧရာဝတီတိုင်း၊ကွင်းကောက်မြို့ မှ တာဝန်သိသူတစ်ဦးဖြစ်ပါသည်  ...တိုင်ကြာသူ၏ ဖုန်းနံပါတ်မှာ  0931373134  ဖြစ်ပါသည် 

>>>>>>>>>>>>>>>>>>>>>>> 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဝမ်းဘဲအင်းကျေးရွာတွင် ၁၅၀၀ိ/တန်SIM CARDS ကို လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား
သို့/
     သမ္မတကြီးဦးသိန်းစိန်
     ဆက်သွယ်ရေးဝန်ကြီးဦးသောင်းတင်
နှင့် တာဝန်ရှိ လူကြီးမင်းများ ခင်ဗျား----
     ကျွန်တော်တို့ကတော့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာမှရွာသူ/သားများ ဖြစ်ပါသည်။ ကျွန်တော်တို့သိချင်တာက
ယခုတစ်လတစ်ကြိမ် ထုတ်ပေးနေသော ၁၅၀၀ိ/တန်SIM CARDS ကို JULY,AUGUST (၂)လတွင်သာ ကျွန်တော်တို့ကျေးရွာတွင် ရရှိခဲ့ပါသည်။
ထို SIM CARD များကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရွာသူ/သားများထံသို့ မဲစနစ်ဖြင့် ထုတ်ဝေပေးခဲ့ပါသည်။ ထိုသို့ ထုတ်ဝေပေးရာ၌ ---
  *- "အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ လူကြီးမင်းများ ခွဲဝေယူပြီးမှသာ ကျန်ရှိသော SIM CARD များကို ရွာသူ/သားများထံသို့ ခွဲဝေထုတ်ပေးရမည်"
*-" SIM CARD တစ်ခုလျှင် တန်ဖိုးငွေ ၁၅၀၀ိ/ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်ဟု သိရသော်လည်း လမ်းစရိတ် ၁၀၀၀ိ/ ၁၅၀၀ိ/ ထပ်၍ကောက်ခံရမည်" ဟု သတ်မှတ်ချက်များ ထားရှိပါသလား?
ထိုသို့သတ်မှတ်ချက်များ မရှိပါက ကျွန်တော်တို့ ဝမ်းဘဲအင်းကျေးရွာ၌ လက်ရှိ ဖြစ်ပေါ်နေသော ဖုန်းကိစ္စ အား အထက်ပါလူကြီးမင်းများမှတဆင့် အမှန်အတိုင်းဖြစ်အောင် ရှင်းလင်းဆောင်ရွက်ပေးစေချင်ပါသည်။
     ရိုသေ လေးစား အားကိုးကြီးစွာဖြင့်--
     ဝမ်းဘဲအင်းကျေးရွာမှ ရွာသူ/သားများ 

>>>>>>>>>>>>>>>>>>>>>>>>>>>> 
 >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 


No comments:

Post a Comment