Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 18 August 2013

သုတ၊ ရသ By Eagle Breeze >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာ မနက်​ခင်းပါ။

မိုးလင်းလို့ လက်​ဘက်​ရည်​ဆိုင်​ထိုင်​ပြီဆိုရင်​ နားထဲမှာ အကြားရဆုံးအသံက ဘာဖြစ်​မယ်​ထင်​သလဲ။
စားပွဲဝိုင်း​ပေါင်းစုံက ထွက်​လာတဲ့ ဖုန်း ringtone သံ​ပေါင်းစုံနဲ့ ဖုန်းဆက်​သံ​တွေပဲ။

ညဖက်​​တွေဆို မြို့က​လေးရဲ့ လက်​ဘက်​ရည်​ဆိုင်​​တွေက ​မှောင်​ရိပ်​ကျတဲ့စားပွဲဝိုင်း​တွေမှာ... လူငယ်​​တွေ...။ ဖုန်းကိုယ်​စီနဲ့။
သူတို့ဆီက ထွက်​လာတဲ့ရီသံ​တွေကိုကြား​တော့ သူတို့ဘာအ​ကြောင်းအရာကို စိတ်​ဝင်​စား​နေ၊ ကြည့်​​နေသလဲလို့ ​တွေးမိတယ်​။

အင်​တာနက်​ရှိတဲ့ ဖုန်းတစ်​လုံးရှိတာနဲ့ သတင်းအချက်​အလက်​​ပေါင်းများစွာကို ရယူနိုင်​တဲ့​ခေတ်​။ ဖုန်းတစ်​လုံးရှိတာနဲ့ တစ်​ဦးနဲ့တစ်​ဦး ​ဆော့ဖ်​ဝဲ​တွေ၊ ဗီဒီယိုဖိုင်​​တွေကို မိနစ်​ပိုင်းအတွင်း ​ဝေမျှလို့ရတဲ့​ခေတ်​.....။

နည်းပညာဖွံ့ဖြိုးတိုးတက်​မှု​တွေရဲ့ ​နောက်​မှာ နည်းပညာအဆိပ်​သင့်​မှု​တွေဟာ ကျွန်​​တော်​တို့ သားသမီး​တွေအ​ပေါ်ကို ရိုက်​ခတ်​​နေပြီ။

Eagle Breeze
၁၇၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>>>>
ချစ်​​သောမြို့က​လေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၄၅ နှစ်​ရှိပါပြီ။
ချစ်​​သောမြို့က​လေးမှာ ကျွန်​​တော်​တို့ ​အေးချမ်းစွာ ​နေထိုင်​ခဲ့ကြတယ်​။
နှစ်​​ကော့တစ်​ကုန်းလမ်းမ​တွေနဲ့
ဆိုက်​ကား​တွေ စက်​ဘီး​တွေကို နှိပ်​စက်​တတ်​တဲ့ မြို့​လေး။
ငပုဆိုတဲ့ကရင်​ကြီး စပ်​​ဆော့​နေထိုင်​ခဲ့လို့
ငပု​တောဖြစ်​ရတဲ့မြို့​လေး။
နေ့လည်​​နေ့ခင်းဆို
တစ်​မြို့လုံးက လူ​တွေ တစ်​​နေရာမှာစုအိပ်​​​နေကြသလို
လမ်း​တွေ​ပေါ်မှာ တိတ်​ဆိတ်​​ခြောက်​ကပ်​ ​နေတတ်​တဲ့ မြို့က​လေး။
အစိမ်း​ရောင်​ သစ်​ပင်​​တွေမြက်​ခင်း​တွေနဲ့ အပျိုရည်​မပျက်​​သေးတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ တူတဲ့မြို့က​လေး။
အဲဒီ ကျွန်းတကာထက်​ ကျွန်းဆန်​တဲ့ မြို့က​လေး။
အင်​တာနက်​နဲ့ ဖုန်းကိုယ်​စီပွတ်​လို့
' တို့ ' ဗမာအစည်းအရုံးဝင်​ဖြစ်​ကြ ရတာ နှစ်​နှစ်​​သား​လောက်​ပဲရှိတဲ့ မြို့က​လေး။
ဘာပဲဖြစ်​ဖြစ်​ ချစ်​ရတဲ့မြို့က​လေးပါ။
ရှေးကျပြီး အ​ပြောင်းအလဲမှန်​သမျှကို ​ခေါင်းမာမာငြင်းဆန်​ခဲ့တဲ့ မြို့က​လေး။
ကျွန်းက​လေးတစ်​ကျွန်း​ပေါ်မှာ နှစ်​​ပေါင်းများစွာ အိပ်​​ပျော်​​နေတဲ့ မြို့က​လေး။
လမ်းကျဉ်းကျဉ်း၊ စိတ်​ကူး​သေး​သေး၊
အ​တွေး​နှေး​နှေးနဲ့ ​လေး​နေတဲ့ မြို့က​လေးပါ။
မနက်​ခင်း
နေမင်းလင်းပွင့်​ရင်
မြို့က​လေးရဲ့ မြို့သားဖြစ်​ရတာ ဂုဏ်​ယူ​ကျေနပ်​​နေတဲ့ရုပ်​​တွေနဲ့
လက်​ဖက်​ရည်​ဆိုင်​ကို ထွက်​ခဲ့ကြတယ်​။
အရာရာဟာ သူတို့ဘဝမှာ ​အေး​အေး​ဆေး​ဆေးပါပဲ။
လက်​ဘက်​ရည်​ခွက်​ကို​မော့​သောက်​ပုံ၊ ပုံမှန်​စား​နေကြနံပြား၊ အီကြာ​ကွေး ကို ဖဲ့ပုံ​တွေကအစ ​အေး​အေး​ဆေး​ဆေးပါ။
ချန်​ပီယံလိဂ်​အ​ကြောင်း၊
မီးမလာတဲ့အ​ကြောင်း၊
ဖွင့်​ပြီးသွားပြီးမှပြန်​ပြင်​​နေရတဲ့ တံတားကြီးအ​ကြောင်း ​လေကန်​၊ ​ဝေဖန်​ ကြလို့။
အစစအရာရာမှာ မြန်​ဆန်​တဲ့ လူသစ်​တစ်​​ယောက်​​လောက်​ဝင်​လာခဲ့ရင်​​တောင်​ အားလုံးရဲ့ ရစ်​သမ်​နဲ့ ကိုက်​ညီ​အောင်​ သူလည်း​နှေးသွားတာပါပဲ။
အော်​......ကျွန်​​တော်​လား။
မြို့သားအဖြစ်​ဂုဏ်​ယူစွာ
အေး​အေး​ဆေး​ဆေး ​လေး​လေးပါပဲ​။
အော်​ စိတ်​မဆိုးပါနဲ့။
ကျွန်​​တော်​ကိုယ်​မြင်​သလို ​ပြောတာပါ။
မိတ်​​ဆွေက ဒီမြို့သားဖြစ်​ပြီး
ကိုယ့်​ကိုကိုယ်​ တက်​ကြွဖျတ်​လတ်​သူ၊
လုံ့လဝီရိယရှိသူလို့ယူဆရင်​ လွတ်​လပ်​စွာ သ​ဘောထားကွဲလွဲ နိုင်​ပါတယ်​။
မြို့က​လေးက​တော့ ဘာတစ်​ခုမှ ခိုးလိုးခုလုမဖြစ်​ပဲ အဆင်​​ပြေ​ချော​မွေ့လို့။
အသားကျ ငြိမ်းချမ်းလို့။

Eagle Breeze
၁၇၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment