Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 20 August 2013

သုတ၊ ရသ By Eagle Breeze, aung khaing(sa lay), မှူးရှင်သန်(သစ်တောတက္ကသိုလ်) >>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာမနက်​ခင်းပါ။

တစ်​ခါတုန်းက ပင်​လယ်​ကမ်း​ခြေတစ်​ခုမှာ လူတစ်​​ယောက်​က ပင်​လယ်​​ရေကျသွားတုန်း ပြန်​မဆင်းတတ်​​တော့ပဲ  ကမ်းစပ်​မှာတင်​ကျန်​ခဲ့တဲ့ ကြယ်​ငါး​တွေကို တစ်​​ကောင်​ချင်း ပင်​လယ်​ထဲကို ပြန်​ပစ်​ချ​နေတယ်​။
ပင်​လယ်​ကမ်းစပ်​တစ်​​လျောက်​မှာ​တော့ ကြယ်​ငါး​တွေက တင်​​နေတာ အများကြီးပါ။ သူမပျင်းမရိပစ်​ချ​နေတာကိုကြည့်​ပြီး လူတစ်​​ယောက်​က​မေးတယ်​။
" ပင်​လယ်​ကမ်းစပ်​တစ်​ခုလုံး ကြယ်​ငါး​တွေပြည့်​​နေတာ။ အကုန်​လုံးပစ်​ချလို့မှ မရတာ။ လုပ်​မ​နေပါနဲ့။ မထူးပါဘူး..." တဲ့။
အဲ့ဒီ​တော့ သူက ​ကောက်​လက်​စကြယ်​ငါးတစ်​​ကောင်​ကို ​ရေထဲလှမ်းပစ်​လို​က်​ပြီး ပြန်​​ပြောလိုက်​တယ်​။
" ဒီတစ်​​ကောင်​အတွက်​​တော့ ထူးသွားတာ​ပေါ့​ဗျာ....." တဲ့။
ဟုတ်​ပါရဲ့......
ကျွန်​​တော်​တို့ လူတစ်​ဦးချင်းစီမှာ....
တစ်​ရပ်​ကွက်​ချင်းစီမှာ.....
တစ်​မြို့ချင်းစီမှာ.....
တစ်​နိုင်​ငံချင်းစီမှာ.....
ပြုပြင်​​ပြောင်းလဲရမှာ​တွေက အများကြီးပါ။ များလွန်းလို့ လက်​​လျော့​နေမယ့်​အစား တစ်​ခုထပြင်​ရင်​ အဲ့ဒီတစ်​​နေရာအတွက်​​တော့ ထူးသွားမှာဖြစ်​ပါတယ်​။

Eagle Breeze
၂၀၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>>>
  ထားခဲ့သူမဖြစ်ချင်သလို  ကျန်ခဲ့သူလဲ
မဖြစ်ချင်တဲ့ရွေးချယ်စရာမရှိတဲ့ ဘ၀မှာ
ထိန်းချုပ်ရခြင်းတွေက ကြေကွဲခြင်းနဲ့ 
အဆုံးသတ်ရတော့တယ်  တစ်ခါတလေ
ထိန်ုးချုပ်ရလွန်းတဲ့ စိတ်ကိုလွှတ်ချလိုက်
တာနဲ့  ပါးပြင်ပေါ်ကပူနွေးစိုစွတ်မှုကို
မတားဆီးနိုင်ခဲ့ဘူး သတိရတိုင်းလွမ်းနေ
တတ်တဲ့နှလုံးသားကိုအက်စစ်ပြင်းထဲ
ထည့်စိမ်ထားရင်တောင် အဲဒီနှလုံးသားက
မင်းအတွက်ရင်ခုန်လွမ်းနေဦးမှာပါ
ငါ့ထံရောက်မလာနိုင်တော့တဲ့မင်းရဲ့ကြင်
နာခြင်းတွေကိုနာကြည်းစွာ မျှော်လင့်ရင်း
ညရဲ့တိမ်စိုင်ပေါ်မှာမျောလွင့်နေတဲ့ အမှတ်
မရှိတဲ့အသဲ အကြောင်းမင်းသိစေချင်
တယ်  မင်းနဲ့ ကိုယ်ကြယ်ပွင့်တွေ
ခူးစွတ်လို့ တဲ့  သံယောဇဉ်ဆိုတာတင်း
လာပြီးမှ ပြတ်သွားခဲ့ရင်နှလုံးသည်းအိမ်
မှာပြင်းထန်စွာရိုက်နှက်ခံထားရသလို
အထပ်ထပ်နာကျင်နေဆဲပါလေ......

                    aung khaing(sa lay)
>>>>>>>>>>>>>>>>>>>>>>>>>>>>>
"အလွမ်း"
ငါတို့အတူ ပျော်ခဲ့တာတွေ
ငါတို့အတူ ရန်ဖြစ်ခဲ့တာတွေ
ငါတို့အတူ ပြန်ချစ်ခဲ့တာတွေ
အဲဒီ အချိန်တွေကို ပြန်တမ်းတမိတယ်…
နင့်အတွက့်အချစ်တွေကို မပေးခဲ့တဲ့ငါဟာ
အခုတော့နောင်တရနေပါပြီ
 ငါနဲ့ အဝေးဆုံးတစ်နေရာကို နင်ထွက်သွားတော့မှ
 နင့်ကိုပိုပြီးတန်ဖိုးထားတတ်လာတယ်
ငါသေချာသိလိုက် ရတာက
 ငါနဲ့နှလုံးသားချင်းအနီးဆုံးလူဟာ နင်ပဲဆိုတာကိုပါ
 တကယ်တော့ အချစ်ဆိုတဲ့အရာရဲ့ နောက်မှာအလွမ်းဆိုတာ ရှိနေခဲ့မှန်း
ုငါအခုမှသိလိုက်ရတာပါ
ချိုသာတဲ့နင့်ရဲ့ စကားသံတွေ
လှပတဲ့နင့်ရဲ့အပြုံး တွေကို ငါအရမ်းလွမ်းတယ်
 နင်ပြန်လာမယ့် အချိန်ကို အလွမ်းတွေနဲ့စောင့်နေတယ်
 ကောင်မလေးရယ်…
မှူးရှင်သန်(သစ်တောတက္ကသိုလ်)
7.thinkta@gmail.com
>>>>>>>>>>>>>>>>
"လွမ်းနေရုံလေး"
ငါ့ကိုပစ်သွားခဲ့တဲ့နင့်ကို လွမ်းတယ်
 အကြာင်းတစ်ခုခု တိုက်ဆိုင်တော့လည်းနင့်ကို လွမ်းတယ်
 နင်နဲ့ပတ်သတ်တဲ့အရာတွေကိုလည်း လွမ်းနေမိတယ်
နာရီတွေ ရာသီတွေ တရွေ့ ရွေ့ပြောင်းလဲ ခဲ့ပေမယ့်
နင့်ကို လွမ်းတဲ့စိတ်ကတော့ မပြောင်းလဲ ခဲ့ဘူး
 တကယ်တော့ ငါ့အဖြစ်ငါ့ဘဝက လွမ်းနေရုံလေးသာ…
မှူးရှင်သန်(သစ်တောတက္ကသိုလ)်
>>>>>>>>>>>>>>>>>>>>
"နောက်ဆုံးတော့လည်း"
အကြည့်မှာ…ငြိတွယ်
အပြုံးမှာ…သာယာ
 အချစ်မှာ…ရင်ခုန်
အနမ်းမှာ…ခံစား
အထိအတွေ့မှာ…ရင်ဖို
ဒါပေမယ့်…နောက်ဆုံးတော့လည်း…???
 မုးရှင်သန်(သစ်တောတက္ကသိုလ်)
>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment