Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 7 August 2013

HWH ဥုံ ပရိတ်သတ်များသို့ အကူအညီတောင်းခံခြင်း အရမ်းအရေးကြီးပါသည် အနာဂါတ် သတင်းမှန်များဖတ်ချင်ရင်


HWH ဥုံ ပရိတ်သတ်များခင်ဗျာ ယခုအခါ ကျတော်တို့အားလုံးရဲ့ နေ့စဉ် ဘ၀ လူနေမှု၊ စီးပွားရေး၊ ပညာရေး အကျိုးစီးပွားတို့တွင် တိုက်ရိုက် ထိခိုက်နစ်နာမှုများ၊ လူထုခံစားနေရသည့် နစ်နာမှုများ၊ အာဏာပိုင်အချို့၏ မတရားအနိုင်ကျင့်မှုများကို  ဖော်ပြနေသည့် ကျွန်ုပ်တို့ မီဒီယာများအား ပိတ်ဆို့ အရေးယူရန် ခေတ်နောက်ပြန်ဆွဲရန် ပြန်ကြားရေး ၀န်ကြီးဋ္ဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား ကန့်ကွက်ရန် အထူးလိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ  HWH ဥုံ ပရိတ်သတ်များအနေဖြင့် မိမိတို့၏ အနာဂါတ်ဘ၀ နောင်လာနောင်သားများအတွက် ပွင့်လင်းမြင်သာသော အခွင့်အလမ်းကောင်းများရရှိစေရန် မျက်စိပိတ် နားပိတ်ဘ၀ ပြန်မရောက်စေရန် အလို့ငှာမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲပြီးလွှတ်တော်တင်ရန် ပြင်ဆင်လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကို ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်အဖြစ် အတည်ပြုနိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စေရန်” ထောက်ခံမှု လက်မှတ်များထိုးပေးရန်၊ ကောက်ခံပေးရန်၊ စုဆောင်းပေးရန်
HWH ဥုံ Admin မှ အထူးမေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထောက်ခံမူလက်မှတ်ထိုးပေးလိုသူများ ကောက်ခံပေးလိုသူများ၊ စုဆောင်းပေးလိုသူများ အနေဖြင့် အောက်ဆုံးရှိ ပုံ ဇယားများအတိုင်းရေးဆွဲကာ( Computer သို့ လက်ဖြင့်ဆွဲ)
စုပေါင်းလက်မှတ်များကို မြန်မာဂျာနယ်လစ်ကွန်ရက် အမှတ်(၁၈၁)၊ ဒုတိယထပ်(B)၊ ၃၆လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း>၀၉၄၄၈၀၁၅၃၃၅ (သို့) ဦးမြင့်ကျော်-၀၉၅၁၃၈၄၆၀ သို့ဆက်သွယ်ကာ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှု လက်မှတ်ကောက်ခံရန် အသိပေးကြေညာခြင်း 

ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၄ ရက်နေ့တွင် အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် အချက်များ ပါဝင်နေခြင်း၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ဖိအားပေးနေခြင်းတို့သည် မြန်မာသတင်းမီဒီယာ လောကအတွက် နောက်ပြန်ဆွဲသည့် ခြေလှမ်းများဖြစ်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ယုံကြည်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲပြီးလွှတ်တော်တင်ရန် ပြင်ဆင်လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကိုလည်း ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်အဖြစ် အတည်ပြုနိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စေရန် မီဒီယာသမားများနှင့် ပြည်သူလူထု၏ ဆန္ဒလက်မှတ်များကောက်ယူပြီး ပေးပို့သွားရန် ဆုံးဖြတ်ထားပါသည်။ 

သတင်းမီဒီယာလွတ်လပ်ခွင့်သည် သတင်းမီဒီယာသမားများ အကျိုးအတွက် သက်သက်သာမဟုတ်ပဲ ပြည်သူလူထုအားလုံး၏ နေ့စဉ် ဘ၀အတွက်လည်း အရေးပါ၍ တိုက်ရိုက်သက်ဆိုင်လျှက်ရှိသည်။ သတင်းအချက်အလက်မှန်များ မရရှိပါက ပြည်သူလူထု၏ လူနေမှု၊ စီးပွားရေး၊ ပညာရေး အကျိုးစီးပွားတို့တွင် တိုက်ရိုက် ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်သည်။ 
သတင်းမီဒီယာ အထိုက်အလျောက်လွတ်လပ်မှုရရှိခဲ့သည့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လူထုခံစားနေရသည့် နစ်နာမှုများ၊ အာဏာပိုင်အချို့၏ မတရားအနိုင်ကျင့်မှုများကို သတင်းမီဒီယာတွင် ဖေါ်ပြနိုင်ခဲ့ခြင်းကြောင့် သက်သာရာရခဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည့် သာဓကများမှာ မီဒီယာလွတ်လပ်ခွင့် နှင့် ပြည်သူလူထုတိုက်ရိုက်သက်ဆိုင်မှု ရှိသည့်အချက်ကို ထင်ရှားစေခဲ့ပြီဖြစ်သည်။ 

ထို့ကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာ ဥပဒေထွက်ပေါ်လာရေးအတွက် လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ 
ထို့သို့လုပ်ဆောင်ရာတွင် သတင်းမီဒီယာ သမားများသာမကပဲ ပြည်သူလူထုပါ ပါဝင်လာအောင် ရှင်းပြပြီးထောက်ခံမှု ရယူသွားရန်ရှိပါသည်။ 
ယခုလှုပ်ရှားမှုတွင် မြန်မာဂျာနယ်လစ်ကွန်ရက်နှင့်အတူ အခြားသတင်းစာဆရာအဖွဲ့အစည်း ၂ ခုဖြစ်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းနှင့် မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂ တို့မှလည်း လက်တွဲပါဝင်လုပ်ဆောင်ကြပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာ သမဂ္ဂ
လွတ်လပ်သည့် မီဒီယာဥပဒေပေါ်ထွက်ရေးအတွက် သဘောထားဆန္ဒလက်မှတ်များ

စဉ်
အမည်
မှတ်ပုံတင်အမှတ်
အလုပ်အကိုင်/အဖွဲ့အစည်း
လတ်မှတ်












































No comments:

Post a Comment