Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 1 August 2013

ဧရာဝတီတိုင်းဒေသကြီး အ.ထ.က-၆ ပုသိမ်မြို့မှ ခရိုင်ပညာရေးမူး၏ အကြီးအကျယ်လာဘ်စားမူ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့ အ.ထ.က-၆ တွင် ၁-၈-၂၀၁၃ နေ့လယ် ၁၂း၃၀တွင် ပုသိမ်ခရိုင်ညာရေးမူးမှ  ကျောင်းသူ/သား များ၏ အတန်း တန်းခွဲများ( A,B.C,D…..)ကို အရည်အချင်းထက် မိမိအားပေးကမ်းသည့် လာဘ်ပေးကမ်းမူပေါ်မူတည်ကာ အခန်းခွဲ စာရင်း ထုတ်ပြန်ခဲ့သည်။ ပညာထူးချွန်သော်လည်း ခေတ်ကာလ အပြောင်းအလဲပေါ် ယုံကြည်၍ လာဘ်မထိုးသော၊ ငွေကြေးချို့တဲ့သော မိဘအချို့မှာ ယင်းကိစ္စအား ထိရောက်စွာ အရေးယူပေးရန် မျှော်လင့်နေကြသည်။ အ.ထ.က-၆သည် ပုသိမ်မြို့တွင် တိုင်းဂုဏ်ဆောင် ကျောင်းတစ်ကျောင်းဖြစ်သည့်အပြင် ကြေးရတတ် သားသမီးအများစုသာ နေနိုင်သော ကျောင်း၁ကျောင်းဖြစ်သည်။ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော်၌ ယခု သာသနာရေးဝန်ကြီးဖြစ်နေသော ဦးဆန်းဆင့် ဥက္ကဌ တာဝန်ယူစဉ်ကပင် တိုင်းဒေသကြီးအစိုးရသို့ တရားစွဲရသည်အထိ အကျင့်ပျက် ခြစားမူ များခဲ့သည်။ ထိုသို့ တရားစွဲဆိုရဲသည့် ဦးဆန်းဆင့်ကို တိုင်းဒေသကြီးအစိုးရမှ သာသနာရေးဝန်ကြီးဖြစ်အောင် ဧရာဝတီတိုင်းအတွင်းမှ ပယ်ပျောက်အောင် အထက်နှင့် ပူးပေါင်းသည်ဟု မြို့ခံများက ထင်မြင်နေကြသည်။ ယခု တိုင်းဒေသကြီးလွှတ်တော်မှာ ယခင်လောင် သက်ဝင်မူမရှိတော့ဘဲ တခါက သတင်းမယူရသည့် ပြဿနာပင် ဖြစ်ခဲ့သည်။ မကြာခင်လက ကျင်းပခဲ့သည့် NGOများနှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲသည်လည်း ရုပ်ပြကောင်းအောင်းလုပ်သော ပွဲတခုအဖြစ် ဝေဖန်သံများထွက်ခဲ့သည်။ ယခုပြဿနာသည်လည်း ထိရောက်သည့် သာဓက တစ်ခုဖြစ်ကြောင်း ၅တန်း Dအခန်းသာ ရရှိခဲ့သော မိဘတစ်ဦးမှ “ကျမ သားလေးက စာတော်တယ် ။ ကျမက ခေတ်ကာလ အပြောင်းအလဲပေါ် ယုံလို့ ၁လလောက်ထဲက တချို့ မိဘတွေ လာဘ်ထိုးလည်း ကျမ မကြိုးစားခဲ့ဘူး။ ခု Resultထွက်လာတော့ တော်တော်မကျေနပ် ဖြစ်သွားတယ်။ ကျမသား အရည်အချင်းသိလို့ အဖြေလွှာ သွားတောင်းတော့လည်း ထုတ်မပြဘူး။ ဒီတော့ သေချာနေပြီ သူတို့ အကျင့်ပျက်ချစားနေတာတွေ”ဟုပြောပြခဲ့သည်။

ပုသိမ်သား
>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment