Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 25 August 2013

ပညာရေးကဏ္ဍ ပြောင်းလဲရေး ဆွေးနွေးခန်း By Mr.Zuma Kelvin >>> >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ယနေ့မြန်မာနိုင်ငံရဲ့ပညာရေးဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် အတော်လေး
ကိုနိမ့်ကျနေသေးတယ်ဆိုတာ အားလုံးအသိပါပဲ..
ဒီလိုနိမ့်ကျနေတာနဲ့ ပတ်သက်လို့ လတ်တလောမှာ တွေ့မြင်နေရတဲ့ အားနည်းချက်ကလေးတွေကို အပြုသဘောဆောင်ပြီး နိုင်ငံတော်တာဝန်ရှိသူများကို ဆွေးနွေးလိုပါတယ်

(၁)ပညာသင်နှစ် တစ်နှစ်အတွက် အားနည်းအားသာနဲ့ ပြုပြင်ပြောင်းလဲရေး ဖြည့်စွက်ဆောင်ရွက်ရေးတို့အတွက် အမျိုးသားပညာရည် မြင့်မားရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရန် ပညာရေးနှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ရာမှာ အထက်မှချမှတ်အတည်ပြုပြီးသော လုပ်ငန်းမူများအား အောက်သို့အဆင့်ဆင့် ရှင်းလင်းစေခြင်းမှသည် အောက်ခြေလုပ်ငန်းခွင်မှသည် အထက်သို့ အဆင့်ဆင့်တင်ပြဆွေးနွေးကာ ဗဟိုမှလိုအပ်သလို ကောက်ချက်ချပြန်လည်ဆွေးနွေးပြီး အတည်ပြုထုတ်ပြန်ပေးခြင်းပုံစံသို့ ပြောင်းလဲပေးသင့်ပါတယ်

(၂)လက်ရှိ ပညာရေးဌာနရဲ့ဆောင်ရွက်နေမှုများအရ လုပ်ငန်းဆောင်ရွက်အကောင်အထည်ဖော်ဆောင်မှုအပိုင်းတွင် အမှန်တစ်ကယ် လိုအပ်ချက်အရဆောင်ရွက်ရသည်ထက် မလိုအပ်ဘဲ အချိန်ကုန်ခံပြီး ဆောင်ရွက်နေရသော စာရင်းဇယားများအား လျှော့ချပစ်သင့်ပါတယ်  ဒါမှသာအပိုအလုပ်တွေအတွက် အချိန်ကုန်သက်သာပြီး လုပ်ငန်းခွင်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပြီး on paper ကြီးစိုးမှု ကျဆင်းလာမှာဖြစ်ပါတယ်

(၃)ပညာရေးဌာနရဲ့ အကြီးအကဲတာဝန်ရှိသူ တစ်ဦးဦး အပြောင်းအလဲဖြစ်တိုင်း ယခင်စာရင်းများကိုပဲ ပုံစံအမျိုးမျိုးဖြင့် အဆင့်ဆင့် ပြုစုဆောင်ရွက်စေသောကြောင့် မလိုလားအပ်ဘဲ အချိန်ကုန်ရခြင်း ငွေကြေးကုန်ကျမှုရှိခြင်းတို့ ဖြစ်နိုင်ပါတယ် ဒါကြောင့် တာဝန်ရှိသူ တစ်ဦးဦးပြောင်းလဲသော်လည်း ပြောင်းလဲခြင်းမရှိသော စာရင်းပုံစံများအား ဆက်လက်ထိန်းသိမ်းထားရှိစေပြီး ထပ်မံတာဝန်ယူသူအား လက်ဆင့်ကမ်းစေခြင်းဖြင့် မလိုလား
အပ်ဘဲ အချိန်ကုန်ခြင်း ငွေကြေးကုန်ကျမှုရှိခြင်းတို့ကို လျော့ချပစ်နိုင်မှာ ဖြစ်ပါတယ်
ယခုဆွေးနွေးချက်များမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် မြန်မာ့ပညာရေးတိုးတက်မှုဖော်ဆောင်ရာ၌ နိုင်ငံတော်တာဝန်ရှိသူများ သတိပြုစေလိုသဖြင့် အပြုသဘောဆောင် ဆွေးနွေးမှုများသာဖြစ်ပါသည်
Mr.Zuma Kelvin
zumacanada@gmail.com
Canada, Kansas

ဆက်စပ် သတင်း>>> မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာညီလာခံသို့ 
                            https://www.facebook.com/NNER.mmr

>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

 

No comments:

Post a Comment