Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 22 August 2013

သုတ၊ ရသ By Eagle Breeze >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာ မနက်​ခင်းပါ။
တစ်​မိုး​သောက်​ခဲ့ပြန်​ပြီ။
နေ့ရဲ့ အလင်း​ရောင်​​အောက်​မှာ ​ညကလင်းလက်​ခဲ့တဲ့ ​ကောင်းကင်​​ပေါ်ကကြယ်​​တွေ ခဏတာ​တော့ ​ပျောက်​ကွယ်​သွားပါပြီ။
မမြင်​ရ​တော့​ပေမယ့်​လည်း ကြယ်​​တွေက​တော့ ရှိ​နေတာ အ​သေအချာပါ။
ကြယ်​​တွေ.....ကြယ်​​တွေ....။
တစ်​ချို့ မှိတ်​တုတ်​မှိတ်​တုတ်​....
တစ်​ချို့ လင်းလင်းလက်​လက်​....
တစ်​ချို့ ​တောက်​​တောက်​ပပ.....။
တစ်​ချို့များဆို ​ကြွေကျပြီးတာ​တောင်​ ​လောကဝန်းကျင်​မှာ ပြိုးပြက်​ဝင်းပ​နေတုန်း။
တစ်​ချို့ တစ်​မြို့စာလင်းခဲ့တယ်​။
တစ်​ချို့ တစ်​နိုင်​ငံစာလင်းခဲ့တယ်​။
တစ်​ချို့ တစ်​ကမ္ဘာလုံးစာလင်းခဲ့တယ်။
စာ​ပေနယ်​က ကြယ်​​တွေ
နိုင်​ငံ​ရေးနယ်​က ကြယ်​​တွေ
သိပ္ပံနယ်​က ကြယ်​​တွေ.....ကျွန်​​တော်​တို့ လက်​ရှိခံစား​နေတဲ့ သာယာတဲ့​နေ့ရက်​များအတွက်​ ​ကြွေ​နေ၊ ​ဝေ​နေ၊ ထာဝရလင်း​နေမယ့်​ ကြယ်​​တွေကို ဦးညွှတ်​ကြရ​ပါလိမ့်​မယ်​။
အော်​ ....တစ်​​နေ့လောက်​​တော့
တပည့်​​တွေကို ထင်​ရှားတဲ့ကြယ်​​တွေမှာ ကိုယ်​ပိုင်​အမည်​​တွေရှိ​တဲ့အ​ကြောင်း ​ပြောပြရင်း သူတို့အမည်​နဲ့ ကြယ်​တစ်​လုံးကိုလည်း ကမ္ဘာ​မြေကြီး​ပေါ်မှာ ကျန်​ခဲ့​စေချင်​တဲ့ဆန္ဒ ရှိမရှိ​မေးရပါဦးမယ်​။
Eagle Breeze
၂၂၊ ၈၊ ၂၀၁၃

>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment