Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 30 August 2013

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာ တောင်သူများ ဒုက္ခ ။ ဧရာတီတိုင်းဒေသကြီး မဲဇလီကုန်းအကြောင်း..။ ပြည်သူတစ်ဦး ရဲ့ ရင်ဖွင့်သံ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာ တောင်သူများ ဒုက္ခ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်မအူတောအုပ်စုနဲ့မြွေရိုးအုပ်စု မိန်းမရဲရွာဒေသခံတောင်သူတွေဟာ နှစ်စဉ်ရေရရှိမှုနောက်ကျတာကြောင့် စပါးစိုက်ရတာနောက်ကျတဲ့အပြင်ဆည်ရေ မရတော့အောင်မြင်မှုနည်းပါတယ် မြောက်နဝင်းဆည်နဲ့ ကန်ကြီးကုန်းဆည်တွေရှိပေမယ့်တစ်ခါမှ ရေမပေးဝေပါဘူးတစ်ခြားအုပ်စုတွေမှာ နွေစပါးမိုးစပါးနှစ်စဉ်ရနေတော့ တောင်သူတွေအဆင်ပြေပေမယ့် ကျွန်တော်တို့အုပ်စုက မိုးစပါးတောင်မအောင်မြင်တော့ တောင်သူတွေအကြွေးတင်တာများလာလို့ ပုဂ္ဂလိကကုမ္ပဏီတွေ/သူဌေးတွေကို လယ်တွေရောင်းကြွေးဆပ်ပြီး တောင်သူဘဝကနေ အလုပ်သမားလယ်ကူလီဘဝရောက်ကုန်ပါပြီ ဒီလိုသာဆက်သွားနေရင် ဒုက္ခ တောမှာနစ်သထက်နစ်လာတော့မှာပါ မနှစ်ကဆိုမိုးခေါင်ပြီးဆည်ရေမရတဲ့အပြင် လယ်သမားတွေစုပြီးဆည်ထားတဲ့ ရေဆည်ကနေဦးထိုင်ထိုင်ရဲ့လယ်ကွင်းအတွက် ဘွိုင်လာနဲ့စုပ်ယူခဲ့လို့ တောင်သူ၅၀ကျော်နစ်နာခဲ့တာကို နေပြည်တော်ထိတင်ပြခဲံ့ပေမယ့်မထူးခြားခဲ့ပါဘူး ဒါကြောင့်လယ်သမားတွေရဲ့ဒုက္ခတွေကို တာဝန်ရှိသူတွေသိပြီး ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ

ဒေသခံတောင်သူများ      
>>>>>>>>>>>>>>>>>>>>>>>>>>> 
ဧရာတီတိုင်းဒေသကြီး မဲဇလီကုန်းအကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဧရာတီတိုင်းဒေသကြီး အဂ်ပူမြို့နယ် မဲဇလကုန်းဒေသသည်အမြတ်တော်ခွန်နှင့် စည်ပင်ခွန်ထမ်းဆောင်ရပြီး ဒီနှစ်တွင် စည်ပင်ဌာနမှ လမ်းကတ်တရာ(၂၁၁၅)ပေလာရောက်ခင်းပေးပါသည်။လမ်းခင်းရာတွင် အဂ်ပူတွင်ခင်းသောစံချိန်စညွှန်းနှင့် အရမ်းကွာခြားပြီး လမ်းကြိတ်စက်များသွားလို့ ဂုံးများကြိုးပေါက်သည်ကိုမပြုမပြင်ထားခဲ့ပါသဖြင့် ရဟန်းရှင်လူ ကျောင်းသားကျောင်းသူအများ ခဏခဏလဲပြိုပြီး အခက်အခဲတွေ့နေရပါကြောင်း။
Best regards,ဆန်းညွန့်ဦး ၁၄/အဂပနိုင်(၀၆၂၉၀၇)မှပေးပို့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ပြည်သူတစ်ဦး ရဲ့ ရင်ဖွင့်သံ
။။။။။။။။။။။။။။။။။။။။။။။။။။။
အာရှ နဲ့ နိုင်ငံတကာမှာ ဖွံ့ဖြိုးလာတဲ့ တို့မြန်မာအတွက် ဂုဏ်ယူမိပါတယ်။လမ်းပမ်း ဆက်သွယ်ရေးတွေ တိုးတတ်လာပေမယ့် လခ နည်းနည်းနဲ့ အလုပ်လုပ်ရတဲ့ ငါတို့ရဲ့ ဘဝတွေ ရာထူးဂုဏ် နဲ့ လာဘ်စားတဲ့ အာဏာရှင်တွေ
အောက် ငွေဂုဏ်မောက် တစ်ကိုယ်ကောင်းဆန်
တဲ့ အရင်းရှင်တွေကြား ဘယ်တော့များ လွတ်
်မြောက်နိုင်ပါ့မလဲ.....။ရှိစုမဲ့စုလေးနဲ့ ကိုယ်ပိုင်စီး
ပွားရေး လုပ်ဖို့လည်း တို့နိုင်ငံမှာက ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေ
တယ်လေ၊၊အမျိုးဂုဏ် မြှင့်ဖို့အတွက် အောက်ခြေ
သိမ်း လူတန်းစားတွေကို ရှင်းမယ်ဆိုတော့လည်း
နိုင်ငံရဲ့ ၆ဝ%လောက်တော့ လျော့ကျသွားမယ်
ထင်ပါရဲ့၊၊မျိုးချစ်စိတ် တက်ကြွနေသူတွေ ၊ အမျိုးဂုဏ် ဖျက်မယ့်သူတွေကြား ကြားလူတွေလည်း ဓားစာခံဖြစ်ရတယ်။နိုင်ငံ့
ရတနာ ကျောင်းသားလေးတွေ အဆိပ်သင့်နိုင်တဲ့ တရုတ်ဖြစ်မုန့်တွေ စားကြတယ်ဆိုပဲ။ဆရာမတွေ
လည်း အပြစ်မပြောလိုပါဘူး ကျူရှင်လခတွေက
တော့ ဈေးကြီးတယ်။ဒီရက်ထဲမှာ အမဲသားတွေ
အရိုးပျော့ဆေး ထိုးထားတာ ကြားမိတယ် တော်
ပါသေးရဲ့ အမဲသားရှောင်ထားလို့.....။မခံချင်စိတ်
နဲ့မျိုးချစ်သွေးကြွတိုင်း ဒုန်းဒိုင်းကြဲရလျင်ဖြင့် ကြား
ထဲက မြေစာပင်တွေ ပြားသွားမှာ သနားတယ်။
အဆင်မပြေတာတွေ များပေမယ့် ဒို့အေ၇းလည်း
မအော်ချင်ပါဘူး ကိုယ့်နိုင်ငံအတွက် ကိုယ့်လူမျိုး
တွေက ကောင်းမှရ မှာလေ၊၊
သေချာတာက တို့လူမျိုးတွေ စိတ်ဓာတ်မြင့်ဖို့
တို့ခေါင်းဆောင်တွေ စံပြကောင်းစေချင်ပါတယ်။
           ----------------------------
                                 ဝါဆိုဝသန်(ထားဝယ်)
-------------------------------------------
www.facebook.com/sarkhu.ra
ladycute53@gmail.com
-------------------------------------------
>>>>>>>>>>>>>>>>>>>>>>>>>>>>>> 


No comments:

Post a Comment