Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 17 August 2013

အိမ်​ကထွက်​လာရင်း နှင်းဆီနီနီစာ​ပေကိုဝင်​ပြီး ​မေးခွန်း​ဟောင်းစာအုပ်​ဝင်​ဝယ်​တယ်​။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာ မနက်​ခင်းပါ။
အိမ်​ကထွက်​လာရင်း နှင်းဆီနီနီစာ​ပေကိုဝင်​ပြီး ​မေးခွန်း​ဟောင်းစာအုပ်​ဝင်​ဝယ်​တယ်​။ ဆိုင်​ရှင်​နဲ့ စကားလက်​ဆုံကြရင်း သူက စာအုပ်​ဆိုင်​လုပ်​ငန်း ရပ်​ရ​တော့ဖို့အ​ခြေအ​နေဖြစ်​​နေ ​ကြောင်း ​ပြောပါတယ်​။ ဆိုင်​ထဲ ကြည့်​လိုက်​​တော့... ဟုတ်​ပါရဲ့။ ဟိုတုန်းက လစဉ်​ထုတ်​မဂ္ဂဇင်းစုံ၊ ဝတ္ထု၊ ကာတွန်း အစုံအလင်​ ​ဝေ​ဝေဆာဆာ။ အခု​တော့ စာအုပ်​ဆိုင်​​ခေါ်နိုင်​ရုံ​လောက်​ပဲ။ စာအုပ်​ကအဖြစ်​ပဲ ရှိ​တော့တယ်​။
၁၉၉၀ တဝိုက်​က....
ကျွန်​​တော်​တို့ စာအရမ်းဖတ်​ချိန်​၊ က​​​​​​ဗျာ အသည်းအသန်​​ရေးချိန်​။ ကမ္ဘာ့စာ​ပေ မြန်​မာ့စာ​ပေ။
များလိုက်​တဲ့ ရသစာ​ပေ...။ ဒီစာ​ပေ​တွေရဲ့ ​ကျေးဇူးတရားနဲ့ ကျွန်​​တော်​တို့ယဉ်​​ကျေးမှု​တွေ လူလား​မြောက်​ခဲ့ရတယ်​။
ဘဝအ​ပေါ် မှန်​မှန်​ကန်​ကန်​ ရှုမြင်​သုံးသပ်​တတ်​ခဲ့တယ်​။
ခု​တော့ စာအုပ်​ဆိုင်​များလည်း ရသစာ​ပေရှားပြီ။ ဖတ်​သူအကြိုက်​ ​ခေတ်​အလိုက်​။ ဒီလိုမှ သူတို့လည်းရပ်​တည်​နိုင်​မှာ​လေ။
ဟိုးတုန်းက မိုး​ဝေ၊ ရှုမဝတို့လို့ စာ​ပေအဆင့်​အတန်းမှီ မဂ္ဂဇင်းတွေမရှိ​တော့...။
စာ​ကောင်း​ပေမွန်​ဖတ်​တဲ့ ပရိတ်​သတ်​လည်း နည်းကုန်​ပြီ။
မနက်​က
သား​တော်​​မောင်​က စာအုပ်​တစ်​အုပ်​ကို သည်းသည်းမည်းမည်းဖတ်​​နေလို့ ယူကြည့်​လိုက်​​တော့ တကယ့်​စုန်းတ​စ္ဆေဝတ္ထုဗျ.....။
အင်း​လေ...ဘာထူးလို့လဲ။ ကျွန်​​တော်​လည်း အခုလက်​ဘက်​ရည်​ဆိုင်​​ရောက်​ရင်​ HWH ( ဥုံ ) ကိုဖွင့်​ပြီး သတင်းဖတ်​​ကျေနပ်​​နေတတ်​ခဲ့တာကြာပြီပဲ။ စာအုပ်​စင်​​ပေါ်က ဆရာမြသန်းတင့်​ရဲ့ သံ​ချောင်း၊ ဆရာနိုင်​ဝင်း​ဆွေ​ရဲ့ မသိန်းရှင်​တို့ကို ​မေ့​နေခဲ့တာကြာပါပ​ကော။
Eagle Breeze
၁၆၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>> 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍသို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment