မြန်မာတို့ရဲ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေထဲက
ချစ်စရာကောင်းလွန်းလှတဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲက
ဝါခေါင်လမှာကျင်းပလေ့ရှိတဲ့
စာရေးတံမဲပွဲဟာဆိုရင်လဲတစ်ခုအပါဝင်ဖြစ်ပါတယ်။
၂၁.၈.၂၀၁၃ ရက်ဝါခေါင်လပြည့်နေ့မှာ
စာရေးတံမဲပွဲကို မြန်မာတစ်နိုင်ငံလုံးမှာပြုလုပ်လေ့ရှိကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးကောလင်း မြို့
မြောက်အင်းရပ်ကွက်အတွင်းမှာရှိတဲ့
ပြည်ခိုင်ဖြိုးပါတီရပ်ကွက်ရုံးမှာစာရေးတံမဲ ပေါက်တဲ့
သံဃာသုံးပါးကိုဆွမ်းနဲ့လှူဖွယ် ပစ္စည်းတွေဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော်သံဃာတော်များမှချီးမြှင့်တဲ့
ရှစ်ပါးသီလနဲ့ပရိတ်တရားတော်တွေကိုလည်း နာယူကြည်ညိုခဲ့ကြပါတယ်။
အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့
မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်သန်းဦးနဲ့မြို့နယ်အမှုဆောင်များ
ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။
မြောက်အင်းရပ်ကွက်မှရပ်မိ/ဖတွေပါတက်ရောက်
ခဲ့လို့ပျော်ရွှင်ဖွယ်အလှူလေးတစ်ခုဖြစ်ခဲ့ရပါတယ်။
ဤကောင်းမှုနဲ့ဆက်စပ်သမျှသတ္တ၀ါမရွေးအမျှပေးဝေပါတယ်.....
နတ်လူသတ္တ၀ါအားလုံးသာဓုခေါ်နိုင်ကြပါ စေ.......
ကောလင်း.....ကိုကိုထွန်း
tunminaung13@gmail.com
>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:
Post a Comment