မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊၀မ်းတွင်းမြို့နယ်၊
ရွှဲသီးကျေးရွာအုပ်စုရွှဲသီးကျေး
ငွေမကောက်နဲ့မတားပါဖူး။နိုင်ငံတော်မှအကြီူးအကဲများကဘယ်နည်းနဲ့မှငွေမကောက်ပါနဲ့လို့
နိုင်ငံတော်မူဝါဒချမှတ်ထားတယ်လို့သိရှိထားပါတယ်။ကျေးရွာဆေးခန်းဆောက်ရန်အကြောင်း
ပြပါတယ်။သဒ္ဒါသလောက်ထည့်ဝင်ပါလို့မဆိုပါပဲဇွတ်အတင်းအဓမ္မလော်စပီကာနဲ့အော်ပြီးအ
ကြွေးတောင်းသလိုတောင်းပြီးကောက်ခံနေပါတယ်။ဦးလှဆန်းမှလော်စပီကာနဲ့အော်ပြီး
တောင်းလို့မမြင့်ဌေးနဲ့မောင်ဖြစ်သူကိုခိုင်စိုးလင်းတို့မှအရှက်ရသည်ဆိုကာစကားများကြရ
ပါတယ်။အရှက်တကွဲဖြစ်ရပါတယ်။ဆေးခန်းကြေးငွေမထည့်ဝင်ရင်တယ်လီဖုန်းဆင်းကဒ်မဲမ
နှိုက်ရဖူး။ရွာဦးကျောင်းဆရာတော်မှသာရေးနာရေးသပိတ်မှောက်မယ်စတဲ့စကားလုံများနဲ့
ချိန်းခြောက်တောင်းနေပါတယ်။
မိုးရွာခဲ့ပါတယ်။နှမ်းမိုးပဲဆိုပြီးနှမ်းကြဲလိုက်တာမျိုးဆုံးထွန်စားရိတ်ရှုံးရပါတယ်။ခုချိန်အထိမိုးမ
ရွာသေးပါဖူး။သီးနှံမရလို့ပူနေရတဲ့အထဲတပူပေါ်နှစ်ပူဆင့်ဆိုသလိုဆေးခန်းကြေးငွေကောက်
ခံနေပါတယ်။မြစ်ရေတင်စီမံကိန်း။စမုံဆည်ရေပေးဝေရေးမြောင်းတွေတူးလို့လယ်ယာတွေဆုံး
ရှုံးနေရပေမဲ့ရေကတော့မြေတူးလို့မြောင်းဖြစ်တာပဲအဖတ်တင်ပါတယ်ရေတစက်မှမလာပါဖူး
မိုးကောင်းရေသောက်မိုးခေါင်နေတော့တောင်သူတွေဒုက္ခရောက်ကြရပါတယ်။ခုလိုအချိန်မှ
ဆေးခန်းဆောက်မယ်တစ်အိမ်ထောင်ငါးထောင်ထည့်ရမယ်ဆိုလာတဲ့အခါရှက်လို့ကြောက်
လို့ချေးငှားထည့်နေရတယ်လို့သတင်းရရှိပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ်
အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင်
ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
>>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
No comments:
Post a Comment