Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 23 August 2013

သုတ၊ ရသ By အောင်ခိုင်မြင့်(sa.lay) ချစ်သန္နိဋ္ဌာန် By ထားဝယ် >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဆေးလိပ်တို လက်ကြားညှပ်

အတွေးတွေနဲ့   ကမ္ဘာကြီးကိုထိုင်ငေး

ငယ်ဘ၀နဲ့ လဲ  ဝေးခဲ့ပြီ

25 ခါသင်္ကြန်ကျခဲ့ပေမယ့်  ဘ၀စစ်စစ်နဲ့ 

လူမဖြစ်ရသေးဘူး  ...

အကြိမ်ကြိမ်ကြဲချခဲ့တာတောင်

တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ

အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ

တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး

မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း

ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ်

ထဲ  သော့ခတ်ခံခဲ့ရတယ်

ဦးနှောက်မှာဗဟုသုတကနည်း

ဝမ်းဗိုက်မှာအဟာရကနည်း

အိတ်ကပ်မှာ ဘောဂဗေဒကနည်း

ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း

ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့ 

ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ

အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ

အိပ်မက်ထဲတောင်အလည် မလာတာ

ကြာခဲ့ပြီ.....   

      
                 အောင်ခိုင်မြင့်(sa.lay)
>>>>>>>>>>>>>>>>>>>>>>>>>>>
ချစ်သန္နိဋ္ဌာန်
။။။။။။။။။။။။။။။။။။။
ဘဝပန်းတိုင် ရအောင်ဆုပ်ကိုင်
ကျပ်ကျပ်ဆုပ်ထား လောကလူသား
မျော်လင့်ချက်ရှီလို့ ပရန်လုပ်၍
အလုပ်ကိုကြိုးစား
ငါ့မျော်လင့်ချက်ပန်းတိုင် နင့်အတွက်ပန်းခိုင်
ဒဏ္ဍာရီပုံလို့ ပြန်ဆုံမယ်နော်...
'သြော်'ဆင်းရဲ့လွန်းလို့ထားခဲ့ပြီပေါ့
ငါ့နှလုံးသားဟာ သဲလို့နုပြီး
ကျောက်ခဲ့လို့မာသတဲ့ နင့်နှလုံးသားကို
ကော့ကရစ်နဲ့ လောင်းလိုက်ချင်းတယ်...hony!
09422225007
ထားဝယ်
>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)


No comments:

Post a Comment