Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday, 29 August 2013

နှလုံးသားတစ်ခု၏ ဒဏ္ဍာရီ အခန်း(၁)။ ပြတင်းတစ်ချပ်လှပ်ခဲ့မိသည် ။ ကင်ဆာကြိတ်လက်တွေ့ကုထုံး ။ By ဇာဏီထိုက်(ပညာရေး) >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 နှလုံးသားတစ်ခု၏ ဒဏ္ဍာရီ  အခန်း(၁)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆောင်းတွေဝေတဲ့နံနက်ခင်းတစ်ခု….။ ပတ်ဝန်းကျင်တစ်ခွင်လုံးကလည်း မြူနှင်းတွေရစ်သိုင်းလို့ ခပ်လှမ်းလှမ်း
ကိုပင် ထိုးဖောက်မြင်နိုင်ဖို့ခက်ခဲလှပါဘိ …။ ပိန်းပိတ်ထူထဲစွာ ကျရောက်နေတဲ့ မြူနှင်းထုကို ငေးမောကြည့်နေရင်း
မေ့ပျောက်မရသော အတိတ်ပုံရိပ်ဆီကို စိတ်အစဉ်က မြောက်ပြန်လေနဲ့အတူ လွင့်ပါသွားခဲ့ပါရဲ့…။
ဒီနေ့မှပဲ ထူးထူးခြားခြား မြူတွေဆိုင်းပြီး နှင်းတွေကျနေလိုက်တာ…။ လက်မှနာရီကို သေချာကြည့်လိုက်တော့
ရှစ်နာရီ လေးဆယ့်ငါးဖြစ်နေပြီ…။ အရင်နေ့တွေဆို သည်အချိန် တောက်ပတဲ့နေရောင်အောက်မှာ ဥဒဟို ကူးလူး
သွားလာနေကြလို့ လမ်းမထက်မှာ လူတွေပျားပန်းခတ်ပေါ့…။ ခုတော့ နှင်းမှုန်မြူထုတွေ ကျနေလို့ထင်ပါရဲ့…။
လမ်းမကြီးပေါ်မှာ လူတွေရှင်းနေသလိုပင် …။ဒါကလည်း ကိုယ်ထင်တာပါ ခပ်လှမ်းလှမ်း ကိုယ်မမြင်ရတဲ့ နေရာမှာလည်း
လူတွေ ရှိနေနိုင်တာပဲလေ…။ ခုတော့ ပတ်ဝန်းကျင်ကို ဘာမှမမြင်ရအောင်ကို မြူတွေကဆိုင်းလို့….။
အတွေးနဲ့အတူ စက်ဘီးကိုတွန်းရင်း လျှောက်လာလိုက်တာ သပြေရပ်ကွက် မူလတန်းကျောင်းရှေ့ကိုပင်
ရောက်လာခဲ့ပြီ…။ ဘာရယ်မဟုတ်ပေမယ့် သည်နေရာရောက်ရင်တော့ အမြဲတမ်း စာသင်ကျောင်းဘက်ကိုတော့
လှည့်ကြည့်နေကျလေ…။ ကျောင်းထဲမှာ မူလတန်းကျောင်းသားအချို့ ရောက်နေကြပြီ…။ အချို့ကရေခပ်နေကြဟန်
တူရဲ့။ ရေပုံးတွေကိုယ်စီဆွဲလို့ အချို့ကတော့ ကျောင်းရှေ့လမ်းဝဲယာက အမှိုက်တွေကိုယ်စီကောက်နေကြလေရဲ့…။
မြူနှင်းထုက စောစောကလောက် မထူထဲတော့ပဲ အချိန်မှန်ထွက်လာတတ်တဲ့ နေရောင်ဒဏ်ကို မခံနိုင်စွာ တဖြည်းဖြည်း
ပျောက်ကွယ်လို့နေပြီလေ…။
ရုတ်တစ်ရက် တွန်းလာတဲ့စက်ဘီးက တုန့်ကနဲ ရပ်သွားတယ်။ သြော် အရေးထဲ စက်ဘီးရှေ့ဘီးက ချိုင့်ထဲ
ကျသွားတာကိုး…။ ရှေ့ဘီးကို ချိုင့်ခွက်ထဲကလွတ်အောင် ဂိုက်ကိုအသာဆွဲမပြီးတင်လိုက်တယ်…။ မြင်ကွင်းကလည်း
စောစောကလောက် မြူတွေမရှိတော့ဘူး။ စက်ဘီးကို ဖြည်းဖြည်းနင်းလို့တော့ ရကောင်းမယ်ထင်တယ်။ အတွေးနဲ့
အတူ စက်ဘီးပေါ်ကိုတက်ပြီး ဖြည်းဖြည်း ဖြည်းဖြည်း သတိလေးနဲ့ နင်းလာမိတယ်….။မြူတွေက စောစောကလို
မရှိတော့ပေမယ့် အဝေးကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး…။မတော်တဆ ကျောင်းတက်လာတဲ့ ကလေးတွေ
တိုးမိမှ အခက်။
ရှေ့မလှမ်းမကမ်းမှာ ကျောင်းသားအုပ်စုတစ်စု။ သတိထားပြီး လမ်းရဲ့ယာဘက်ကို ကပ်ပြီးနင်းမှ ကလေးတွေ
ကဆော့ရင်းလှောင်ရင်း ပြေးဝင်လာလို့ တိုးမိမှဖြင့်။ အတွေးနဲ့အတူ ကျောင်းသားအုပ်စုကို လှမ်းကြည့်လိုက်မိတယ်။
တဒင်္ဂအဖို့ ကျွန်တော်မှင်သက်သွားမိတာတော့အမှန်ပဲ။ အဖြူအစိမ်း ယူနီဖောင်းနဲ့ ကျောင်းသားတွေအလယ်က
ဆရာမလေးတစ်ဦး။ သည်ကျောင်းကို ခုမှရောက်လာတဲ့ ဆရာမအသစ်ဖြစ်ရမယ်…။ သည်ကျောင်းရှေ့ဖြတ်သွားတိုင်း
ဆရာမကို တစ်ခါမှမမြင်ဖူးသလို သည်လိုနတ်သမီးလေးတစ်ပါးလို ချောမောလှပတဲ့ ဆရာမလေးတစ်ယောက်
သည်ကျောင်းမှာ ရှိတယ်လို့ကျွန်တော်မကြားမိပါဘူး…။ သပြေရပ်ကွက်လေးက ခပ်ကျဉ်းကျဉ်း ရပ်ကွက်ငယ်လေး
တစ်ခုမို့ ရပ်ကွက်ထဲ အပ်ကျသည်ကအစ ကျွန်တော်သိနေခဲ့တယ်လေ…။အတွေးနဲ့အတူ စက်ဘီးကို လမ်းဘေး
မှာရပ်ပြီး ဆရာမလေးကို ငေးမောကြည့်နေလိုက်တယ်…။
နံနက်စောစောမို့ထင်တယ်…။ ဆံထုံးမထုံးဘဲ ဖားလျားချထားတဲ့ ဆရာမရဲ့ဆံနွယ်တွေ လေမှာဝဲလို့…..။
အားပါး ဆံပင်အရှည်ကလည်း တစ်ကယ့်ကို ငေးမောစရာ။ကြည့်လေ ခြေသလုံးအလယ်လောက်ထိ နက်မှောင်စွာ
ဖြောင့်စင်းလို့ တစ်ချက်တစ်ချက် ဆောင့်တိုက်လိုက်တဲ့ မြောက်ပြန်လေအဝှေ့မှာ ဆရာမရဲ့ဆံနွယ်အချို့ ကျွန်တော့်ကို
တောင် ရစ်ပတ်သွားမလားဘဲ…။
အဟဲ ဘယ်လောက်ထိငေးမိသွားတယ်တော့မသိဘူး။ ဆရာမရဲ့မျက်နှာပေါ်က အပြုံးတစ်ချက်ကို လက်ခနဲ
တွေ့လိုက်တော့မှ ကိုယ်ရှိန်သတ်ပြီး ခပ်မြန်မြန် ပြန်ပြုံးပြလိုက်ရတယ်…။ သူခိုးလူမိသလို ခုမှရှက်ဖို့သတိရလိုက်တယ်။
ခုမှတော့ ထူးတော့ပါဘူး သူတောင်ပြုံးပြီး နှုတ်ဆက်သေးတာပဲ။ ရှက်ရှက်နဲ့ ကျွန်တော်လည်း သူမကို နှုတ်ဆက်ဖို့
စကားရှာတော့ ရုတ်တစ်ရက်ရှာမတွေ့တော့ဘူး…။ “ဆရာမအသစ်ထင်တယ်နော်…” ပါးစပ်ထဲတွေ့တာကို ခပ်မြန်မြန်
ပြောပြီးနှုတ်ဆက်လိုက်တယ်…။ “ဟုတ်ကဲ့….ကျွန်မဒီနေ့မှ ဒီကျောင်းကိုရောက်လာတာပါရှင်…”
“သြော် … ဟုတ်ကဲ့ ဆရာမ ။ဆရာမကို တစ်ခါမှမမြင်ဖူးလို့ ကျွန်တော်ထင်လို့မေးလိုက်တာပါ”
“ဟုတ်ကဲ့ရှင့်..” နှုတ်ဆက်အပြုံးတစ်ခုကို ခြွေပြီး ကျောင်းသားတွေနဲ့အတူ ရှေ့ဆက်ထွက်သွားတဲ့ ဆရာမလေးကို
ကိုခဏငေးကြည့်လိုက်တယ်….။ အင်း နောက်နေ့တော့ဆုံနိုင်ဦးမှာပေါ့ဆရာမရယ်လို့ ရင်ထဲမှာ တိုးတိုးလေးပြော
လိုက်တယ်…။ အဟင်း ဆရာမလေးက တော်တော်ချောတာပဲ…။ ဖြစ်နိုင်ရင် နောက်ကြောင်းတောင်ပြန်လှည့်ကြည့်
ချင်လိုက်တာ…။ မဖြစ်နိုင်တဲ့ကိစ္စမို့ ဆန္ဒကိုထိန်းရင်း စက်ဘီးကို နင်းထွက်ခဲ့လိုက်တယ်…။
………………………………………………………………………
ဇာဏီထိုက်(ပညာရေး)

>>>>>>>>>>>>>>>>>>>>>>>>>>>>
 ပြတင်းတစ်ချပ်လှပ်ခဲ့မိသည် 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အသာယာဆုံးသံစဉ်တွေနဲ့ အလှပဆုံးမိုးကောင်းကင်ကြီးအောက်မှာ ကျွန်တော်ပျော်မွေ့တယ်…။ တိမ်တွေကို ပန်းချီ
ခြယ်ရတာကို ကျွန်တော်ကြိုက်တယ်…။ ပန်းပင်လေးတွေကို ရေလောင်းရတာကို ကျွန်တော်နှစ်သက်တယ်…။ ပန်းပျိုးလက်များ
ကိုပိုင်ဆိုင်ထားတဲ့ ဆရာဘဝကို ကျွန်တော်မြတ်နိုးတယ်…။
နာရီတွေကိုခုန်ကျော်…….။ စက္ကန့်တွေကို ရေတွက်ရင်း….။ နိစ္စဓူဝ ကျောင်းလုပ်ငန်းတွေကြားမှာ နှစ်မြုပ်လို့…။
သင်ကြားရေး ၊ စာရင်းဇယား ၊ စည်းရုံးရေး ၊ စီမံခန့်ခွဲမှု ၊ အုပ်ချုပ်ရေး ခေါင်းစဉ်အသီးသီးကို ဖက်တွယ်ပြီး
မူလတန်းကျောင်းအုပ်ဘဝနဲ့ အလှပဆုံးအချိန်တွေကို ကျော်ဖြတ်ရင်း တေးတစ်ပုဒ်ကို သံစဉ်ညှိလို့လေ….။
ကျောင်းအုပ်ဆိုတဲ့ ရာထူး၊ ဆရာဆိုတဲ့ဂုဏ် ၊ သိက္ခာစည်းကမ်းတွေအထပ်ထပ်နဲ့ ဆန္ဒကိုချုပ်ထိန်းလို့ ရေဆန်
လှော်တဲ့ခရီး အတော်ပင်ခရီးပေါက်ခဲ့ပြီပဲ…။ အသက်(၂၅)မှာ ဝန်ထမ်းသက်တောင်(၆)နှစ်ကျော်ခဲ့ပြီထင်ပါရဲ့......။
အတွေ့အကြုံနဲ့ရင့်ကျက်မှုတွေကပုံဖော်လို့ ကျွန်တော့်မျက်နှာမှာ နှုတ်ခမ်းမွှေးနဲ့မုတ်ဆိတ်တွေလည်း မဲခဲ့ပြီ…။
ကွန်ပျူတာအသုံးများလို့ အမေအမွေပေးထားတဲ့ မျက်စိနှစ်လုံးမှာ ပါဝါမျက်မှန်တစ်ခုကိုလည်း ဖုံးပေးနိုင်ခဲ့ပြီ…။ တစ်ခါ
တစ်ခါတော့လည်း မွန်းကြပ်မှုတွေကြားမှာ အသက်ဝအောင်မရှူနိုင်ခဲ့တာလည်း ကျွန်တော့်ရဲ့ နှလုံးသွေးကြောတွေ
ကျယ်နေခဲ့လို့ထင်ပါရဲ့….။
သာယာတဲ့နံနက်ခင်းတစ်ခုမှာ သန့်ရှင်းတဲ့လေကို လတ်လတ်ဆတ်ဆတ်ရှူရှိုက်နိုင်ဖို့ ရုံးခန်းပြတင်းတစ်ချပ်ကို
ဖျတ်ခနဲ့ လှပ်လိုက်မိတယ်….။ဘယ်အချိန်ကတည်းက အလစ်ချောင်းနေမှန်းမသိဘဲ ကျွန်တော့်ရဲ့ စိတ်ငှက်ကလေးက
အနက်ရောင် ကတ္တရာလမ်းဘေးက လျှပ်စစ်ဓါတ်တိုင်များစွာကို ကျော်ဖြတ်လို့ ဆယ်ချီတဲ့မိုင်ခရီးကို အပြင်းနှင်ထွက်
ပြေးသွားခဲ့တယ်လေ….။ စိုးရိမ်စိတ်နဲ့အတူမိုင်တိုင်တွေကိုရေတွက်လို့ကျွန်တော် စိတ်ငှက်ကလေးနောက်လိုက်ခဲ့တယ်။
ရွာစဉ်တွေအထပ်ထပ်   ချောင်းတွေကိုဖြတ်လို့ မောပန်းစွာ ကျွန်တော်လိုက်နေမိခဲ့ပါရဲ့….။ ပုသိမ်မြို့အဝင်
ရောက်တာတောင် ကျွန်တော့်ရဲ့ စိတ်ငှက်ကလေးက မမောမပန်း မနားတမ်း ရှေ့ကပြေးလို့လေ….။ မျက်ခြေမပြတ်
ပုသိမ်မြို့အနှံ့လိုက်ရင်းက Royal Lake ထဲကိုရောက်လာခဲ့တယ်….။ ကစားကွင်းထဲ ပတ်ပြေးနေတဲ့ စိတ်ငှက်ကလေး
ကိုဖမ်းဖို့အတွက် လိုက်ရင်းနဲ့ Royal Lake ရဲ့နယ်မြေထဲမှာ ကျွန်တော့်ခြေရာတွေ ထပ်ခဲ့ပြီ…။ Family KTV ခန်းထဲ
အတင်းဝင်ပြေးလို့ ကျွန်တော်အမိအရ ဝင်လိုက်ရတယ်…။ အခန်းထဲမှာ သူပိတ်မိနေတဲ့အချိန် ငယ်ငယ်ကတည်းက
အရမ်းကြိုက်တဲ့ သီချင်းလေးငါးပုဒ်တော့ ကျွန်တော်ဆိုဖြစ်ခဲ့သေးတယ်….။သီချင်းသံအဆုံးမှာ ဝိတ်တာလာဖွင့်တဲ့
တံခါးပေါက်က ထွက်ပြေးသွားခဲ့ပြန်ပါရဲ့…။ ကသောကမျော ပြေးလိုက်ရတဲ့ ကျွန်တော် မတတ်နိုင်တဲ့အဆုံး လက်လျှော့
ပြီးတော့ ရုံးခန်းထိအောင် ပြန်ခဲ့ရတယ်…။
မောမောနဲ့ ရေအေးတစ်ခွက်မော့ပြီး ရုံးခန်းထဲက စာအုပ်တစ်အုပ်နဲ့ ယပ်ခပ်ရင်းပေါ့….။ မြန်နေတဲ့ နှလုံး
ခုန်သံတွေ စည်းချက်မှန်မယ့်အချိန်ကိုစောင့်ရင်း အမှတ်တမဲ့ နံရံကိုလှမ်းကြည့်လိုက်မိတယ်…။ ဘယ်အချိန်ကတည်းက
ပြန်ရောက်နေမှန်းမသိတဲ့ ကျွန်တော့်ရဲ့စိတ်ငှက်ကလေး လှောင်အိမ်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျလို့နေပေါ့….။
စောစောကပြောင်းပြန်လည်နေတဲ့ ရုံးခန်းထဲက နာရီလက်တံတွေ ခုတော့ဦးတည်ရာတွေပြန်မှန်ခဲ့ပြီ…။ စိတ်ငှက်ကလေး
လည်း နေသားတကျ ပြန်ရောက်ခဲ့ပြီမို့ နံနက်ကဖွင့်ထားမိတဲ့ ပြတင်းတစ်ချပ်ကို ခပ်မြန်မြန် ပိတ်လိုက်တယ်….။
လေပူတစ်ချက်ကိုမှုတ်ရင်း ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်တယ်….။ လက်ဖက်ရည်ဆိုင်မှာ
ကျွန်တော်သောက်နေကျ ပျစ်စိမ့်နဲ့ ချိုစိမ့်နှစ်ခုမှာ ဘယ်အရသာအကောင်းဆုံးလဲလို့လေ…။
                       ဇာဏီထိုက်(ပညာရေး)

>>>>>>>>>>>>>>>>>>>>>>>>>>>>.
 ကင်ဆာကြိတ်လက်တွေ့ကုထုံး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ယနေ့ လူအများကြားတွင် ရေပန်းစားနေသည့် ကင်ဆာဟူသော ဝေါဟာရမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ် ရောဂါတစ်မျိုးဖြစ်ပါသည်။
ကင်ဆာရောဂါသည် အမြစ်တွယ်တတ်သော သဘောရှိပြီး လူ့ခန္ဓာကိုယ် အသွေးအသားများအား ဒုကက္ခပေးနေသော ရောဂါတစ်မျိုးလည်း
ဖြစ်ပါသည်။သဘာဝအားဖြင့် ကင်ဆာရောဂါသည် ပထဝီဓါတ်ကြီးစိုးသော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည်။ ကင်ဆာရောဂါသည် အဖုအကြိတ်ဖြင့် အစိုင်အခဲတစ်ခုပမာ ကြီးထွားလာသည်။
၎င်းကင်ဆာရောဂါနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင် အစ်မဖြစ်သူ၏ လည်ပင်းမှကင်ဆာကြိတ်အား ယခုဖော်ပြမည့် ဆေးမြီးတိုဖြင့် (၇)ရက်အတွင်း ပျောက်ကင်းအောင်ကုသနိုင်ခဲ့သည်မှာ ပွဲတွေ့လက်တွေ့ ဖြစ်ပါသည်။၎င်းကုသပုံအကြောင်းအား ဧဒင်ဥယျာဉ်တွင် ဆောင်းပါးဖြင့် အကျယ်ရေးသားခဲ့ပြီး ဖြစ်ပါသည်။ယခုတော့ ကုသနည်းကိုသာ တင်ပြသွားပါမည်။
ခံတက်ရွက်ကြမ်း ရင့်ရင့် ခုနှစ်ရွက်ခန့်ခူးပါ။ ထို့နောက် ဆုံတွင် ထမင်းနှင့်ရောထောင်းပါ။ရလာသော ဆေးအား အဝတ်ပါးပါးဖြင့် ကင်ဆာကြိတ်ပေါ်တွင် စည်းထားပေးပါ ။
အချိန်ကြာလာ၍ မခံမရပ်နိုင်အောင် ပူလာပါက ခေတ္တဖြုတ်ထားပါ။ ခဏကြာလျှင် ပြန်၍ဆေးစည်းပါ။ ထိုသို့
ဖြုတ်လိုက် စည်းလိုက်လုပ်နေပါက နှစ်ရက်အတွင်း သိသာစွာပျောက်ကင်းလာသည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး ခုနှစ်ရက်အတွင်း မုချပျောက်ကင်းပါလိမ့်မည်။ လွယ်လွန်းလို့ မယုံကြည်ဘူးလို့ မလုပ်ပါနဲ့
လက်တွေ့ပျောက်ကင်းခဲ့တဲ့ကုထုံးလေးပါ။
            ဇာဏီထိုက် ပညာရေး
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

http://zumakelvin.blogspot.com/

>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

 

No comments:

Post a Comment