အချစ်
အချစ်ကမ်းလွန်ခဲ့မိလို့  အချစ်အစွန်းရောက်သူမို့ 
အချစ်စခန်းရဲ့ အချစ်နယ်နိမိတ်မှာ
အချစ်လိပ်ပြာလေး ချစ်ယောင်လည်လည်ပျံဝဲနေမိတယ်
အချစ်ကြီးချစ်လို့  အချစ်စကားတွေကို
ချစ်သူသိအောင် အချစ်ဖောင်ဖွဲ့ လို့ 
ချစ်ရည်လူးပြီး ချစ်ပါရစေ
အချစ်ကမ္ဘာမှာ အချစ်အတွက်
အချစ်ကိုယ်ရံတော်ဖြစ်လို့  အချစ်အသက်ပေး
အချစ်နေ့ တွေကို အချစ်နဲ့အတူကျော်ဖြတ်ပါရစေ
အချစ်အိမ်လေးမှာ အချစ်တို့ တတွေ
အချစ်ချက်တဲ့ဟင်းကို အချစ်ကျွေးတာစားလို့ 
အချစ်ပါတဲ့အိမ်ထောင်ရေးကို အချစ်တို့ တည်ဆောက်ကြမယ်လေ
အချစ်ကအရေးကြီးတယ်နော်
အချစ်မရှိရင် သေနိုင်တယ်
အချစ်မတွေ့ ရင် လွမ်းနိုင်တယ်
အချစ်နဲ့ ဝေးရင် ငိုနိုင်တယ်
အချစ်နဲ့ထာဝရရှင်သန်နိုင်ကြပါစေ
အလင်္ကာဦး (ညောင်လေးပင်)
ချစ်သူ
ချစ်မိပါများလာတော့ သ၀န်တိုတတ်လာပြီ
ပိုင်ဆိုင်ခြင်တဲ့  စိတ်တွေကြောင့်
အတ္တစိတ်တွေတောင် အလုပ်မလုပ်တော့ဘူး
ဝေးကွာမှုများလာတော့ လွမ်းတတ်လာပြီ
နွမ်းနေတဲ့စိတ်တွေက အဖျားတတ်လို့ 
သွေးမလည်ပတ်တော့ဘူး
ခံစားရပါများလာတော့ ကြောက်တတ်လာမိပြီ
အငိုလွယ်တတ်တဲ့ ပုလဲမျက်လုံးတွေက
မျက်ရည်မထွက်တော့ဘူး
ဆုံးရှုံးမှုတွေများလာတော့ ၀မ်းနည်းတတ်လာပြီ
နှလုံးသားတခြမ်းတောင် အ၇ည်ပျော်နေပြီ
သတိ၇မှုတွေများလာတော့ ငါလိမ်တတ်လာပြီ
နင့်ကိုငါ့အ၇မ်းမုန်းတယ် မုန်းတယ်.................
အလင်္ကာဦး(ညောင်လေးပင်)
မောင်
နေ့ စဉ်နေ့ တိုင်း မေ့ ဘ၀စာမျက်နှာပေါ်မှာ
မောင်ပေးခဲ့တဲ့ အလွမ်းပြဇာတ်ဟာ
ဘီယာသောက်လို့  ခေါက်ထားလို့ မရဘူး .....မောင်
မောင်ထွက်သွားတဲ့ ခြေသံသဲ့သဲ့လေဟာ
ကမ္ဘာမြေကြီးမသိလိုက်သလို့နဲ့  မေ့ နှုလုံးသားကိုတော့
ခြေသံမစဲအောင် ရိုက်ခတ်သွားတယ် ...........မောင်
မောင့်ရဲ့ချိုမြိန်သံတွေကို လေထုမြေထုတွေကြာမှာ
အရူးတစ်ယောက်လို လိုက်ကောက်နေမိတယ်...........မောင်
မောင်စိုက်ထူခဲ့တဲ့ အနမ်းတပွင့်ဟာ
ပန်းတပင်ဖြစ်ခဲ့မယ်ဆိုရင် ထာဝရရှင်သန်နိုင်တဲ့မြေကြီးပါ..........မောင်
လေပြေလေညှင်းနဲအတူ မောင်လွှင့်ထုတ်လိုက်တဲ့
သံစဉ်ချိုချိုတွေဟာ မေ့ အတွက်
အလွမ်းသယ်ဖို့  တေးသွားတပုဒ်လား............မောင်
အလင်္ကာဦး(ညောင်လေးပင်)
>>>>>>>>>>>>>>>>>> >>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment