Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 24 August 2013

ကလေးထံသို့..By ကလေးချစ်သောမောင်။ ချစ်သူသိပါစေ By နေလင်းအောင်။ လိမ်ညာနေသူများသို့..အားလုံးသိ၏ By ကောလင်း ကိုကိုထွန်း။ ရွာဘာကြောင့်ဆင်းရဲသည် Byသူအို(နည်းပညာ)..။ မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည် By ဇာဏီထိုက် (ပညာရေး) >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကလေးထံသို့
။။။။။။။။။။။။။။။။။။။။။။။။။
ကလေးရယ်
လွမ်းတယ်လို့
ခဏခဏမပြောချင်ဘူးကွယ်
မောင့်အလွမ်းတွေတန်ဖိုးလျော့သွားမှာစိုးတယ်

သတိရတယ်လို့
ခဏခဏပြောရင်
ကလေးကြားပါ့မလား

ချစ်တယ်လို့
ခဏခဏပြောရင်
ကလေးသူ့ကိုအထင်မသေးပါနဲ့

ဝေးနေတဲ့အချိန်မှာ
သူတို့တွေကိုမောင်ထိန်းလို့မရဘူး
23.8.2013.am
ကလေးချစ်သောမောင်


>>>>>>>>>>>>>>>

ချစ်သူသိပါစေ
။။။။။။။။။။။။။။။။။။။။။။
ချစ်သူ
မင်းနဲ့တစ်ရက်မတွေရတာဟာဆက်သွယ်ပြင်ပရောက်နေသလိုပဲ
ချစ်သူ
မင်းနဲ့စကားတစ်ရက်မပြောရတာကိုအိပ်မပျော်ဘူး
ချစ်သူ
ပျော်နေလားပျော်ပါစေ
ချစ်သူကိုဟာမင်းအတွက်အရုပ်လေးတစ်ရုပ်
စေညွန်ရာသွားဖို့ပါရမီအဖြည့်ခံ
ချစ်သူ
ကိုမင်းကိုအရမ်းချစ်တယ်ဆိုတဲ့စကားကိုအသိ့မှတ်ပြုပေးပါ


          နေလင်းအောင်
          ဥကံ္ကမြို့ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက် အောင်ရတနာ(၁)လမ်း

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

လိမ်ညာနေသူများသို့.........အားလုံးသိ၏....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သင်ကောင်းမကောင်း၊ သင့်အကြောင်းကို
      သင့်ခေါင်းထဲက သိပါ၏။ သင့်ကိုစောင့်ကြပ်၊ကိုယ်စောင့်နတ်လည်း
       ပြတ်ပြတ်သားသား သိပါ၏။
နတ်တို့သနင်း၊ သိကြားမင်းလည်း
     ကွင်းကွင်းကွက်ကွက် သိပါ၏      
ငရဲသနင်း ယမမင်းလည်း
ရှင်းရှင်းလင်းလင်း သိပါ၏။
ဈာန်အဘိညာဉ် တန်ခိုးရှင်လည်း
       အစဉ်သဖြင့်သိပါ၏။
လိမ်ညာမရဤလောက၀ယ်
သင်ကောင်းမကောင်း သင့်အကြောင်းကို
သင်သိ ငါသိ အား လုံးသိ၏။

ကောလင်း.....ကိုကိုထွန်း
            tunminaung13@gmail.com  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရွာဘာကြောင့်ဆင်းရဲသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူကြီးသား............အဘ ဈေးရှေ့ကအခွန်အ ကြောင်းနဲနဲသိချင် လို့.
သှူကြီ.........ဘာသိချင် တုန်းလူလေးရဲ့.
သူကြီးသား........ဒီလိုအဘ ဈေးရှေ့မှာလေဆိုင် ကယ်အပ် ရင်၂၀၀ကျပ် စက်ဘီးအပ် ရင်၁၀၀ကျပ်တဲ့အခွန်ကောက်နေတယ်
 သူကြီး.........ဟုတ်လားလူလေး အဲ့ဒီအခွန်ငွေတွေအဘဆီရောက်မလာဘူး
သူကြီးသား........ဟုတ်တယ်အဘရသားတောင် စဉ်းစားနေတာ ဒီလိုအခွန်ငွေကောက်ပြီးရွာဘာကြောင့်ပိုပိုဆင်းရဲလဲပေါ့
သကြီး........တယ်ငမိုက်သားတွေငါ့သိက္ခာလဲချရွာလဲဆင်းရဲအောက်လုပ် ရွာသျက္ခာလဲချနေပါကော့လား
. ပြုပြင်ပေးစေလို . သူအို(နည်းပညာ)

>>>>>>>>>>>>>>>>>>>>>>>>>>

မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည်
ငပုတောမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းညို၏
တစ်ဦးတည်းသော ချစ်ဇနီး
ငပုတော ကျန်းမာရေးမှ အန်တီ ဒေါ်ခင်မော်ရီ၏
၂၃-၈-၂၀၁၃ ရက်နေ့တွင်ကျရောက်သော ၄၈ နှစ်ပြည့်မွေးနေ့မင်္ဂလာမှသည်
 နှစ်တစ်ရာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်   
ဇာဏီထိုက် (ပညာရေး)

>>>>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment