Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 26 August 2013

အမေ သို့ ...။ ဘ၀ခရီးသည် ...။ By အောင်ခိုင်မြင့်(sa.lay) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမေ သို့ 
။။။။။။။။။။။။။။။။။
အူဝဲဆိုတဲ့အသံ  ကြားကတည်းက

နာကျင်မှုကို အမှုမထား

ချိုသာရွှင်ပြ. အပြုံးမျက်နှာ

အားမာန်အပြည့်နဲ့   နို့ ချိုတိုက်ကျွေး

နွေးထွေးရင်ခွင်နဲ့ ထွေးပွေ့ ထားတဲ့အမေ

  ကျောင်းနေအရွယ် ထမင်းချိုင့်လာပို့ 

ပင်ပန်းမှုကိုအမှုမထား"သား"မျက်နှာမြင်

အမောတွေ  ပျောက်ခဲ့တဲ့အမေ....

တစ်ခါတလေ. အမေ ဖျားလို့ 

ချောင်းသံတွေ ကြားက

ကျောင်းမှန်မှန်သွား  သား တဲ့

အမေ့ရှေ့ မှာ  ဟုတ်ကဲ့  ဆိုပြီး

ကျောင်းကိုမရောက်  ဘောလုံးကွင်း

ရောက်ခဲ့တဲ့သားကို  အမေသိတော့

မျက်ရည်စို့ လျက်  မရိုက်နှက်ပဲ

အမေ့စကားနာထောင်ပါသားရယ်တဲ့.....

အချိန်တန်လို့   အရွယ်ရောက်သော်

ဝမ်းတထွာ အတွက် နေရပ်စွန့် မယ့်

သားကို  တစ်နယ်တစ်ကျေးမှာ

လိမ်လိမ်မာမာနေပါ  သား ရယ်တဲ့....

အမေ့  မှာစကား နားမှာကြား

အမေ့ကို ရည်မှန်းဦးခိုက်ကန်တော့ရင်း

အမေကျန်းမာဖို့   အဝေးမှ  သား

ဆုတောင်းလိုက်ပါတယ်  အမေ... ..

                   အောင်ခိုင်မြင့်(sa.lay)

                   (09403706975)
>>>>>>>>>>>>>>>>>>>>>>
ဘ၀ခရီးသည် ...
။။။။။။။။။။။။။။။။။။။
ဆေးလိပ်တို လက်ကြားညှပ်

အတွေးတွေနဲ့   ကမ္ဘာကြီးကိုထိုင်ငေး

ငယ်ဘ၀နဲ့ လဲ  ဝေးခဲ့ပြီ

25 ခါသင်္ကြန်ကျခဲ့ပေမယ့်  ဘ၀စစ်စစ်နဲ့ 

လူမဖြစ်ရသေးဘူး  ...

အကြိမ်ကြိမ်ကြဲချခဲ့တာတောင်

တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ

အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ

တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး

မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း

ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ်

ထဲ  သော့ခတ်ခံခဲ့ရတယ်

ဦးနှောက်မှာဗဟုသုတကနည်း

ဝမ်းဗိုက်မှာအဟာရကနည်း

အိတ်ကပ်မှာ ဘောဂဗေဒကနည်း

ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း

ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့ 

ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ

အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ

အိပ်မက်ထဲတောင်အလည် မလာတာ

ကြာခဲ့ပြီ.....   

      
                 အောင်ခိုင်မြင့်(sa.lay)
>>>>>>>>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

No comments:

Post a Comment