Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 24 August 2013

သုတ၊ ရသ By Eagle Breeze >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မင်္ဂလာ မနက်​ခင်းပါ။
ကြားဖူးတဲ့ အဖြစ်​အပျက်​က​လေးတစ်​ခု ​ပြောပြချင်​ပါတယ်​။ တစ်​ခါတုန်းက ရဟန်းနှစ်​ပါးဟာ ခရီးသွားရင်းနဲ့ လမ်းမှာ ​ရေစီးတဲ့ ​မြောင်းတစ်​ခုအနားကို ​ရောက်​လာကြတယ်​။ ​မြောင်းကိုဖြတ်​ကူးဖို့ချထားတဲ့ တုံးအနားကို​ရောက်​​တော့ ဟိုဘက်​ကိုဖြတ်​မကူးရဲလို့ ရပ်​​နေတဲ့ မိန်းခ​လေးတစ်​​ယောက်​ကို ​တွေ့ကြတယ်​။ ရဟန်းတစ်​ပါးက​တော့ မိန်းခ​လေးဖြစ်​​နေ​တဲ့အတွက်​ ဘာမှမကူညီပဲ ဟိုဘက်​ကမ်းကို ကူးသွားတယ်​။ ကျန်​တဲ့ရဟန်းတစ်​ပါးက မိန်းခ​လေးကို ဟိုဘက်​ကမ်း​ရောက်​​အောင်​ ​ပွေ့ချီ​ဆောင်​ယူခဲ့ပြီး ချ​ပေးကာ လိုရာခရီးကို ဆက်​လက်​ကြွချီ​တော်​မူခဲ့တယ်​။
လမ်းခရီး​ရောက်​​တော့ ပထမရဟန်းက မိန်းခ​လေးကို​ပွေ့ချီခဲ့တဲ့ ရဟန်းကို ရဟန်းဖြစ်​လျက်​နဲ့ မိန်းမနဲ့ အသားချင်းထိပြီး ပတ်​သက်​ခဲ့လို့ ပြစ်​တင်​ရှုံ့ချပါတယ်​။ တစ်​လမ်းလုံး​မ​ကျေမနပ်​နဲ့ ပြောလာလိုက်​တာ သည်းမခံနိုင်​​တော့တဲ့အဆုံးမှာ မိန်းခ​လေးကို ​ပွေ့ချီခဲ့တဲ့ရဟန်းက ပြန်​​ပြောလိုက်​ပါတယ်​။
" အရှင်​ဘုရား....တပည့်​​တော်​​ပွေ့ချီခဲ့တဲ့ မိန်းခ​လေးကို ​ချောင်းတစ်​ဘက်​ကမ်းမှာတင်​ တပည့်​​တော်​ချခဲ့ပါပြီဘုရား... အရှင်​ဘုရားကသာ အခုထိ​ပွေ့ထားတာပါ...." တဲ့။
ဝန်​ထုပ်​ဝန်​ပိုးများဟာ ဖိစီး​လေးလံတတ်​ပါတယ်​။ ဘဝမှာ လွှတ်​ချလိုက်​ရမယ့်​အရာများနဲ့ ​ပွေ့ပိုက်​ထားရမယ့်​အရာများကို ကျွန်​​တော်​တို့ ခွဲခြားတတ်​ဖို့လိုမယ့်​အပြင်​ လွှတ်​ချရမယ့်​အချိန်​ကာလကိုပါ ဆုံးဖြတ်​တတ်​ရပါလိမ့်​မယ်​။ အထူးသဖြင့်​ စိတ်​ကိုဖိစီးတဲ့ အငြိုးအ​တေး​တွေ၊ အာဃာတ​တွေ၊ အမုန်းတရား​တွေ​ပေါ့။
Eagle Breeze
၂၄၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

1 comment: