Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 21 December 2013

မကွေးတိုင်းဒေသကြီးမှသိမ်းဆည်းခံ လယ်ယာမြေ၏ မြေလျော်ကြေးနှင့် စိုက်ပျိုးထားသည့် သီးနှံ၏ သီးနှံနစ်နာကြေးများ ရရှိစေရန် ဆောင်ရွက်ပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်သမ္မတကြီးမှ သနားငဲ့ညှာပေးပါရန်
သို့
   နိုင်ငံတော်သမ္မတကြီးခင်ဗျာ...
    သိမ်းဆည်းခံ လယ်ယာမြေ၏ မြေလျော်ကြေးနှင့် စိုက်ပျိုးထားသည့် သီးနှံ၏ သီးနှံနစ်နာကြေးများ ရရှိစေရန် ဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။
     ကျွန်တော် ဦးလှကျော် နိုင်ငံသားစိစစ်ရေးအမှတ် ၈။မကန(နိုင်)၀၂၀၂၁၈(ဘ)ဦးကြည်မောင်သည် ကွင်းအမှတ်(၁၆၅၄)၊ဦးပိုင်အမှတ် ၁၂။၁(၁.၉၆)ဧက၊၁၂။၂(၀.၉၆)ဧကနှင့် ၇(၀.၁၂)ဧက ယာမြေ(၃) ကွက် စုပေါင်းဧရိယာ(၃.၅၀)ဧကတွင် ၁၅-၁-၁၉၈၄ ခုနှစ်မှ စတင်လုပ်ကိုင်လာခဲ့ပြီး အစိုးရမှစည်းကြပ် သော မြေခွန်ပြေစာများ လက်ဝယ်ရှိသူဖြစ်ပါသည်။ကျွန်တော်လုပ်ကိုင်ခွင့်ရှိကြောင်း ဖခင်ဖြစ်သူဦးကြည် မောင်မှ လွှဲပြောင်းပေးခြင်းစာချုပ်နှင့် စာချုပ်ပါသက်သေအဖြစ် တစ်ရွာတည်းနေ ဦးတင်မြင့်နှင့် ဦးအေးထွန်းတို့လည်း သက်ရှိထင်ရှားရှိပါသည်။
   ကျွန်တော်ဦးလှကျော် လုပ်ကိုင်လျှက်ရှိသော ယင်းယာမြေ(၃.၅၀)ဧကကို ၁၉၈၉ခုနှစ်ဝန်းကျင်တွင် တပ်မတော်မှ သိမ်းယူခဲ့ပြေီးနောက် ၂၀၁၃ခုနှစ် နှစ်ဦးပိုင်းတွင် နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု သတင်းကြားရပါသည်။ထို့ကြောင့် လယ်ယာမြေမှတ်ပုံတင်ပြုလုပ်ရန် ပုံစံ(၁)တွင်ဖြည့်သွင်းလျှောက်ထား ခဲ့သော်လည်း ကြော်ငြာစာပုံစံ(၂)တွင် မတွေ့ရှိခဲ့ရပါ။သို့သော် မြို့နယ်မြေစာရင်းဌာနမှ ခွင့်ပြုချက်ပေးသ ဖြင့် ယင်းယာမြေ၌ လုပ်ကိုင်ခွင့်ရရှိသော်လည်း ၂၀၁၃ခုနှစ်၊နိုဝင်ဘာလ(၃)ရက်နေ့တွင် အလုပ်သမား ဆက်ဆံရေးဦးစီးဌာနမှ ရုံးအဆောက်အဦးဆောက်လုပ်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လာပါ သည်။ထို့နောက် ကျွန်တော်၏ယာမြေ ၃.၅၀ ဧကအား နိုင်ငံတော်မှ စီမံကိန်းမြေအဖြစ် သိမ်းဆည်းခဲ့ပြီး ယခုအခါ ဌာနဆိုင်ရာရုံးအဆောက်အဦးများဆောက်လုပ်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါသည်။အလုပ် သမားဆက်ဆံရေးဦးစီးဌာနမှလည်း ၂၀၁၄ခုနှစ်၊ဇန်နဝါရီလ ၁ ရက်တွင် အဆောက်အဦးဆောက်လုပ် တော့မည်ဖြစ်ကြောင်း သတိပေးအကြောင်းကြားစာ ရောက်ရှိလာပါသည်။
    အသက် ၆၀ နှစ်ရှိပြီဖြစ်၍ အိုမင်းနေသည့် ကျွန်တော်ဦးလှကျော်သည် မိရိုးဖလာတောင်သူလုပ် ငန်းမှလွဲ၍ အခြားလုပ်ငန်းများကိုလည်းမလုပ်ကိုင်တတ်ပါ။စီးပွားရေးအလိုငှာ အရင်းအနှီးလည်းမရှိပါ။ သားထောက်သမီးခံလည်းမရှိသော ကျွန်တော့်ထံတွင် ယင်းယာမြေကလေးသာ လပ်ကိုင်စားသောက် ရန် ရှိပါသည်။နိုင်ငံတော်မှ ဖွံ့ဖြိုးရေးအစီစဉ်တစ်ရပ်အနေဖြင့် စီမံကိန်းမြေအဖြစ်သိမ်းယူခြင်းအပေါ် တစ်စုံတစ်ရာကန့်ကွက်ခြင်းမပြုလိုသော်လည်း သိမ်းဆည်းထားသည့် မြေယာ၏ မြေလျော်ကြေးနှင့် စိုက်ပျိုးထားသည့် သီးနှံ၏ သီးနှံလျော်ကြေးများကို ရရှိစေရန် နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်ကူညီ ပေးပါရန် အသနားခံတင်ပြအပ်ပါသည်။
ဦးလှကျော်
(တောင်သူ)
၈။မကန(နိုင်)၀၂၀၂၁၈
ကွင်းအမှတ်(၁၆၅၄)၊ဦးပိုင်အမှတ်(၁၂။၁)၊(၁၂။၂)၊၇
မယ်လှတောင်အုပ်စု၊မြင်းကင်းကျေးရွာ
မကွေးမြို့နယ်၊မကွေးတိုင်းဒေသကြီး။
ဏါံ် ဝ၉ ၂၅၉ဝ၇၁၄၇၁(တစ်ဆင့်ခံဖုန်း)




>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment