Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Tuesday 15 October 2013
သာစည်မြို့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှစက်ယက္ကန်းများကိုသတ်မှတ်ချိန်အတိုင်းလုပ်ကိုင်နိုင်ရေးအတွက်လျှပ်စစ်ဝန်ကြီး၊တိုင်းလျှပ်စစ်အင်ဂျင်နီယာမှကြပ်မတ်ပေးပါရန်တင်ပြခြင်း...။ ရခိုင်ပြည်နယ် ရမ်းဗြဲမြိုနယ်အုပ်ချုပ်ရေးမူးမှ ဒုတိယ ကြိမ်လယ်သမားတစ်ဦးလျှင်(3000)စီလာရောက်ကောက်ခံသွား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
 သာစည်မြို့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှစက်ယက္ကန်းများကိုသတ်မှတ်ချိန်အတိုင်းလုပ်ကိုင်နိုင်ရေး
အတွက်လျှပ်စစ်ဝန်ကြီး၊တိုင်းလျှပ်စစ်အင်ဂျင်နီယာမှကြပ်မတ်ပေးပါရန်တင်ပြခြင်း
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ပေးထားသောညနေ(၅)နာရီမှည(၁၀)နာရီအချိန်ကိုမနားတော့ဘဲလုပ်ငန်
လုပ်ကိုင်နေသည့်အတွက်ျကနော်တို့ ပြည်သူများမှာမီးအားပြည့်ဝစွာမသုံးစွဲရ
ခြင်း  အိပ်ကောင်းခြင်းမအိပ်ရ ကျောငိးသားသူ များစာမကျက်ရ  သက်ကြီးရွယ်အိုများ
ရပ်ကွက်များတွင်အလွန်ဆူညံသော စည်းကမ်းမဲ့သောစက်ယက္ကန်းများထားရန်မသင့်
ပါ။မြို့ လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများမှာလည်းငွေယူပြီုးပြည်သူတို့ ၏လိုအပ်ချက်
ထောင်စုနှင့်မန္တလေးတိုင်းဒေသကြီးလျှပ်စစ်ဝန်ကြီးနှင့်တိုင်းအင်ဂျင်နီယာတို့ အနေဖြင့်
စည်းကမ်းတကျသတ်မှတ်ချိန်အတိုင်းလုပ်ငန်းလုပ်ကိုင်ရေးအတွက်ကြပ်မတ်ဆောင်
ရွက်ပေးပါရန်တောင်းဆိုတင်ပြအပ်ပါသည်။
           ဦးမြင့်လွင်    
       09402647758
        (ပညာရေး-ငြိမ်း)
 TZI-080061   အမှတ်(၁)သီရိမင်္ဂလာရပ်
          သာစည်မြို့ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရခိုင်ပြည်နယ် ရမ်းဗြဲမြိုနယ်အုပ်ချုပ်ရေးမူးမှ ဒုတိယ ကြိမ်လယ်သမားတစ်ဦးလျှင်
(3000)စီလာရောက်ကောက်ခံသွား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရခိုင်ပြည်နယ် ရမ်းဗြဲမြိုနယ် မီးကျောင်းတက်အုပ်စု မီးကျောင်းတက်ကျေးရွာ တွင်
 လယ်လုပ်ကိုင်နေသော လယ် သမားများအား 6 . 10 . 2013 နေ့တွင် အုပ်ချုပ်ရေးမူး ဦးလှရွှေ နှင့်
 စာရေး ဦးအောင်ကျော်ထက်တို့လာ ရောက်၍ လယ်ယာမှတ်ပုံတင် စာအုပ် အသစ်ပြုလုပ်ရန်ုရောက်
လာပြီး စာအုပ် ရရန်လျှောက်လွှာအတွက် လယ်သမား တစ်ဦးလျှင် (3000) ပေးရမည်ဟုဆိုကာပထမကြိမ်လိမ်လည်ကောက်ခံသွားပါသည်။ယခုလည်း အထက်လူကြီးများအရေးယူစစ်ဆေးခြင်းမရှိသည့်
 အပြင် ဒုတိယ ကြိမ် 11 . 10 .2013 နေ့တွင် နားမူးကွင်း ၊ ပသန်ချောင်ကွင်း ၊ လဟာကွင်း
တို့ကိုပါ စာရေးဦးအောင်ကျော်ထက် ကိုယ်တိုင်လယ်သမားတစ်ဦးလျှင်
(3000)စီလာရောက်ကောက်ခံသွားပါသည်။ စာအုပ်ရပါကဦးပိုင်တစ်ခုအတွက်တစ်အုပ်ကို(500)ကျပ်စီပေးမည်လို့ပြောသွားပါသေးသည်။ထက်လူကြီးတွေ 
အနေနဲ့  ကျနော် တို့ရွာ လယ်ယာမှတ်ပုံတင် ကိစ္စကိုအရေးယူ ပေးစေလိုကြောင်း
ထပ်မန် တိုင်ကြားအပ် ပါသည်။   
ရမ်းဗြဲမြို့သားတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  
No comments:
Post a Comment