Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 19 October 2013

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွကနိုင်ငံတော်မှအခွန်ကင်းလွတ်ခွင့်ပေးသော်လည်းစလင်းမြို့ နယ်တွင်ယနေ့အထိအခွန်ပေးဆောင်နေရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်အစိုးရမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်
အခွန်ကင်းလွတ်ခွင်
့ပေးသည်ဟုနိုင်ငံပို့င်ရုပ်သံလိ
ုင်းများမှအများပြည်သူသိရှိစေရန်ကြေငြာထုတ်ပြန်ထားသော်လည်း
ကျနော်တို့ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ်
တွင်အခွန်ကင်းလွတ်ခွင့်မရသည့်အပြင် ၂၀၁၃ ။၂၀၁၄ ခုနှစ်အတွက်
အခွန်ငွေများကိုပေးသွင်းနေကြရပါသည်။ထို့ ကြောင့် ကျနော်တို
့မှအခွန်ငွေများလာရောက်တောင်းခံကြသော စလင်းမြို့ နယ်စည်ပင်နှင်
့စလင်းမြို့ နယ်အခွန်ရုံးတို့ အားမေးမြန်းရာ လည်းရုံးတို
့မှနိုင်ငံတောမှကြေငြာထားတာတော့မှန်ပါသည် ကျမတို
့မှအထက်ကညွန်ကြားထားခြင်းမရှိသေးသောကြောင်
့အခွန်ဆက်လက်ကောက်ခံနေရခြင်းဖြစ်ကြောင်းပြောပါသည်။ထို သို
့အများပြည်သူသိ့ရှိစေရန်နိုင်ငံတော်မှတရားဝင်ကြေငြာချက်အပေါ်ပြည်သူများအနေဖြင့်အတည်ယူ၍မရဘူးလားဟုကျနော်တို
့လုပ်ငန်းရှင်များမှမေးမြန်းရာ ဒါတော့ကျမတို့ လည်းမပြောတတ်ဖူး ကျမတို့ 

ဌာနမှတရားဝင်ညွန်ကြားချက်မရှိသေးသ၍ကျမတို
့ကဆက်လက်အခွန်ကောက်ခံရဦးမည်ဖြစ်ကြောင်းစလင်းမြို့ နယ်စည်ပင်သာယာရေးအဖွဲ
့နှင့် အခွန်ရုံးတို့ မှ တာဝန်ခံအမျိုးသမီးနှစ်ဦးမှပြောပါသည်။ထိုသို
့ဆိုလျှင်ပြည်သူများအနေဖြင့်နိုင်ငံတော်၏ကြေငြာချက်များအပေါ်မည်သို
့လိုက်နာဆောင်ရွက်ရပါမည်နည်း။ကျနော်တို့သိရှိနားလည်သည်မှာ
နိုင်ငံတော်အနေဖြင့်ကြေညာထားသောကြေငြာချက်သည်
ထုတ်ပြန်သည့်နေ့မှစ၍အတည်ဖြစ်သည်ဟုယုံကြည်နားလည်မိပါသည်။စလင်းမြို့ နယ်မှ
စည်ပင်နှင့်အခွန်ရုံးတို့ ၏ပြော့ကြားချက်များအရ
နိုင်ငံတော်မှကြေငြာချက်ထုတ်ပြန်ထားသော်လည်း ၄င်းတို့ ၏ဌာနဆိုင်ရာအဖွဲ
့အစည်းများမှ ညွန်ကြားချက်မရှိသေးဟုဆိုသောအချက်သည်စဉ်းစားစရာကောင်းလှပါသည်။
၎င်းတို
့ကိုနိုင်ငံတော်မှပင်ဖွဲ
့စည်းထားခြင်းမဟုတ်ပါလော။စဉ်းစဉ်းစားစားလည်းပြောကြပါဦး ဗျာ။၎င်းတို
့ကိုကျနော်တို့ မှမေးပါသေးသည် ရုပ်သံလိုင်းများမှာကြေငြာထားသော
အသေးစားနှင့် အလတ်စားလုပ်ငန်းများအခွန်ကင်းလွတ်ခွင့် ရှိသည်ဆိုတာမည်သို
့သောအခွန်ကိုဆိုပါသနည်းဟုမေးမြန်းရာ ၄င်းတို
့မှပြန်လည်ဖြေကြားပေးနိုင်ခြင်းမရှိပဲ ဒါတော့ကျမတို့ လည်းမသိဘူး ကျမတို
့ကတော့ ကျမတို့ အထက်ကညွန်ကြားချက်မရှိသေးရင်တော့ဆက်လက်အခွန်ကောက်ခံရမှာပဲဟုရုံးနှစ်ရုံးလုံးမှတာဝန်ခံအမျိုးသမီးများမှပြောသွားပါသည်။နိုင်ငံတော်သမ္မတကြီးသိရှိစေရန်
တင်ပြအပ်ပါသည်ခင်ဗျာ။


                                   စလင်း
နှင့်ဆင်ဖြူကျွန်းမှအသေးစားအလတ်စားလုပ်ငန်းရှင်များ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment