Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 27 October 2013

ပဲခူးတိုင်း ဒေသကြီးGSM ဖုန်းလိုင်းများ ဖုန်းဖြစ်ပါလျှက် ဆင်းကဒ် အလုပ် မလုပ်ပါ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘုရားက လေး ကျေးရွာ တွင်
ဝယ်ယူသုံးစွဲ ထားသော GSM ဆင်းကဒ်များမှာ ကျပ် ၇၀၀၀၀ ပေးရပြီး ၁၅၀၀
ကျပ်တန် ဖုန်းလောက် အင်တာနက်မိဘို့ ဝေးစွ ဖုန်းခေါ်ဆို ၍ပင် မရ
ဖြစ်နေပါသည်။
သတင်းတင်ပြီး လွင့်ပေးချိန်သာ လာရောက် ကြည့်ွှရှုပြီး ဖြေသိမ့်
ပေးသော်လည်း ယခုချိန်ထိ လစ်လျူရှုခြင်း တာဝန်မယူပေးခြင်း များကြောင့်
GSM ကိုင်ဆောင်သူများအတွက် ဆက်သွယ် ရေးလုပ်ငန်းအပေါ် တာဝန်ယူမှု့
အားနည်းနေသည် ဟု ထင်မိပါသည်။
စီးပွါးရေး လူမှုရေး ကျမ္မရေး စသည်တို့အတွက် လွယ်ကူစွာ ဆက်သွယ် ရန်
၅၀၀၀၀ ကျပ် ဝယ်ယူလိုက်သော ဖုန်းမှာ Game ကစား ခြင်း Camera
ရိုက် နိုင်ခြင်း စသည်တို့ကို တာဝန်ကျေ၏ သူ့အလုပ် သူလုပ်၏ ၇၀၀၀၀
ကျပ်နှင့် ဝယ်လိုက်သော GSM ဆင်းကဒ် မှာ အလုပ်မလုပ်ပါ တာဝန် မယူနိုင်
ပါ ။
ထို့အတွက်ကြောင့် ၅၀၀၀၀ ကျပ်နှင့် ရောင်းသော HUAWEI ဖုန်း အခွန်
တာဝန်ယူသကဲ့သို့ ၇၀၀၀၀ ကျပ်နှင့် ရောင်းသော GSM ဆင်းကဒ် လည်း
တာဝန်ယူစေချင်ပါသည်။ ဘုရားကြီး ဆက်သွယ်ရေး ရုံးနှင့် ၃ မိုင်သာ ဝေးသော
ဘုရားကလေး ကျေးရွာ အပေါ်တာဝန်ယူပြီး လုပ်ပေးပါရန် 50000 တန် HUAWEI ကဲ့သို့ တာဝန်ယူ အလုပ်လုပ်ပေးရန် ဘုရားကြီးမြို့ ဆက်သွယ်ရေးအား အသိပေး တင်ပြလိုက်

ရပါသည် ။

ဘုရားက လေးသားမျာ့း
-- jokerboy079@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment