Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 13 October 2013

မွေးရေ၀န်ကြီးကျေးလက်ဖွံ့ဖြိုးရေးနှင့် ဒီဝိုင်အယ် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လက်ရှိအစိုးရဆောင်ရွက်နေတဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
ကြီးဟာ လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်လှသလို စနစ်တကျနဲ့
ဖြစ်နိုင်ခြေအပေါ်မူတည်ပြီးမဖြစ်မနေဆောင်ရွက်သွားရမယ့်
လုပ်ငန်းတစ်ခုဖြစ်ပါတယ်လက်ရှိအခြေအနေတွေအရ
အောင်မြင်မှုရှိနေပြီလားဒါမှမဟုတ်ဘယ်ဆီသို့ဦးတည်နေပါသလဲ
မြှော်မှန်းထားသလိုကော တကယ်အောင်မြင်မှုရလာနိုင်ပါ့မလားဆိုတာ
တွေဟာမေးခွန်းထုတ်စရာတွေများစွာရှိနေတဲ့ကိစ္စဖြစ်ပါတယ်
အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုဆောင်ရွက်တော့မယ်လို
ကြေငြာလိုက်တာနဲ့တပြိုင်နက်ကျေးလက်နေပြည်သူတွေအနေနဲ့
မြှော်လင့်ချက်တွေကိုယ်စီထားနေခဲ့ကြတာပါဟိုအရင် ဖဆပလ ခေတ်တုန်းက
ကြွေးကြော်ခဲ့ကြသလိုတိုက်တစ်လုံးကားတစ်စီးဖြစ်အောင်
အစိုးရကလုပ်ပေးတော့မလောက်မျော်လင့်တကြီးရှိနေခဲ့ကြတာပါ
အခုလက်ရှိတကယ်တန်းဆောင်ရွက်နေတာတွေကြည့်
လိုက်ရင်အထင်ရှားဆုံးတွေ့နိုင်တာက ကျေးလက်ကပြည်သူတွေ
ကို စိုက်ပျိုးရေး အတတ်ပညာမွေးမြူရေးအတတ်ပညာနဲ့
စက်မှုလယ်ယာဆိုင်ရာအတတ်ပညာတွေအတွက်
သင်တန်းတွေဖွင်လှစ်ပို့ချတာတွေစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေ
မှာထူးချွန်စွာဆောင်ရွက်နိုင်သူတွေကို သမ္မတကိုယ်တိုင်ကဂုဏ်ပြု
ချီမြင့်တာတွေဆောင်ရွက်နေတာတွေ့ရပါတယ်….
နောက်တခါသာမန်စိုက်ပျိုးရေးတောင်သူတွေ
တစ်ဖက်တစ်လမ်းကနေမွေးမြူရေးလုပ်ငန်းဆောင်ရွက်ပြီ
ဝင်ငွေတိုးပွားလာစေဖို့ရည်ရွယ်တာမို့အတိုးနှုန်းနည်းနည်းနဲ့
ငွေထုတ်ချေးပေးတာမျိုးတွေရှိလာတာတွေ့ရပါတယ်
အဲဒီတော့ ချေးငွေရယူတဲ့တောင်သူတွေရဲ့အနေအထားကို
တစ်ချက်ကြည့်ဖို့လိုလာမှာပါလက်တွေ့မှာ ချေးငွေရယူခဲ့တဲ့
တောင်သူတွေအနက် အချို့ကသာမွေးမြူရေးကိုအမှန်တကယ်ဆောင်
ရွက်ကြတာပါ အချို့ကတော့ချေးငွေယူပြီး အိမ်ဆိုင်ဖွင့်သူကဖွင့်
အတိုးပေးစားသူက အတိုးပေးစားဆိုင်ကယ်ဝယ်စီးသူက ၀ယ်စီးကြနဲ့
ပြုံးလို့ပျော်လို့ပါပဲရွာထဲမှာရှိတဲ့ ချဲဒိုင်ဆီသွားပြီးဘိုးဘိုးအောင်တန်ခိုးနဲ့ ငွေတွေ
ဆတိုးလိုက်ကြလို့ ပြန်ဆပ်ဖို့အချိန်ရောက်တဲ့အခါပြသနာတက်နေကြ
တာတွေလည်း မကြာခဏကြားသိနေရတဲ့အခြေအနေတစ်ရပ်ပါပဲ
တစ်ချို့ကလည်း ဖဲရိုက်ကြက်တိုက်အရက်သောက်ပစ်လိုက်ကြတာမျိုး
လည်း ကြားမိပါရဲ့ရာခိုင်နှုန်းအနည်းငယ်မျှသောတောင်သူများဟာမွေးမြူရေးကိုအမှန်
တကယ်ဆောင်ရွက်နေကြတာဖြစ်ပါတယ် မွေးမြူရေးလုပ်ငန်းဆိုတာ
ကလည်း သက်ရှိသတ္တ၀ါတွေနဲ့ဆောင်ရွက်ရတဲ့အတွက်ကြောင့်
တောင်သူရဲ့ဗဟုသုတနည်းပါးမှုနည်းစနစ်မကျွမ်းကျင်မှု
ရောဂါဘယ ဖိစီးနှိပ်စက်မှုတွေကလည်းရှိနေပြန်တော့
အောင်မြင်ပြီး စီပွားဖြစ်သူတွေရှိသလို လုပ်ငန်းမအောင်မြင်ပဲ
ဆုံးရှုံးသွားလိှု့ အကြွေးပြန်မဆပ်နိုင်ကြတော့သူတွေလည်းမနည်းလှပါ…ဒါကတော့
ချေးငွေယူကြတဲ့ တောင်သူတွေအခြေအနေတွေပါ
အဆိုးဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးကတော့မွေးမြူရေးဝန်ကြီးရဲ့အစီအစဉ်နဲ့
ကျေးလက်တွေကို မွေးမြူရေးဝက်တွေ အကြွေးစံနစ်နဲ့ရောင်းနေတဲ့ကိစ္စ
ပါပဲ…ဒီဝိုင်အယ်ဝက်မျိုးလို့ခေါ်တယ်ဆိုပဲ…ဒီတော့ ၀က်မျိုးသစ်များလား
လို့လေ့လာစုံစမ်းကြည့်မိပါတယ်တကယ်တော့ ဟိုအရင်အကြွေးတွေ
ထူလွန်းပြီး အရှုံးပြနေလို့ဖျက်သိမ်းခံလိုက်ရတဲ့ မေွးွမြူရေးအစားအစာ
လုပ်ငန်းကမွေးထားတဲ့ ရောသမမွှေဝက်တွေပါ…ဒူးရော့၊ယော့ရှိုင်းယား
နဲ့ ၀က်ဖြူကြီးမျိုးဝက်တွေကိုပြန်ကာလှန်ကာသားစပ်ထားတဲ့
မျိုးပျက်ဝက်တွေမှန်းသိလိုက်ရပါတယ်စနစ်တကျ ဘယ်ဝက်မျိုးရဲ့ဗီဇ
ကဘယ်လောက်ပါဝင်တယ်ဆိုတာဘယ်သူမှမပြောနိုင်ကြပါဘူး
စနစ်တကျမျိုးမြှင့်သားစပ်ထားတာမဟုတ်ပဲဖြစ်သလို ကြုံသလိုသား
စပ်ထားတဲ့ဝက်တွေရဲ့အရည်အသွေးဟာလည်းအာမခံနိုင်ခြင်းမရှိပါဘူး
နောက်ပြီးတော့ အရွယ်အစားအားဖြင့်အရပ်ထဲမှာ လေးသောင်းလောက်သာ
တန်ကြေးရှိတဲ့ အရွယ်တွေကိုမွေးမြူရေးဝန်ကြီးက စေတနာတွေ
ဗလပွနဲ့ အကြွေးချပေးလိုက်ပုံကတစ်ကောင်ကို ရှစ်သောင်းပါတဲ့
ဒါပေမယ့် ဒီလုပ်ငန်းဆောင်ရွက်နေရတဲ့အောက်ခြေ၀န်ထမ်းခမျာလည်း
အထက်ကစီမံချက်နဲ့ပေးလာတဲ့တာဝန်ကျေပြွန်အောင်
ရွာတွေရောက်တော့ဝက်တွေဟာမျိုးကောင်းဝက်တွေဖြစ်တဲ့အကြောင်း
သာတွင်တွင်ပြောပြီး အစွံထုတ်ကြပါတော့တယ်မွေးမြူတဲ့ တောင်သူလက်ထဲလက်တွေ့
တကယ်မွေးမြူကြည့်တဲ့အခါမှာတော့ပြသနာမျိုးစုံကြုံရပါတော့တယ်…
အရပ်ထဲမှာကျွေးတဲ့အစာမျိုးကျွေးရင်ဝက်တွေက မစားတဲ့ပြသနာ..ကြီးထွား
မှုနှုန်းနှေးကွေးလို့ အချိန်ကုန်အလုပ်ပျက်ဖြစ်ရတဲ့ပြသနာတွေ တောင်သူတွေ
လက်တွေ့ခံစားနေကြရပါပြီတစ်ချို့တောင်သူတွေလဲဝက်တွေမှာဖြစ်တတ်တဲ့ ဟို
ခေတ်ပေါ်ရောဂါတစ်မျိုးဆိုလားအဲဒီရောဂါဖြစ်ပြီး ၀က်က
မွေးတာမှမကြာသေးဘူးသေသွားတော့ အကြွေးသာ အဖတ်တင်ကျန်
ခဲ့တာတွေလည်းတွေ့နေရပါတယ်ဒါကြောင့်မို့ မွေးမြူရေးဝန်ကြီးရဲ့
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုတာကြီးက တောင်သူတွေအတွက်
တော့ မွဲပြာကျရေးလုပ်ငန်းကြီးဖြစ်လို့နေပါကြောင်း စေတနာကောင်းနဲ့
ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း တင်ပြအပ်ပါသည်။

သွန်းဝေသီ
 
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment