Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 14 October 2013

မန်းတလေးမြို့ပြည်ကြီးတံခွန်မြို့နယ်တွင်အိမ်စောင့်ထားခဲ့သည့်အလုပ်သမားက(၈၂)သိန်းကျော်ဖိုးရှိငွေသားနှင့်လက်ဝတ်ရတနာများခိုးယူသွား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန်းတလေးမြို့ပြည်ကြီးတံခွန်မြိ
ု့နယ် သင်ပန်းကုန်းရက်ကွက်တွင် အိမ်စောင့်ထားခဲ့သည့် အလုပ်သမားက (၈၂)ကျော်ဖိုးရှိငွေသားနှင့်လက်ဝတ်ရတနာများ ခိုးယူသွားသည်ဟုဆိုသောတိုင်တန်းမှု တခု အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပွားခဲ့သည်။ 
   ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက် ညည (၂၂/၂-က) နေ ကိုသန်းလှိုင်ထွန်း (J-2 ရေဆေးဆီလိုက်ပိုင်ရှင်သည် ၎င်း၏ ဇနီးနှင့် အတူ ဒိုင်းမွန်းပလာဇာတွင် ဈေးဝယ်ရန်အတွက် နေအိမ်တွင် အလုပ်သမားဖြစ်သူ မျိုးမင်းထိုက်(၃၀)နှစ်(ဘ)ဦးချမ်းမြအောင် ၁၂/မရက(နိုင်)၁၃၈၇၄၀ အား အိမ်စောင့်အဖြစ် ထားခဲ့ပါသည်။
    ည(၉) နာရီ အချိန်ခန့် တွင် အိမ်ပြန်ရောက်သောအခါ မျိုးမင်းထိုက်(၃၀) နှစ်အားမတွေ့ရှိတော့ဘဲ အိမ်ရှေ့တံခါး နှင့်အိမ်နောက်ပေါက် ခြံစည်းရိုးတံခါးများ ပွင့်နေသည် ကို မြင်တွေ့ရသဖြင့် မသင်ကာဖြစ်ပြီး နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ရာ အိပ်ခန်းတံခါးသော့ကို ရိုက်ဖွင့်ပြီး ငွေသား(၄၅) သိန်း စိန်အသေး(၁၆)လုံးပါ ရွှေလက်စွပ်(၁)ကွင်း (၁၀)သိန်း ပတ်တမြားလက်စွပ်(၃)သိန်း ပလက်တီနမ် စိန်နာကပ်(၁)ဖက်(၂)သိန်းEso-4 မော်ဒယ်cannon တံဆိပ်ကင်မရာ (၁)လုံး(၁၅)သိန်း Lenovo လက်တော့(၁)လုံး(၄)သိန်း I-phone. 4s ဟန်းဆက်(၁)လုံး (၃)သိန်း Samsung ဟန်းဆက်(၁)လုံး (၅)သောင်း ဦးသန်းလှိုင်ထွန်း ၉/အမဇ(နိုင်)၀၀၉၈၅၇ နှင့်passport M-411525 စုစုပေါင်းတန်ဖိုး (၈၂သိန်း ၅သောင်း)တန်ဖိုးရှိ ပစ်စည်းများပျောက်ဆုံးသွားပါသဖြင့်        
အလုပ်သမား မျိုးမင်းထိုက် (၃၀) နှစ် (ဘ)ဦးချမ်းမြအောင်၊၁၂/မရက(နိုင်)၁၃၈၇၄၀၊ သမိုင်း ကျောက်ပြားစက်လမ်း (၂)ရပ်ကွက် အိမ်အမှတ် (၃၄၇)မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့နေသူအား ပြည်ကြီးတံခွန်ရဲစခန်းမှ (ပ) ၅၁၇/၂၀၁၃. ပြစ်မှုဆိုင်ရာပုဒ်မ၃၈၁ အရ အမှုဖွင့်တိုင်ထားပါသော်လည်း ယနေ့ ၁၃-၁၀-၂၀၁၃ ထိတိုင် မဖမ်းဆီးနိုင်သေးပါ ။ 
                          

                  ဦးသန်းလှိုင်ထွန်း 
                ၉/အမဇ(နိုင်) ၀၀၉၈၅၇ 
                 ၀၉-၄၀၂-၆၂၄-၆၆၉

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment