Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 17 October 2013

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အာဏာပိုင်များ အလုပ်လုပ်ပုံမမှန်တာလား၊ မလုပ်ပဲများနေတာလား >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ဒါး
လက်အုပ်စု၊ဒါးလက်အနောက်ရွာ ၊မြသိန်းတန်ကျောင်းတိုက် ပိုင်ဆိုင်မှုနှင့်ပါတ်သက်၍မြို့နယ်၊ပြည်နယ်သံဃာ့နာယကအဖွဲ့အစည်း၏ဆုံးဖြတ်ချက်နှင့်ပြည်နယ် သာသ နာရေးမှူး၏ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြချက်တွင် ဦးသုနန္ဒသည် မြသိန်းတန်ကျောင်းနှင့်မသက်ဆိုင် သဖြင့် ဖယ်ရှားပေးရမည်၊မဖယ်ရှားပါက (၂၀/၉၀) ဥပဒေအရတရားစွဲဆိုရမည်ဟု ပါရှိသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်မြို့နယ်သံဃာ့နာယကအဖွဲ့အား အာဏာစက်ဖြင့်ကူညီမှုမရှိခြင်းကြောင့် ယခု အချိန်တွင် ရပ်ရွာ၌ စနက်တံဖြုတ်ထားသော ဗုံးတစ်လုံးကဲ့သို့ပေါက်ကွဲမည့်အခြေအနေတွင် တည်ရှိနေပြီး၊ ရွာသူ/သားအားလုံး အသက်အန္တရာယ်စိုးရိမ်ရခြင်းရှိနေပြီး မြို့နယ်အာဏာပိုင်အဖွဲ့မှာလျှစ်လျူပစ်ထားကြ ခြင်းကြောင့် မြို့နယ်အာဏာပိုင်အဖွဲ့သည့်)ပြဿနာမဖြစ်လျှင်ဖြစ်အောင် ဖန်တီးထားနေတာလား အထက်လူကြီး မင်းများသိရှိစေရန် BBC,RFA,BOA,DVB စသော သတင်းဌာနတစ်ခုခုမှ ကြေငြာပေးစေချင်သည်။
အရှင်ကောဝိဒ
ဓမ္မာစရိယ၊B.A,M.A(Srilanka)

မခံမရပ်နိုင်ဖြစ်နေလို့ ဦးဇင်းတစ်ပါးကကျွန်တော့်ဆီကိုရင်ဖွင့်ထားတာပါ....
အားလုံးကိုလည်း..အာဏာပိုင်တွေရဲ့လုပ်ဆောင်ချက်ကိုသိစေချင်ပါတယ်...
လဒ်စားထားလို့လား၊ ကြောက်လို့လား၊ မလုပ်ချင်လို့မလုပ်တာလား......(သူတို့၏နောက်ကွယ်မှာများ..တစ်ခုခုရှိနေတာလားဗျာ)
ဦးကောဝိဒ အတွက်လိုအပ်နေတာကတော့ (Justice) လို့ထင်ပါတယ်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment