Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 10 October 2013

အင်ရောင်းဆေးဝါးစက်ရုံဝန်ထမ်းများပြောင်းရွှေ့ ရေးကိစ္စုပြန်လည်စဉ်းစားပေးနိုင်ရန်နိုင်ငံတော်သမ္မတကြီးထံတင်ပြခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျောက်ဆည်အင်ရောင်းဆေးဝါးစက်ရုံသို့စက်မှုဒုဝန်ကြီးဦးသိန်းအောင်၇-၁၀-၁၃
ရက်နေ့ ကလာစဉ်က စက်ရုံကိုပုဂ္ဂလိကသို့ လွှဲတော့မှာဖြစ်လို့  ထွက်ချင်ထွက် မထွက်
ချင်ကပြောင်းချင်တဲ့နေရာကိုယ့်အစီအစဉ်နဲ့ ပြောင်းလို့ ဆိုတော့ပြည်သူကရွေးချယ်
ထားတဲ့ပြည်သူ့ ကိုယ်စားလှယ်တစ်ယောက်ကနိုင်ငံ့ဝန်ထမ်းတွေအပေါ်လက်လွတ်စပယ်
ပြောခဲ့ဟာကိုယ်ချင်းမစာနာတတ်သူတစ်ဦးလို့ ယူဆရမလိုဖြစ်နေပါတယ်။နိုင်ငံ့ဝန်ထမ်း
ဘဝကိုမြတ်နိုးလွန်းလို့ တာဝန်ကျရာနေရာမှာနေနေကြတာပါ။ကျနော်တို့ နေရာမှာ
ဝန်ကြီးရဲ့ သားသမီးဆွေမျိုးတွေရှိရင်ကောဒီလိုပြောမှာလား။ကျနော်တို့ နိုင်ငံ့ဝန်ထမ်း
ဘဝမှာဘဲနေချင်ပါတယ်။ကုမ္ပဏီမှာလုပ်ချင်ရင်အစထဲကနိင်ငံဝန်ထမ်းမလုပ်ခဲ့ပါ။အခြား
သူများနဲ့ အကျိုးတူုလုပ်မယ်ဆိုရင်တောင်ဝန်ထမ်းတွေရဲ့ နောင်ရေး ဝန်ထမ်းတွေ
အခြားဌာနစက်ရုံတွေပြောင်းရွှေ့ ရေကိုပါဝန်ကြီုးလုပ်ပေးသင့်ပေါ့။အခုတော့ဝန်ထမ်း
တွေကသောင်ပြင်လွှတ်တဲ့ခွေးလိုဘယ်သွားရမှန်းမသိဖြစ်နေရပါတယ်။အဘ
သမ္မတကြီးဦးသိန်းစိန်နဲ့ အဘပြည်သူ့ လွှတ်တော်ဥက္ကဌကြီးသူရဦးရွှေမန်းတို့ 
အနေဖြင့်ဝန်ထမ်းများရဲ့သောကများနှင့်ပူပန်မှုများကိုကူညီပေးပါရန်နှင့်မီဒီယာများ
မှလည်းဝိုင်းဝန်းဖြေရှင်းပေးကြပါရန်တင်ပြအပ်ပါသည်။

snowerwhiteflower@gmail.com
-------------------------------------

ဦးမြင့်လွင်လွင်
၉/သစန(နိုင်)၀၀၂၁၆၀
အင်ရောင်းဆေးဝါးစက်ရုံ ကျောက်ဆည်
၀၉-၄၀၂၆၄၇၇၅၉
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment