Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 10 October 2013

နေပြည်တော် လယ်ဝေးမြို့နယ်တွင်အရွယ်မရောက်သေးသူ ဆဌမတန်းကျောင်းသူတစ်ဦး သားမယားပြုကျင့်ခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျောင်းသူတစ်ဦးအား သားမယားပြုကျင့်မှုတစ်ခု နေပြည်တော်တွင် ၂၇.၉.၂၀၁၃
နေ့က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နေပြည်တော် လယ်ဝေးမြို့နယ်
အောင်သာကျေးရွာအုပ်စု ယက္ကန်းစင်တောင် ဓမ္မပါလကျောင်းတွင်နေထိုင်သော
မောင်ထွေးမောင် (ဘ) ဦးထွန်းအေး အသက် (၃၅) နှစ်ကျော်ခန့်သည်
အောင်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆဌမတန်းပညာသင်ကြားနေသော
မ...... အသက် (၁၃) နှစ်အား ဓမ္မပါလကျောင်းထိုင်ဘုန်းကြီး
ဦးတေဇိန္ဒမှ ခေါ်ခိုင်းသည်ဟုဆိုကာ ခေါ်ဆောင်ပြီး ရန်ကုန်-မန္တလေး
အမြန်လမ်းမဘေး မိုင်တိုင်အမှတ် (၁၈၈/၄) အရောက်တွင်
လမ်းဘေးသို့အတွင်းအဓမ္မဆွဲခေါ်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ပါသည်။
မိဘမောင်နှမများနှင့် တစ်စုံတစ်ဦးကို ပြန်ပြောပါက သစ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့ပါသည်။
 ထိုအကြောင်းကို မိခင်နှင့် ညီအကိုမောင်နှမတို့အား ပြောပြသည့်အတွက်
မိခင်ဖြစ်သူမှ လယ်ဝေးမြို့နယ် အမှတ် (၁) ရဲစခန်းသို့ ၄.၁၀. ၂၀၁၃ နေ့တွင်
အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ လယ်ဝေးမြို့ အမှတ်(၁) ရဲစခန်း ဒုရဲအုပ်
ဦးကျော်စိုးလင်းမှ အမှုကိုလက်ခံကာ ဆောင်ရွက်ပေးနေပါသည်။ တရားခံမှာ
လက်ရှိအချိန်တွင် ထွက်ပြေးပုန်းရှောင်နေပါသည်။ အဓမ္မပြုကျင့်ခံရသူ
မ.......သည် အသက် (၁၃)နှစ်သာရှိသေးပီးဆဌမတန်းပညာသင်ကြားနေသူကျောင်းသူတစ်ဦးဖြစ်ပါသည်။
  တရားခံသည် သားမယားပြုကျင့်မှုမှာ ပထမဆုံးအကြိမ်မဟုတ်ပဲ
တစ်ခြားကျောင်းသူလေးများကိုလဲ သားမယားပြုကျင့်ဖူးသည်ဟုသိရပါသည်။
တရားခံသည် ဓမ္မပါလကျောင်း ကျောင်းထိုင်ဘုန်းကြီး ဦးတေဇိန္ဒ၏ ညီအရင်းဖြစ်ကာ
ယခင်ကျူးလွန်မှုများကို ဦးတေဇိန္ဒမှဖုံးကွယ်ထားကြောင်း သိရပါသည်။
ယခုအမှုကိုလဲ ဦးတေဇိန္ဒမှ ငွေဖြင့်လိုက်ကာ ကျိုးစားနေကြောင်း သိရပါသည်။
  မိခင်ဖြစ်သူနှင့် ညီအကိုမောင်နှစ်မများမှာ
တောသူတောင်သားများဖြစ်သည့်အတွက်
မြို့နယ်ပညာရေးမှုး၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊အမျိုးသမီးရေးရာတို့ကို
တိုင်ကြားကာ အကူအညီတောင်းခံထားကြောင်း သိရပါသည်။

 ပေးပို့သူ    ကိုသိန်းနိုင်(ယက္ကန်းစင်ကျေးရွာ အုပ်ချုပ်ရေးမှုး)
                ဖုန်း ၀၉၄၃၁၅၃၂၃၃။ မှတ်ပံတင်အမှတ် ၉/လ၀န(နိုင်)၁၄၄၆၀၃
                ယက္ကန်းစင်ကျေးရွာ။အောင်သာအုပ်စု လယ်ဝေးမျြို့နယ် နေပြည်တော်။
 
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment