Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 9 October 2013

တိုက်ကြီးမြို့နယ်ဖလုံကံကုန်း ကျေးရွာအုပ်စု အများပိုင် ကျေးလက် ဆေးခန်း မြေ နေရာကို ပြည်သူများအားအသိမ ပေးဘဲမီးကော်မတီ အဖွဲ့မှ ရောင်းစားမူအားအ ရေးယူပေးပါရန်...။ Online :လိမ်လည်မှု >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

တိုက်ကြီးမြို့နယ်ဖလုံကံကုန်း ကျေးရွာအုပ်စုအများပိုင်  ကျေးလက် ဆေးခန်း မြေ နေရာကို
 ပြည်သူများအားအသိမ ပေးဘဲမီးကော်မတီ အဖွဲ့မှ ရောင်းစားမူအားအ ရေးယူပေးပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

  တိုက်ကြီးမြို့နယ် ဖလုံကံကုန်းကျေး ရွာအုပ်စုတွင် မီးကော်မတီ ဟူသော အဖွဲ့မှကျေးလတ်နေ ရပ်မိရပ်ဖများ ပြည်သုများနှင့်အုပ်ချုပ်ရေးမှုးအား အသိမ ပေးဘဲမီးကော်မတီမှ
မီးလင်းရေးအတွတ်ဟုဆိုကာ ငွေ(၇)သိန်းဖြင့် ရောင်းစားထားခဲ့သည်။
ယခု၂၀၁၃အောက်တိုဘာလအတွင်းမြန်မာ့ ဆက်သွယ်ရေးမှ ကျေးရွာနေပြည်သူများ ဆက်သွယ်ရေးကောင်း မွန် ရန် တာဝါတိုင် လာရောက်တည်ဆောက်မည့် နေရာအခတ် အခဲများ
ရှိ နေကြပြီး မီးကော်မတီမှ ပြည်သူပိုင်မြေ နေရာ အလွဲသုံးစား ပြုမူဖြင့် အရေးယူပေးရန် ရပ်မိရပ်ဖများ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ(၅၀၀)ဦးတို့မှ  မိမိတို့ လက်မှတ်ထိုး စားရင်းများဖြင့် သက်ဆိုင် ရာ ဌာနဆိုင် များသို့ အောက်တိုဘာ (၁၄)ရက်နေ့တွင် တင်ပြကြမည်ဖြစ်ပြီး  အ ရေးယူပေး ကြပါရန်အထက်လူကြီးများ အားအကြောင်းကြားအပ်ပါသည်။

                              ဖလုံကံကုန်းကျေးရွာအုပ်စု
                 ရပ်မိရပ်ဖများနှင့်ပြည်သူ(၅၀၀)ဦး
 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 
Online  :လိမ်လည်မှု
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
 ကျနော် ပြောပါမယ်။ online မှာ နိုင်ငံခြားက (အာဖရိက ဆီနီဂေါနဲ့ ရဝမ်ဒါ ကဖြစ်ဖို့များတယ်  ဒါပေမဲ့  တခြားဥရောပနိုင်ငံတွေဆီကလာတာလည်းတွေ့ရတယ်) မသိတဲ့လူစိမ်းတွေ (အထူးသဖြင့်မိန်းကလေးဖြစ်ဖို့များပါတယ်) ဝင်ဆက်သွယ်လာပါမယ်။ သူတို့email address ကိုပေးပြီး ဆက်သွယ်ခိုင်းပါလိမ့်မယ်။ရင်းနှီးမှုရသွားရင် သူတို့စတင်လိမ်လည်ပါပြီ။ သူ့မှာ အမွေရထားတဲ့  နိုင်ငံခြား အပ်ငွေတွေဒေါ်လာသန်းချီရှိကြောင်း ပြောပါလိမ့်မယ်။ ဒီငွေတွေကိုသူထုတ်လို့မရတဲ့ အကြောင်းတစ်ခုခုပြပါလိမ့်မယ်။ သူဟာ မိတ်ဆွေရဲ့ ဘဏ်အကောင့်ဆီ ကိုစာရင်းလွှဲပေးချင်ကြောင်း အကူအညီတောင်းပါလိမ့်မယ် ။ သူဒုက္ခရောက်နေတာကို ငွေရပြီးရင်လာကယ်ဖို့လည်းမှာပါမယ်။ သူ့နေတဲ့လိပ်စာတစ်ခုပေးပါလိမ့်မယ် ။ဖုန်းနံပါတ်လည်းပေးလိမ့်မယ်။ တကယ်လည်းဆက်လို့ရပါမယ်။  နောက် နိုင်ငံခြားမှာငွေအပ်ထားတဲ့ ဘဏ်ရဲ့ လိပ်စာနဲ့အချက်အလက်တွေပေးပါမယ်။ ယုံကြည်ပြီး ဆက်သွယ်ကြည့်ရင်လည်း ဟုတ်မှန်တယ်လို့ပြောမှာပါ ။ ငွေလွှဲဖို့ လိုတဲ့စာရွက်စာတမ်းတွေမှာ သူတို့နိုင်ငံက ရှေ့နေပါဝင်လက်မှတ်ရေးထိုးတဲ့ လွှဲပြောင်းစာ အစရှိတဲ့ဟာတွေလိုအပ်ကြောင်းပြန်ကြားပါလိမ့်မယ်။ ကဲ    ဇာတ်လမ်းစပါပြီ။ အဲဒီအခါမှာ သူတို့ က သူတို့နိုင်ငံက ရှေ့နေတစ်ယောက်ဆီ လမ်းညွှန်ပါလိမ့်မယ်။ လိပ်စာပေးပါလိမ့်မယ်။ မိတ်ဆွေဆက်သွယ် ရင်စာရွက်စာတမ်းလုပ်ခ ဒေါ်လာ၅၅၀(ခန့်မှန်း  တခုခု) တောင်းပါလိမ့်မယ်။ သူ့ဆီလွှဲရမဲ့ လိပ်စာပေးပါမယ်။ မိတ်ဆွေဆီ ဆက်သွယ်တဲ့ပုဂ္ဂိုလ် ကလည်းသူ့ရဲ့အခက်အခဲပြပြီး ငြင်းဆိုပါမယ်။ မိတ်ဆွေဆီက စိုက်ထုတ် ထားဖို့ အကူအညီတောင်းပါမယ်။ ဒေါ်လာကို သန်းချီပြီး မြင်ထားတဲ့မိတ်ဆွေကလည်း သနားတာရော လောဘစိတ်နဲနဲဝင်တာရောကြောင့် လွှဲပေးမိနိုင်ပါတယ်။ လုံးဝ မလွှဲမိပါစေနဲ့။ အဲဒါ လူလိမ်တွေပါ။ အုပ်စုဖွဲ့ပြီး လိမ်တာပါ။ IT ဖွံ့ဖြိုးကာစ နိုင်ငံတွေကိုပစ်မှတ်ထားပုံရပါတယ်။  ဒေါ်လာ၅၅၀ ဟာ တစ်ယောက်ချင်းအတွက်မများပေမဲ့ ၁၀ ယောက်ဆို ၅၅၀၀ ဖြစ်သွားပါပြီ။ တစ်ကမ္ဘာလုံးပတ်လိမ်မယ်ဆို  မယုံသူများနိုင်ပေမဲ့  ယုံသူနဲနဲလေးပဲ ရှိပါစေ  ၃ နှစ် ၄ နှစ်အတွင်း  ငွေပမာဏက အရမ်းကြီးကျယ်သွားပါမယ်။သူတို့ ဆင်ထားတဲ့အကွက် က ငွေနဲ့မြှု ယုံကြည်မှုယူ သနားအောင်လုပ် ပြီးမှ နဲနဲတောင်း   ဘဏ်လိပ်စာတွေ ဖုန်းနံပါတ်တွေ  email တွေအားလုံးကလည်းသူတို့စီစဉ်ထားပြီးသား ။ တော်တော်လေးကိုပိရိပါတယ်။ အချက်အလက်တွေက တော်တော်လေးလည်းသေသပ်ပ်ါတယ်။ ဘဏ်ရဲ့ ငွေရှိကြောင်းအကြောင်းကြားစာကလည်းအစစ်နဲ့တပုံစံတည်း ။ ရှေ့နေရဲ့ ID ကတ်ကလည်း အစစ်နဲ့ တထေရာတည်း။ မတူလည်း မြန်မာမျက်လုံးနဲ့ ခွဲခြားနိုင်ဖို့မလွယ်ပါဘူး။ ရှယ်ပေးကြပါ ။ သူငယ်ချင်းတွေ မိတ်ဆွေတွေကြားမှာရှိကောင်းရှိနေနိုင်ပါတယ်။  မဖြစ်သေးသူက သတိပြုကြပါ ။ ဒါ အကျဉ်းချုံးပြီးတင်ပြထားတာပါ။  သတင်းကိုလက်ဆင့်ကမ်းပေးပါ။ ဖြစ်နေသူကလည်း မယုံပါနဲ့တော့။ ငွေမလွှဲပါနဲ့။  ဆုံးမှာပါ။ မြန်မာတွေ အညာခံရမှာစိုးလို့ပါ။
 
တာဝန်သိပြည်သူတစ်ဦး  
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment