Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Wednesday 2 October 2013

မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူး ကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကိုကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေ ဆိုသော သတင်းအတွက် ပြန်လည် ဖြေရှင်းခြင်း>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူးကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 မိုးကုတ်မြို့ နယ်ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦးသည်ကြက်ခြေနီတပ်ဖွဲ့ပိုင်ကားဆိုင်ကယ်များကို
ကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေပြီးတပ်ဖွဲ့အတွက်ရသောဖုန်းကိုလည်းမဲမနှိုက်ပဲ ကိုယ်ပိုင်သုံးစွဲ၍ခေါင်းဆောင်
မပီသခြင်း၎င်းသည်မွတိစလင်လူမျိုးဖြစ်ြပီးတပ်ဖွဲ့ငွေများနှင့်အများဆိုင်ငွေများကိုကိုယ်ကျိုးသုံးစွဲလျက်ရှိပါသည်။မိမိအားမကြိုက်မှန်းသိသော်လည်းရာထူးရှုး၍မဆင်းနိုင်အရသာတွေ့နေပါသည်
၎င်းအားတပ်ဖွဲ့ဝင်အားလုံးကလက်မခံပါကြောင်းကြေငြာအပ်ပါသည်။

ညီညီလွင်
ရင်းတပ်ကြပ်ကြီးဟောင်း
မိုးကုတ်

////////////////////////

အထက်ပါ သတင်းနှင့် ပက်သက်၍ မိုးကုတ်မြို့နယ် ကြက်ခြေနီအဖွဲ့ပိုင် ကားအားမြို့နယ် ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦး ၏ နေအိမ်တွင်ထားရှိသော်လည်းကိုယ်ပိုင်ပစ္စည်းကဲ့သို့သုံးစွဲနေခြင်း
ငွေများနှင့်အများဆိုင်ငွေများကိုကိုယ်ကျိုးသုံးစွဲလျက်ရှိခြင်းဆိုသည်မှာလုံးဝ မဟုတ်ပါ။ တပ်ဖွဲ့ ပိုင်ဆိုင်ကယ်လည်း မရှိပါ။ စေတနာ့ ၀န်ထမ်းအဖြစ်ထမ်းဆောင်ခြင်း သည် ကိုးကွယ်ရာ ဘာသာနှင့်လည်း သက်ဆိုင်ခြင်း မရှိပါ။ကြက်ခြေနီအခြေခံမူ ၇ ချက်တွင်
၁-လူသားချင်း စာနာထောက်ထားခြင်း
၂-ဘက်လိုက်မှုမရှိခြင်း
၃-ခွဲခြားမှုမရှိခြင်း
၎-လွပ်လပ်စွာဆောင်ရွက်ခြင်း
၅-စေတနာဖြင့်ဝန်ဆောင်မှုပေးခြင်း
၆-စည်းလုံးညီညွတ်ခြင်း
၇-ကမ္ဘာတစ်ဝှမ်းလွှမ်းခြုံခြင်း တို့ဖြစ်ပြီး

ကြက်ခြေနီဆိုသည်မှာ မေတ္တာစိတ်ကိုအရင်းခံထား၍ဘေးဒုက္ခကျရောက်လွယ်သူများနှင့်
 ဘေးဒုက္ခကျရောက်နေ သူများကို လူမျိုးမရွေးဘာသာမရွေ ဆင်းရဲချမ်းသာမရွေး အသားအရောင် မရွေး လူသားချင်းစာနာထောက်ထား၍လူမှုဂရုဏာ လုပ်ငန်းများကို လုပ်ဆောင်သော အဖွဲ့ဖြစ်သည်။
 မြို့နယ်ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦး  သည်  ၂ရက်,၁၀လ, ၁၉၇၃ခုနှစ်မှ စ၍ ယနေ့ အထိ ကြက်ခြေနီတပ်ဖွဲ့ဝင် အဖြစ် ထမ်းဆောင်လျှက်ရှိပြီး၁ရက်,၁လ,၂၀၀၈ ခုနှစ်တွင် ဒုတိယ တပ်ရင်းမှုးတာဝန်ယူခဲ့ပါသည်။၂၀၁၀၊၂၀၁၁၊၂၀၁၂ သုံးနှစ်ဆက်တိုက် တိုင်းစည်းရုံးရေးနှင့် စွမ်းဆောင်ရည် ဆုဖလား အားမိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့အတွက်ရယူပေးနိုင်ခဲ့ပါသည်။ ၂၀၁၁ နှင့်
၂၀၁၂ နှစ်နှစ် ဆက်တိုက် MRCS ၏ အသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေး အဆင့် (က)
ရရှိခဲ့ ပါသည်။၁၉၇၇ ခုနှစ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှု ထူးချွန်ဆုအဆင့်၂  ဆုတံဆိပ်၊ ၁၉၉၄ ခုနှစ် ၁၅ နှစ်တပ်ဖွဲ့ဝင် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊၂၀၀၂ ခုနှစ် ထူးချွန်ကြက်ခြေနီဆုတံဆိပ် ၊ ၂၀၁၃ ခုနှစ် ၃၀ နှစ် တပ်ဖွဲ့ဝင်ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိခဲ့ပါသည်။ စွမ်းစွမ်းတမံဆောင်ရွက်မှု နာဂစ်၊
ဂီရီ ကယ်ဆယ်ရေး MRCS  ဥက္ကဋ္ဌ ၏ ဂုဏ်ပြု မှတ်တမ်းလွှာ MRCS အမှုဆောင်ညွန်ကြားရေးမှုးချုပ်၏ ဂုဏ်ပြု ချီးကျူး မှတ်တမ်းလွှာ ၅စောင် အပြင်မိုးကုတ်မြို့နယ် တန်ခိုးကြီးဘုရားများဖြစ်သော ချမ်းသာကြီးဘုရား ဂေါပကအဖွဲ့ နှင့် ဖောင်တော် ဦးမြတ်စွာဘုရား ဂေါပက အဖွဲ့တို့မှ ချီးမြင့်သော
ချီးကျူးဂုဏ်ပြုလွှာများကိုလည်း ရရှိခဲ့သူဖြစ်ပါသည်။မြို့နယ်ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦးသည် မန္တလေးတိုင်းကြက်ခြေနီတပ်ဖွဲ့ ဂုဏ်သိက္ခာ  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ဂုဏ်သိက္ခာ တိုးတက်အောင်မြင်အောင်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ
ကိုယ်ကြိုး မတွက်ပဲ ဆောင်ရွက်ခဲ့သူဖြစ်ခြင်းမှာ အထက်ပါ ချီးမြှင့်ထားသောဆုတံဆိပ်များ မှသက်သေခံလျှက်ရှိပါသည်။ ထိုသတင်းပေးပို့သူ သည် ပုဂ္ဂိုလ်ရေးမနာလိုမှုကြောင့်  မြို့နယ်ကြက်ခြေနီဒုတပ်ရင်းမှူးဦးမြင့်ဦး အားပုတ်ခတ်စော်ကားသော သတင်းတစ်ရပ် ဖန်တီးပေးပို့ခြင်းဖြစ်ပါသည်။အထက်ပါ သတင်းပေးပို့ထားသော ( ညီညီလွင် ရင်းတပ်ကြပ်ကြီးဟောင်း မိုးကုတ်)ဆိုသူသည် မိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တွင် ယခင်ဖွဲ့စည်းပုံအဟောင်းတွင် လည်းကောင်း ယခု ဖွဲ့စည်း ပုံ အသစ်တွင် လည်းကောင်း မရှိပါ။အထက်ပါသတင်း သည် မိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ အား ဂုဏ်သိက္ခာကျဆင်းစေရန် ညှိုးနွမ်းစေရန်အတွက် လုပ်ဆောင် ခြင်းသာ ဖြစ်ပါသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ သိရှိလိုသော အချက် အလက် မှန်သမျှအားမိုးကုတ်မြို့နယ် ကြက်ခြေနီတပ်ရင်းရုံး သို့  သိရှိလိုသူမည်သူမဆိုလူကိုယ်တိုင် လာရောက်ဆွေးနွေး နိုင်ပါကြောင်း ပြန်လည်
အသိပေးရှင်းပြရပါသည်။
ဝေထက်ဖြိုး
မတလ/902548
မိုးကုတ်မြို့
 >>>>>>>>>>>>>>>>>>>>>>>

 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

No comments:

Post a Comment