Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 25 October 2013

လူမှုရေးအစွန်းအထင်းအညစ်အကြေးများရှိသောဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့မြို့နယ်ပါတီကော်မတီဝင် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နေပြည်တော် ပါတီ ဗဟိုဌာနချုပ်မှာရှိကြတဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ။ဒုဥက္ကဌနှင့်အတွင်းရေးမှူး
အစရှိကြသောအကြီးအကဲများ ခင်ဗျား။

> နိုင်ငံတော်ရဲ့လစာ။ ပါတီရဲ့လစာကိုစားကြတဲ့  မြို့နယ်ပါတီကော်မတီဝင်မျာွးသည်အကျင့်စာရိတ္တကောင်းမွန်ရန်နှင့်ကိုယ်ရေးရာဇဝင်အတိတ်အကြောင်းအရာများလူမှုရေးအစွန်းအထင်းအညစ်အကြေးများကင်းရှင်းရန်လိုအပ်သည်ဟုထင်မြင်မိပါသည်။နိုင်ငံတော်တာဝန်ကိုထမ်းဆောင်မည့်အာဏာရပါတီဖြစ်သည့်အတွက်မြို့နယ်ပါတီကော်မတီဝင်များသည်ကြီးကဲသောတာဝန်များကိုအဆင့်ဆင့်ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက်အတိတ်သမိုင်းကြောင်းရှင်းရန်လိုအပ်လှပါသည်။ဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့တွင်ပြည်ခိုင်ဖြိုးပါတီတွင်ပါတီလစာစားတာဝန်ထမ်းဆောင်နေသောမြို့နယ်ပါတီကော်မတီဝင်ဦးဇွဲမာန်လွင်သည်ရှက်စရာကောင်းသောလူမှုရေးသမိုင်းအစွန်းအထင်းအများဆုံးဖြစ်သဖြင့်၎င်းအားအိမ်မဲမြို့သူမြို့သားများမှယုံကြည်ရန်နှင့်ပြည်သူအားကိုးသောပါတီကော်မတီဝင်တစ်ဦးဖြစ်ရန်ခက်ခဲနေကြရသည်။ပြည်ခိုင်ဖြိုးအသင်းအဖြစ်တည်ရှိနေစဉ်ကမြို့နယ်အလုပ်အမှုဆောင်အသစ်များကိုခန့်အပ်ရန်မြို့နယ်အတွင်းရှိNGOများနှင့်မီးသတ်။ကြက်ခြေနီ။မိခင်နှင့်ကလေး။စသည့်နေရာများမှတစ်ဦးစီခေါ်ယူခဲ့ရာတွင်ကြက်ခြေနီအသင်းမှအရာခံအဆင့်သာရှိသောဦးဇွဲမာန်လွင်သည်ပြည်ခိုင်ဖြိုးအသင်းဝင်လျှောက်လွှာတွင်တပ်စုမှူး။တစ်ပွင့်အဖြစ်လျှောက်လွှာလိမ်လည်ဖြည့်သွင်းခဲ့သည်။အဘယ်ကြောင့်ဆိုသော်ပြည်ခိုင်ဖြိုးအသင်းသို့အလုပ်အမှုဆောင်အဖြစ်ဝင်ရန်မှာအရာရှိအဆင့်ရှိသူသာဝင်ခွင့်ရမည်ဆိုသောကြောင့်
> ဖြစ်သည်။၎င်းလိမ်လည်ဖြည့်သွင်းခဲ့သော ကြက်ခြေနီအသင်းအရာရှိအဆင့်မှာမြို့နယ်။ခရိုင်အဆင့်ဆင့်မှထောက်ခံချက်ယူပြီး
> တိုင်းဒေသကြီးမှအတည်ပြုပေး၍မြန်
မာနိုင်ငံကြက်ခြေနီအသင်းဗဟိုဌာနချုပ်မှတိုက်ရိုက်ပေးအပ်ရသောရာထူးမျိုးအား၎င်းမှလှည့်စားရေးသား၍အသင်းအလုပ်အမှုဆောင်အဖြစ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ယခုအခါအိမ်မဲမြို့ကြက်ခြေနီအသင်းမှ၎င်းအားအပြီးထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ထို့အပြင်၁၉၉၅ခုနှစ်တွင်အိမ်မဲမြို့အထက်ပိုင်း၅လမ်းတွင်နေထိုင်သောဦး.....ဝင်း၏သမီးဖြစ်သူအသက်၁၆နှစ်သာရှိသေးသောမ........နှင့်ချစ်ကျွမ်းဝင်ဟန်ဆောင်ပြီးအမျိုးသမီးလေးထံမှငွေကြေးများချူစားခဲ့ပါသည်။ထို့နောက်အသက်မပြည့်သူမ......အားနေအိမ်မှ၃ရက်အကြာခိုးယူပေါင်းသင်းရန်ခေါ်သွားခဲ့သည်။၎ရက်ကြာသောအခါထိုအမျိုးသမီငယ်အားမိဘများထံပြန်လည်ပို့ဆောင်အပ်မည်ပြောဆို၍၎င်းခိုးယူခဲ့သောနေရာ၌ပင်အသက်မပြည့်သူအမျိုးသမီငယ်အားထားခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ဦးဇွဲမာန်လွင်မှာတပ်မတော်အငြိမ်းစားဗိုလ်ကြီးတစ်ဦး၏သားဖြစ်သော်လည်းတာဝန်ယူမှု။တာဝန်သိမှုကင်းစွာပစ်ထားခဲ့၍အမျိုးသမီးငယ်၏ဖခင်မှာများစွာအရှက်ရသဖြင့်အမှုအခင်းတိုင်ကြားခြင်းမပြုတော့ဘဲ၎င်းတာဝန်မဲ့မှုအပေါ်လစ်လျူရှုခဲ့သည်။ကာလအနည်းငယ်ကြာသောအခါအိမ်မဲမြို့သို့၎င်းမှပြန်လာ၍သူမည်သို့မှအရေးယူမခံရခြင်းမှာကြံ့ခိုင်ရေးအသင်း၏အရှိန်အဝါကြောင့်ဖြစ်ကြောင်းဂုဏ်ယူ
> ပြောကြားခဲ့သည်။2006ခုနှစ်တွင်ပြည်ခိုင်ဖြိုးအသင်းမှပါတီသို့ပြောင်းရန်အရှိန်ယူနေသောကာလဖြစ်ပြီးပြည်ခိုင်ဖြိုးအသင်းအလုပ်အမှုဆောင်များကိုထောက်ပံ့ကြေးအနည်းငယ်သာပေးနိုင်သောကာလဖြစ်သည်။ဝင်ငွေမရှိ အရက်ကြိုက်သောဦးဇွဲမာန်လွင်သည်တစ်ညလျှင်Grand Whiskyအလတ်ပြားတစ်ပြားသောက်နိုင်ရန်အတွက်အိမ်မဲမြို့လယ်ပေါ်ရပ်ကွက်၁၂လမ်းတွင်နေထိုင်သောမိန်းမစိတ်ဝင်နေသူဦးကျော်စိုးမင်းနှင့်လိင်တူပေါင်းသင်းဆက်ဆံ၍အခြောက်လင်ဘဝခံယူပြီးယမကာစည်းစိမ်ကိုခံစားခဲ့သူလည်းဖြစ်ပါသည်။ယခုအခါအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြီးဖြစ်လာပြီးဦဇွဲမာန်လွင်မှာမြို့နယ်ပါတီကော်မတီဝင် သတင်းတာဝန်ခံတစ်ဦးဖြစ်လာသော်လည်း၎င်း၏ကာမစာရိတ္တအကျင့်ပျက်ပြားမှုမှာအိမ်မဲမြို့တွင်ဂုဏ်သတင်းမွှေးပျံ့လျက်ရှိပါသည်။၎င်းအပြင်အိမ်မဲမြို့ပြည်ခိုင်ဖြိုးပါတီရှိအကြီးအကဲဖြစ်သောတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြသန်းမှာပါတီ၏အတွင်းရေးမှူးတာဝန်ကိုတွဲဖက်တာဝန်ယူဆောင်ရွက်နေသော်လည်းအတိတ်သမိုင်းကြောင်းမကောင်းသူပါတီကော်မတီဝင်ဦးဇွဲမာန်လွင်၏လုပ်ကိုင်မှားယွင်းမှုများအပေါ်တင်ပြတိုင်ကြားအသိပေးမှုများပြုလုပ်ခဲ့သော်လည်းအထက်သို့တင်ပြပေးခြင်းမရှိ။ကိုယ်တိုင်သတိပေးဆူပူကြိမ်းမောင်းခြင်းမရှိသည်ကိုသိခဲ့ရပါသည်။အိမ်မဲမြို့ပြည်သူများရွေးချယ်ခဲ့သောကိုယ်စားလှယ်တစ်ဦးမှာအခြားကိစ္စများတွင်အကြည်ညိုခံနိုင်ရန်ပြည်သူဘက်ကပါဝင်ခဲ့သော်လည်းပါတီအတွင်းရှိကော်မတီဝင်တစ်ဦးနှင့်ပြည်သူများအချင်းပွားကိစ္စများတွင်ပြည်သူရွေးချယ်ပေးသူမှာမှန်ကန်မှုရှိသောပြည်သူဘက်ကမရပ်တည်။ပြည်သူဘက်မှာမရှိခြင်းကအဘယ်ကြောင့်နည်းဟုသိလိုခဲ့ရာ။၎င်း၏အမဲသားစည်သွပ်ကိစ္စတွင်ကုလားအရေးဝင်ရောက်ဖြေရှင်းပေးမှုများမထသယာဉ်လိုင်းကပူဇော်ကန်တော့ခြင်းများ။ကျေးလက်လယ်ယာမြေပြသနာများကပူဇော်ကန့်တော့ခြင်းများအစိုးရပေးသောကားပါမစ်ရောင်းစားသောကိစ္စများအပြင်၎င်းတရုပ်သွေးနှောနေမှုကိုပါတီကော်မတီဝင်သတင်းသမားဖြစ်သောဦးဇွဲမာန်လွင်မှတိုင်ကြားတင်ပြသတင်းနှင့်ဖွမှာစိုးရိမ်သဖြင့်ရေငုံနှုတ်ပိတ်ပြီးနေခြင်းဖြစ်သည်။သို့ပါ၍အတိတ်သမိုင်းမကောင်းနောက်ကြောင်းရာဇဝင်ညစ်နွမ်းသူတစ်ဦးအားအာဏာရပါတီအတွင်းရာထူးအဆင့်ဆင့်ပေး၍တာဝန်ထမ်းဆောင်စေခဲ့ပါလျှင် ပြည်သူအများအားကိုးအလေးထားရသောကြံ့ခိုင်ရေးပါတီမှသည်ဲကြံ့ဖွတ်ပါတီဟုပြောင်လဲစေနိုင်သူများဖြစ်ကြောင်းလေးလေးစားစားအသိပေးလိုက်ရပါသည်လူကြီးမင်းအပေါင်းတို့ခင်ဗျား   ။

> ဖခင်အမည်မှန် အမျိုးသမီငယ်အမည်မှန်ထည့်သွင်းရေးသာခြင်းမရှိသည်မှာထိုအမျိုးသမီးငယ်မှာအိမ်ထောင်ထူထောင်ပြီးဖြစ်၍မနစ်နာစေလိုခြင်းကြောင့်ဖြစ်ပြီးအမှန်တရားသိချင်သူများအိမ်မဲမြို့သို့ရောက်သောအခါအထက်အကြောင်းအရာများကိုအိမ်မဲမြို့သားချက်မြုပ်များအားမည်သူမဆိုမေးမြန်းရနိုင်ကြောင်းနှင့်၎င်းပါတီအတွင်းရှိ၎င်းလုပ်ဖော်ကိုင်ဘက်များကိုလည်းမေးမြန်းနိုင်ပါသည်။ီ
 
နေမင်းသစ်(ခ)အမှန်တရားဘက်ကအိမ်မဲမြို့သားတစ်ဦး   
youngnld.2015@gmail.com      
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment