ရှမ်းပြည်နယ်တောင်ပိုင်း
မောက်မယ်မြို့ဟာအတော့်ကိုခေါင်တဲ့မြို့ကလေးဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးလည်းအလွန်ဆိုးတဲ့နေရာလေးပါဖုန်းလိုင်းကcdma450 အလုံးပေါင်း၃၅၀လောက်ချထားပေးပြီး(တခြားမြို့သို့ရောင်းစားခြင်းအပါအ၀င်)ပြတ်တောင်းပြတ်တောင်းဖြစ်နေတာ၉လ၁၀လလောက်ရှိနေပြီဖြစ်သော်လည်းပြုပြင်မှုအားနည်း၍လားမပြုပြင်တတ်၍လားမသိဖြစ်၍လူထုစိတ်ပျက်နေချိန်မှာကံကောင်းထောက်မစွာပဲ နယ်မြေခံ၁၃၂ တပ်ရဲ့တပ်သုံးCDMA800ကိုလာရောက်တပ်ဆင်ချိန်မှာလူထုတွေတပ်မတော်ရဲ့ဆက်သွယ်ရေးကွန်ယက်အကျိုးကျေးဇူးနဲ့ဆင်းကဒ်ပြင်ပပေါက်ဈေးကျပ်၉၀၀၀၀မှ၁၀၀၀၀၀အထိပေးပြီး အငမ်းမရ ၀ယ်ယူသုံးစွဲခဲ့ပါတယ်တပ်ရဲ့ကျေးဇူးကြောင့်ရတဲ့ဖုန်းဟာကြိုးပြတ်သွားတာတစ်လလောက်ရှိပြန်တော့လိုင်းဖြတ်မှာစိုးတဲ့လူထုတွေလင်းခေးကိုဆိုင်ကယ်နဲ့ပွဲသွားသလိုသွားပြီးဖုန်းအသက်ကိုဆက်ခဲ့ကြရပါတယ်လိုင်းပြန်ကောင်းပြန်ပါတယ်၎ရက်ပဲခင်ဗျပြတ်သွားတာအခုဆိုတစ်လပြည့်မွေးနေ့တောင်နီးနေပြီ လင်းခေးလိုင်းတွေပြန်ရပေမယ့် ကျွန်တော်တို့၁၃၂တပ်က ဌာနေတပ်ဖြစ်ပြီး ဖိုင်ဘာလိုင်းကိုဖြုတ်လိုက်ပြီတဲ့ခင်ဗျာစဉ်းစဉ်းစားစား သနားငဲ့ညှာပါလားလို့သက်ဆိုင်ရာကာကွယ်ရေးပိုင်းအရာရှိကြီးတွေကိုသိစေချင်လို့ပါအခုတစ်သိန်းတန်ဆင်းကဒ်မောက်မယ်လူထုတွေနမ့်ယွမ်းချောင်းထဲမျှောရတော့မလား ချွေးနည်းစာလေးနဲ့ဝယ်ထားတဲ့မိသားစုလည်းရှိနေတယ်ငိုမဲ့ငိုမဲ့ပေါ့သိရသလောက်ကတပ်ထဲကနေအပြင်ကိုထုတ်ရောင်းတာရယ်လင်းခေးက၀ယ်လာတဲ့ဖုန်းရယ်တခြားအားကိုးတွေနဲ့ရတဲ့ဖုန်းမောက်မယ်မှာအလုံး၃၀၀လောက်နားတွေကားနေပြီလို့ပြောရမလား ခပ်များများက၀န်ထမ်းတွေပဲနစ်နာတယ်မထင်လိုက်ပါနဲ့ဆင်းရဲသားတိုင်းရင်းသားတွေကိုတော့သနားပါတယ် အခုလိုဖတ်ရင်ငွေဖြည့်ကဒ်တစ်ရက်ကို ၂၀၀၀၀၀လောက်တော့MECကနစ်နာမယ်လေ ကိုယ့်ရဲ့တပ်မတော်ကိုငွေဖြည့်ကဒ်ဝယ်ပြီအားပေးနေတဲ့လူထုကိုလုပ်ရက်လိုက်လေချင်း တောကြိုအုံကြားမောက်မယ်သားတွေမို့ပြုသမျှနုရတော့မှာလား ကိုယ့်စီးပွါးရေးကိုဖျက်နေတာလားလုပ်ပိုင်ခွင့်ကိုဂုဏ်ဖော်နေတာလား အဟား အမုန်းတရား အဆုံးသတ်ချင်တာလားမင်းတို့တွေကဘာကောင်တွေမို့ငါတို့ကလွင့်ပေးရမလဲလား အားဘာပဲဖြစ်ဖြစ် ပြန်ဖွင့်ပေးအောင်အထက်အရာရှိတွေကိုမြန်မြန်ဖြောင်းဖျပေးနိုင်တဲ့(နက်ကစားတဲ့လူတွေအပါအ၀င်)သူကို မောက်မယ်ပြည်သူလူထုကြီးကမျှော်လင့်တကြီးနဲ့မျှေနေတဲ့အကြောင်းပါ မြင်သာမြင်မကြင်ရတဲ့ပြိတ္ကာဘ၀ရောက်နေရသောမောက်မယ်သားများအားကယ်တင်ကြပါကုန်
မောက်မယ်သားတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH
ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက
hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို
ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊
ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန်
ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု
ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား
HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။
အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား
ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော
မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment