Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 8 October 2013

လမ်းမတော်မြို့နယ်အတွင်းအော်တိုတယ်​လီဖုန်း ( ကြိုးဖုန်း ) မကြာခဏချွတ်ယွင်မှူ ဖြစ် ခြင်းနှင့်ပြတ်တောက်မှူ ဖြစ်ပေါ် နေခြင်း...။ ကညနမှလူကြီးမင်းများအဆင်​မ​ပြေတာ​လေးသိလို၍​မေးမြန်းခွင့်​ပြုပါရန်​ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လမ်းမတော်မြို့နယ်အတွင်းအော်တိုတယ်​လီဖုန်း ( ကြိုးဖုန်း ) မကြာခဏချွတ်ယွင်မှူ ဖြစ်  ခြင်းနှင့်ပြတ်တောက်မှူ ဖြစ်ပေါ် နေခြင်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သို့
     ဆက်သွယ်ရေးဝန်ကြီးဝန်ကြီးဌာန ။
အကြောင်းအရာ။    ။ အော်တို တယ်​လီဖုန်း ( ကြိုးဖုန်း ) မကြာခဏ ချွတ်ယွင်မှူ ဖြစ် ခြင်းနှင့်ပြတ်တောက် မှူ ဖြစ်ပေါ် နေခြင်း ။
  ဆက်သွယ်ရေးဝန်ကြီး ခင်ဗျား -
ကျွန်တော်တို့ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် အတွင်း    အိမ် အချို့ အော်တို တယ်​လီဖုန်း ( ကြိုးဖုန်း ) မကြာခဏ ချွတ်ယွင်း မှူ နှင့် ပြတ်တောက် မှူ ဖြစ်ပေါ် နေခြင်း နှင့် ပတ်သက်၍ ဝန်ကြီး မှ သက်ဆိုင်ရာကို စည်းစနစ် တကျ တိုင်ကြားသူ၏ ဖုန်း ပြတ်တောက်ခြင်း တိုင်ကြားမှူ မှတ်တမ်း နှင့်  ၎င်းဖုန်း နှင့် ပတ်သက်၍ ပြင်ဆင်ရသူမှ  ပြင်ဆင်ရသည့် ချွတ်ယွင်း ချက် တို့ကို မှတ်တမ်း မှတ် ယူ စနစ် ကို ပြု စေပြီး ( လိုအပ်ပါက ထုချေလွှာ တောင်းယူရန်နှင့်  မရိုး ဖြောင့်သော  ပြတ်တောက်မှူ များ အကြိမ်ကြိမ် မဖြစ်စေရန် ) နှင့် ထိရောက်စွာ လမ်းညွန် ကွပ်ကဲ ကြီးကြပ် ပေး စေလို ပါ သည်ခင်ဗျား  ။
(လမ်း ဘေး အနှံ့ မှ စည်းစနစ် မကျသော ပြီးစလွယ် ပြတ်တောက်ချွတ်ယွင်းလွယ်ကူစေသော သိုက်လိုလို ကြွက်သိုက်လိုလို ဖုန်း ကြိုး ဆက်သွယ် ထား မှူများ ကိုလည်း သက်ဆိုင်ရာမှ လူကြီးများ ကွင်းဆင်းလေ့လာ ပြီးအဆင့်ရှိသော နိုင်ငံခြား ကဲ့သို့ စနစ်ကျ ပြီး ဆက်သွယ်မှူ သပ်ရပ် ကောင်း မွန် စေရန် ရှင်းလင်း ပြု ပြင် စေ သင့်ပါ သည်)
  
                              
       လမ်းမတော်သားတစ်ဦး

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကညနမှလူကြီးမင်းများအဆင်​မ​ပြေတာ​လေးသိလို၍​မေးမြန်းခွင့်​ပြုပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်​​တော်​သည်​ကုန်​တင်​ယာဉ်​​မောင်းတဦးဖြစ်​ပါသည်။.အဆင်​မ​ပြေတာ​လေး
သိလို၍​မေးမြန်းခွင့်​ပြုပါရန်​ ယာဉ်​​မောင်းအများစုမှာ(င)လိုင်​စင်​မရှိကြပါ (င)လိုင်းစင်
ရရှိရန်​မှာအဆင့်​​ဆင့်​​စောင့်​ရပါ၍အ​ကြောင်းအမျိုးမျိုး​ကြောင့်​လိုင်​စင်​ပြုလုပ်​ချိန်
နောက်​ကျသူများမှာ..ငါးနှစ်​​ကျော်​​စောင့်​ကြရပါသည်​။.အဆိုပါ
အချိန်​များတွင်​.ယာဉ်​ထိန်းအား​ရှောင်​၍​မောင်းရခြင်း.​တွေလျှင်​ပိုက်​ဆံနှင့်​ရှင်းရခြင်း
မိမိမှာမပြည့်​စုံ့၍​ရှောင်​ကွင်း​မောင်းရပါသည်​။သိုဖြစ်​ပါ၍အချိန်​ကုန်​.အန်​တရယ်​များပြီး
လက်​​ပေးလတ်​ယူအား​ပေးသလိုဖြစ်​​နေပါသည်​၊...ထို​ကြောင့်​သတ်​မှတ်​ထား​သောအ
ရည်​အခြင်းပြည့်​မှီ၍အမှန်​တကယ်​​မောင်းနှင်​​နေသူများကိုလိုအပ်​သလိုစစ်​​ဆေး၍
(င)လိုင်​စင်​ပြုလုပ်​​ပေးပါရန်​တင်​ပြအပ်​ပါသည်​။
 
KPG မှယာဉ်​​မောင်းများ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment