Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 6 October 2013

သာစည်မြို.နယ်၊၀က်တိုးကျေးရွာအုပ်စု၊ငသက်ကျေးရွာမှတောင်သူများဖမ်းဆီးထောင်ချခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မိတ္ထီလာခရိုင်၊သာစည်မြို.နယ်၊၀က်တိုးကျေးရွာအုပ်စု၊ငသက်ကျေးရွာမှ တောင်သူလယ်သမားများ၏
လယ်ယာမြေများကို ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်ထိစိန်းလမ်းစိုပြေရေးစီမံချက်ဟူ၍ သစ်တောဦးစီးဌာနမှ
သိမ်းပိုက်ခဲ့ပါသည်။ထို.နောက် ၂၀၀၅-၂၀၀၆ခုနှစ်တွင် ကြက်ဆူစိုက်ပျိုးသည့်စီမံကိန်းအဖြစ် ထပ်မံသိမ်းပိုက်ခံခဲ့ရပါသည် ။ကြက်ဆူစီမံကိန်းမှာမအောင်မြင်ပဲဖျက်သိမ်းပြီးသည့်နောက်တွင် မိတ္ထီလာမြို.မှလုပ်ငန်းရှင်များနှင့်မိတ္ထီလာစက်မှုဇုန်ရှိလုပ်ငန်းရှင်များမှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၊မြေစာရင်းဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို.ကိုလာဘ်ငွေပေးကာတောင်သူ လယ်သမားများပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများကိုဦးပိုင်ဖေါက်ကာပိုင်ဆိုင်ရန်ပြုလုပ်ခဲ့ပါသည်။ ထိုအဖြစ်အပျက်များထဲမှ တခုမှာဦးဝါရှောင်၊ဦးလှဖေတို.သည်ငသက်ကျေးရွာမှ
တောင်သူများဖြစ်ကြပြီးကွင်းအမှတ် ၂၀၃၈/၁၆၉၀ ဦးပိုင်အမှတ် ၅ တို.တွင်ဘိုးဘွားစဉ်ဆက် စိုက်ပျိုးထွန်ယက်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ကျော် ရှိခဲ့သည်။၂၀၀၁ခုနှစ်တွင်စိမ်းလန်းစိုပြေရေးစီမံချက်ဟူ၍ သစ်တောဌာနမှ သိမ်းပိုက်ခံခဲ့ရပြီး ၂၀၀၅-၂၀၀၆ခုနှစ်တွင် ကြက်ဆူစီမံကိန်းအတွက် ထပ်မံအသိမ်းခံခဲ့ရပါသည်။တောင်သူလယ်သမားတို.ကထိုကြက်ဆူစီမံကိန်းမအောင်မြင်ပဲ ဖျက်သိမ်းပြီးသည်ကိုမသိသည်ကိုအခွင့်ကောင်းယူကာမိတ္ထီလာစက်မှုဇုန်ရှိဆီစက်လုပ်ငန်းလုပ်ကိုင်သူ ဇင်ယော်ဆီစက်ပိုင်ရှင်ဖြစ်သူဦးကျော်မြင့်က ၄င်းပိုင်ဆိုင်ရန် ဦးပိုင်ဖေါက်ကာသိန်း ၂၀၀ဖြင့် သာစည်မြို.မှ အဲဗားစည်ဘီယာဆိုင်ပိုင်ရှင် ဦးနိုင်  အားရောင်းချခဲ့ပါသည်။ထိုအခါမှ ဦးဝါရှောင်နှင့် ဦးလှဖေတို.ကထိုသို.ရောင်းချသည်ကိုသိလိုက်ရသောအခါ  မခံမရပ်နိုင်ဖြစ်ကာ  ၄င်းတို.ပိုင်ဆိုင်သော လယ်ယာမြေများဖြစ်ကြောင်းဦးကျော်မြင့်ကိုပြောသော်လည်းဦးကျော်မြင့်မှလက်မခံပဲရောင်း စားထားပြီးပြီဖြစ်ကြောင်းသာပြောဆိုခဲ့သဖြင့် ထိုလယ်ယာမြေများအပေါ်ဦးဝါရှောင်နှင့် ဦးလှဖေတို.က ၀င်ရောက်ပြီးထွန်ယက်စိုက်ပျိုးခဲ့ပါသည်။ဦးကျော်မြင့် က သူသည် မန္တလေးတိုင်းဆီစက်လုပ်ငန်းရှင်များအသင်း၏ စာရင်းစစ် ၂ ဖြစ်ကြောင်း ၊ မိတ္ထီလာခရိုင် စက်မှုလုပ်ငန်းရှင်များ၏အတွင်းရေးမှုးဖြစ်ကြောင်းပြောဆိုခဲ့ပြီးတောာင်သူများကိုထောင်ချ မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကာဝင်ရောက်ထွန်ယက်စိုက်ပျိုးသောလယ်သမားများကို အမှုဖွင့်တရားစွဲဆိုခဲ့သည်။သာစည်မြို.နယ်တရားသူကြီးဖြစ်သူဦးကျော်ဇာနည်ဦးမှ အဖြစ်မှန်ကိုသိသော်လည်းဦးကျော်မြင့်ထံမှ လာဘ်စားကာအသက် ၇၈နှစ်ရှိပြီဖြစ်သည့်ဦးလှဖေ၊အသက် ၅၆နှစ်၇ှိပြီဖြစ်သော ဦးဝါရှောင်တို.အားထောင် ၁၅ ရက်ကျခံရန်  ၃.၉.၂၀၁၃တွင်အမိန်.ချမှတ်ခဲ့ပြီးယခုအခါ လယ်သမားများမှ လယ်ယာမြေများ ဆုံးရှုံးရသည့်အပြင် ထောင်ဒဏ်ပါကျခံနေရပြီဖြစ်သည်။ ဇင်ယော်ဆီစက်ပိုင်ရှင်ဦးကျော်မြင့်မှာလယ်သမားများပိုင်သည့် လယ်ယာမြေများကို ၄င်းပိုင်ဆိုင်ရန်ကြိုးစားပြီးရောင်းချခဲ့သည်မှာယခုတကြိမ်တည်းမဟုတ်ပဲဝမ်းတွင်းမြို.နယ်လျှော်ပင်ကျေးရွာ မှဦးလှကြီးပိုင်လယ်ယာမြေများကိုလည်းမြေစာရင်းနှင့်ပေါင်းကာဦးပိုင်ဖေါက်ထား၍ဦးလှကြီးမိသားစုနှင့် လည်း ပိုင်ဆိုင်မှု အငြင်းပွားနေရသူဖြစ်ပါသည်။ထို.ပြင် ငသက်ကျေးရွာမှပင် ဦးမဲပိုင်ဆိုင်သောလယ်ယာမြေများကိုလည်းဦးကျော်မြင့်မှပိုင်ဆိုင်ရန်ကြိုးစားခဲ့သဖြင့် ဦးမဲ မှ တရားစွဲဆိုရန် ပြင်ဆင်လျှက်ရှိပါသည်။

မခင်လေးနွယ်  - ငသက်ကျေးရွာ ။ ဖုန်း- 09 33004405

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment