Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 4 October 2013

ရွှေပြည်သာ ရေနံမြေ ၀န်ထမ်းဘ၀ ရင်ဖွင့်စာ အားပြန်လည်ရှင်းလင်းခြင်း နှင့် မေတ္တာရပ်ခံခြင်း>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၃.၁၀.၂၀၁၃ နေ့တွင် ဥုံ ရင်ဖွင့်စာ ပေးစာကဏ္ဍ မှ ခင်ဇော် အမည်ဖြင့် တင်ထားသော ဧရာဝတီတိုင်းဒေသကြီးမြန်အောင်မြို့နယ် ရွှေပြည်သာရေနံမြေ မှဝန်ထမ်းဘ၀ ခေါင်းစဉ်ဖြင့်
တင်ထားသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ကျွန်တော် မောင်ခင်ဇော် သည် မည်သည့် အထက်အရာရှိနှင့် မျှယခုအချိန်အထိ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါ ။ ကျွန်တော်တို့ ရွှေပြည်သာတွင်လည်း၎င်းဖြစ်စဉ်များမရှိခဲ့ပါ။ အထက်အောက် ၀န်ထမ်းချင်း
မိသားစု ဆန်စွာဖြင့်နေထိုင်လျှက်ရှိပါသည်။ မသာမာသူ တစ်ယောက်က ကျွန်တော်၏
အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာအား အသုံးချပြီး ကျွန်တော်တို့ ရွှေပြည်သာ ရေနံမြေအား
 ပြဿနာဖြစ်အောင်၊ ကျွန်တော်နှင့် အထက်လူကြီးများ ပြဿနာဖြစ်အောင် ၊ နယ်မြေဒေသပါ ညစ်နွမ်းအောင် ၊အုပ်ချုပ်သူ လူကြီးပါသိက္ခာကျအောင် တမင် ရည်ရွယ်ချက်ရှိရှိဖြင့် 
လုပ်ဆောင်ထားခြင်းဖြစ် ပြီး အချိန်မရွေး ဖုန်းဆက်မေးမြန်းနိုင်ပါသည်။


                                    မောင်ခင်ဇော်

                                ရွှေပြည်သာရေနံမြေ

                                ဖုန်း 09451243520
 
>>>>>>>>>>>>>>>>>>>>>>>
 
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

No comments:

Post a Comment