Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 1 October 2013

ဇေယျဝတီလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအလုပ်မလုပ်ဘူးလား>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဇေယျဝတီမြို့တောင်ပိုင်းရပ်ကွက်တွင်နေထိုင်သောအသက်(၈၀)ကျော်မုဆိုးမ
ဒေါ်လှတင်၏ သား(၂)ဦးဖြစ်သူမှ မိဘလက်ငုတ်လယ်ယာမြေအား မတရားရယူကာမိခင်ဖြစ်သူအား ရိုင်းပြစွာဆက်ဆံ၍မိမိ၏လယ်ယာမြေများအားပြန်လည်ရရှိရန်မိခင်ဒေါ်လှတင်မှဇေယျဝတီလယ်ယာ
မြေစီမံခန့်ခွဲရေးကော်မတီသို့ (13.5.2013)ရက်နေ့တွင် (၁)ကြိမ်၊(၁၈.၇.၂၀၁၃)ရက်နေ့တွင်(၁)ကြိမ် တရားဝင်စာပို့၍ဖြေရှင်းပေးရန်တင်ပြခဲ့ပါသည်။ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီသည်
ယခုကဲ့သို့ လယ်ယာမြေမှုခင်းဖြစ်လာ ပါက (၁၅)ရက်မှ(၁)လအတွင်း ဖြေရှင်းပေးရန်
တာဝန်ရှိသော်လည်း (၂၅.၈.၂၀၁၃) ရက်နေ့မှသာ(၁) ကြိမ်ခေါ်ယူတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်လည်း ကော်မတီ(၂)ဦးသာလာပါသည်။ မည်သည့်ဆုံးဖြတ်ချက်မှမရပါ။  ၄င်းနေ့မှစ၍ ယနေ့အထိ ခေါ်ယူတွေ့ဆုံခြင်း၊ဖြေရှင်းခြင်း၊ ဆုံးဖြတ်ဆောင်ရွက် ခြင်းမရှိသည်မှာ
စဉ်းစားစရာဖြစ်နေပါသည်။အမှန်တကယ်နစ်နာသူအတွက် ကော်မတီသည် အကာအကွယ်မပေးနိုင်ဘူးလား?ဥပဒေပါကော်မတီလုပ်ပိုင်ခွင့် ၊လုပ်ရမည့်တာဝန်များသည်
ဇေယျဝတီမြေယာကော်မတီအပေါ် မသက်ရောက်နိုင်၊ မသက်ဆိုင်တော့ဘူးလား?
အလုပ်မလုပ်သောကော်မတီသည် မည်သည့်ကော်မတီမျိုးလဲ?ဟန်ပြကော်မတီလား?
ဘက်လိုက်အချိန်ဆွဲနေခြင်းလား?မလုပ်တက်ဘူးလား?မလုပ်ချင်၍လား?
လားပေါင်းများစွာဖြင့်မေးချင်ပါသည်။
  ဇေယျဝတီလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီသည် မည်သည့်ကော်မတီအမျိုးအစားနည်း?


                             မခင်ချိုဆက်

               တောင်ပိုင်းရပ်ကွက်၊ဇေယျဝတီမြို

                 ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

                        ဖုန်း 09-428187831
 
>>>>>>>>>>>>>>>>>>>>>
 
 “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  

No comments:

Post a Comment