Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 19 October 2013

ပဲခူုးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်သာယာကုန်းကျေးရွာရှိ ကျွဲတွေ ဘာရောဂါ ဖြစ်မှန်းမသိဘဲသေသေနေ။ စည်းတံဆိပ်မိတ်တူများလက်မှတ်မိတ်တူများဖြင့်NOTICစာထုတ်ဝေနေသောမကွေးတိုင်း မင်းဘူးခရိုင် စလင်းစည်ပင် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူုးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်သာယာကုန်းကျေးရွာရှိ ကျွဲတွေ ဘာရောဂါ ဖြစ်မှန်းမသိဘဲသေသေနေ

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်ဟာပဲခူုးတိုင်းဒေသကြီး
၊ဒိုက်ဦးမြို့နယ်၊ကျိုက် စကောအနောက်၊သာယာကုန်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း ကျွန်တော်တိုရွာရှိ ကျွဲတွေမှာ ဘာရောဂါ ဖြစ်မှန်းမသိဘဲသေသေနေတာ
ကိုတွေ့နေရပါတယ်။ ကျွန်တော်တို့ရွာသူရွာသားတွေလည်း ဒီလိုဖြစ်ရပ်တွေကြောင့် သူတိုရဲ ကျွဲ၊နွား တွေအတွက် အလွန်ပဲစိတ်ပူနေရပါတယ်။မြို့နယ်ကချပေးသော ကာကွယ်ဆေးတွေကို
လည်း ကျွဲ၊နွားတွေကိုထိုးပေးထားပါတယ်။ဒီလိုကာကွယ်ဆေးတွေကိုထိုးထားရက်နဲ ရေဂါ
 တွေဖြစ်နေတော ကျွန်တော်တို့တောက်သူတွေ အနေနဲ အရမ်းပဲစိတ်သောကရောက် ရပါတယ်။ထို့ကြောင့် မြို့နယ်မှသက်ဆိုင်လူကြီးများသိရှိရန်နှင့် လိုအပ်သောဆောင်ရွက်ချက်
များကို ကွင်းဆင်းလေ့လာ ဆောင်ရွက်နိုင်ရန် ပြောကြားလိုက်ရပါတယ် ခင်ဗျာ။

အမည် ဦးတင်မြင့်

>>>>>>>>>>>>>>>>>>>>>>>>>>>>>

စည်းတံဆိပ်မိတ်တူများလက်မှတ်မိတ်တူများဖြင့်NOTICစာထုတ်ဝေနေသောမကွေးတိုင်း မင်းဘူးခရိုင် စလင်းစည်ပင်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မကွေးတိုင်းဒေသကြိး မင်းဘူးခရိုင် စလင်းမြိုနယ်စည်ပင်သာယာရေးရုံးမှ
စီးပွါးရေးလုပ်ငန်းရှင်များကိုနှစ်စဉ်အခွန်ငွေများပေးသွင်းရန် notic
စာများပေးပါသည်။ထိုသို့ သောnoticစာများတွင် ရုံးတံဆိပ်တုန်း နှင့် စည်ပင်အရာရှိ၏လက်မှတ်တို့ သည်
မူရင်း ဖြစ်သော မင်ပြာတံဆိပ်တုံးဖြင့်ရိုက်နှိပ်ထားသည့်စည်းတံဆိပ်များမဟုတ်ပဲ
မိတ်တူကူးဆက်ဖြင့်ကူးထားသော တံဆိပ်ဝိုင်းအမည်းများနှင်
့စည်ပင်အရာရှိ၏လက်မှတ်မှာလည်းမူရင်းဖြစ်သည့်ဘောပင်နှင့်ထိုးထားသောလက်မှတ်မဟုတ်ပဲ
မိတ်တူစက်ဖြင့်ကူးထားသော လက်မှတ်အမဲသာဖြစ်နေပါသည်။၎င်းနောက်
စာအမှတ်များနေရာတွင်လည်းမိတ်တူများဖြစ်နေပါသည်။ကျနော်တို
့လုပ်ငန်းရှင်များကို  လိပ်မူသည့်အမည်သာ
မင်အပြာဖြင့်ရေးသားထားပါသည်။ဌာနဆိုင်ရာတစ်ခုအနေဖြင့်ထိုသို့သောစည်းတံဆိပ်မိတ်တူများနှင်
့လက်မှတ်မိတ်တူများကိုပြုလုပ်ပြီးအများပြည်သူအတွက်NOTIC
စာပေးသည်ဆိုခြင်းမှာမဖြစ်သင့်ဟုထင်မိပါသည်။ထိုသို့မိတ်တူဖြင့်ပြုလုပ်ခြင်းသည်
သာမာန်အရပ်သားတစ်ဦးတစ်ယောက်မည်သူမဆိုပြုလုပ်နိုင်သော
မိတ်တူအနေအထားများဖြစ်ပါသည်။ကျနော်တို့ အနေဖြင့်၎င်းတို
့ပေ့းလာသောစာရွက်စာတမ်းများကိုကြည့်ပြီးယုံကြည်မှူမရှိသဖြင့် စည်ပင်သာယာရေးရုံးသို
့ဖုန်းဆက်မေးသည့်အဆင့်သို့ ရောက်ခဲ့ ၇ပါသည်။အကယိ၍
ပုံမှန်တံဆိပ်မူရင်းများနှင့် လက်မှတ်မူရ့င်းများပါလျှင်ကျနော်တို
့အနေဖြင့်မယုံကြည်စရာမရှိနိုင်ပါ။ထိုသို့ သော
မိတ်တူကုးစက်ဖြင့်ကူထားခြင်းသည် ဘယ်နေရာမဆိုကူး၍ရနေခြင်းကြောင်
့အခြားသူတဦးမှ ကနော်တို
့အပေါ်ငွေလိမ်လည်တောင်းခံရန်စည်ပင်သာယာမှလွတ်လိုက်သည်ဟုဆိုလျှင်လည်းကျနော်တို
့မှ၎င်းမိတ်တူတံဆိပ်တူးများနှင်
့မိတ်တူလက်မှတ်ပါနေ၍မှားယွင်းစွာငွေပေးသွင်းမိမှာစိုးပါသည်။နိုင်ငံတော်အနေဖြင့်ခန့်အပ်ထားသောဝန်ထမ်းများသည်တံဆိပ်တုန်းရိုက်ရန်နှင်
့လက်မှတ်ထိုးရန်တော့မပျင်းသင့်ပါဘူးဗျာ။နိုင်ငံတော်ကိုလည်းအားနာပါဦး။နိုင်ငံတော်သမ္မတကြီးသိရှိနိုင်ပါစေဗျာ။

ဆင်ဖြူကျွန်း  အောင်ဟိန်း(စာပေ/ဂီတ)
 
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment