Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ
Friday 4 October 2013
မကွေးတိုင်းပွင့်ဖြူမြို့နယ်၊ဆည်တော်ကျေးရွာ မူလွန်ကျောင်းတွင် စာမေးပွဲတွင်ဖြေဆိုရမည့် မေးခွန်းကို ကျူရှင်၌အတိအကျပေးပြီးသင်ကြားပေးနေပါသဖြင့် ပြုပြင်ပေးရန်...။့ ဝမ်းတွင်းမြို့နယ်ထီးလှိုင်(အရှေ့)ရွာမှာ၁၅၀၀တန်ဆင်းကဒ်မမှန်မကန် လုပ်ဆောင်နေမှု သက်ဆိုင်ရာ တာဝန်ရှိလူကြီးများသိစေရန်>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
မကွေးတိုင်းပွင့်ဖြူမြို့နယ်၊ဆည်တော်ကျေးရွာ မူလွန်ကျောင်းတွင် စာမေးပွဲတွင်ဖြေဆိုရမည့် မေးခွန်းကို ကျူရှင်၌အတိအကျပေးပြီးသင်ကြားပေးနေပါသဖြင့် ပြုပြင်ပေးရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ဆည်တော်ကျေးရွာ မူလွန်ကျောင်းတွင် ဆရာမတစ်ဦးသည် ကလေးတွေ၏ ပညာရေးကို ပျက်စီးစေမည့်လုပ်ရပ်မျိုးကို ပြုလုပ်နေပါသည်။ ကျူရှင်တက်သောကလေးများအား စာမေးပွဲ၌ဖြေဆိုရမည့်မေးခွန်းကို ချ၍သင်ကြားပေးသည်မှာ ကလေးတွေ၏ ပညာရေးကိုပျက်စီးစေပါသည်။ထိုဆရာမသည် ကျောင်းသူတစ်ဦးအား ဘက်လိုက်ပြီး အမှတ်ပေးခဲ့သည်။ ထိုသို့ အမှတ်ပေးလိုက်သည်မှာ အမှတ်ပေးစည်းမျဉ်းနှင့်မကိုက်ညီပါ။ထိုသို့ လုပ်ရပ်များကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် နောက်ထပ်မပြုလုပ်စေရန် အထက်မှ တာဝန်ရှိသူများ တာဝန်ယူဆောင်ရွက်ပေးကြပါရန် ရင်ဖွင့်လိုက်ရပါသည်။
အမည် မောင်စိုင်းသန့်ဇင်
နေရပ်လိပ်စာ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ဆည်တော်ကျေးရွာ
ဖုန်းနံပါတ် 09401673109
>>>>>>>>>>>>>>>>>>>>
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၅၀၀တန်ဆင်းကဒ်များကျေးရွာများတွင်ရွာလူ ကြီးနှင့်အပေါင်းပါများမမှန်မကန်လုပ်နေကြောင်း  သက်ဆိုင်ရာတာဝန်ရှိသူတွေသိစေလိုပါတယ်
     ကျတော်တို့ဝမ်းတွင်းမြို့နယ်     ထီးလှိုင်    (အရှေ့)ရွာမှာ၁၅၀၀တန်ဆင်းကဒ်တွေဟာ လ   စဉ် အထက်ကချပေးတာထက်  လျော့နည်းပြီရပါ  တယ်။ရွာလူကြီးနှင့်အပေါင်းပါ ကျတော်တို့ရွာခံ  မြိုနယ်စာရေးတို့ဟာ လစဉ်ဆင်းကဒ်တွေကို     ကိုယ်ကျိုးအတွက် ရောင်းစားနေပါတယ်။ရွာသူ  ရွာသားတွေဟာ လစဉ်အနိုင်ကျင့်ခံရသလို ခံစား  နေရပြီး ဘယ်ကိုအကြောင်းကြားရမှန်းလည်းမသိ  ပါဘူး။ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ ခေတ်မှာ ဒီ  လိုမျိုးအနိုင်ကျင့်ခံရသလို ခံစားရတာမျီုးဟာမရှိ   သင့်တောပါဘူး။ဒါ့ကြောင့် မီဒီယာကို အားကိုးပြီး  နောက်နောင် မှန်ကန်မှုရှိ အောင် သက်ဆိုင်ရာအ  နေဖြင့် ဆောင်ရွက်ပေးစေလိုပါတယ်။သက်ဆိုင်ရာတာဝန်ရှိလူကြီး  များ အနေ့ဖြင့် ကျတော်တို့ရွာသူရွာသားများရရှိ    မည့်ဆင်းကဒ်များအားတိကျမှန်ကန်အောင်ရရှိစေရန် စိစစ်ဆောင်ရွက် ပေးစေလိုပါတယ်။     
  ထီးလှိုင်(အရှေ့)ရွာသူရွာသားများ
>>>>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  
No comments:
Post a Comment