Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Thursday 3 October 2013

ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်(၅၄)ရပ်ကွက်မှ ပြည်သူမျက်နှာမ ထောက်ထား အလွဲသုံးစားပြုလုပ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးအားဖယ် ရှားပေးပါရန်>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်(၅၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကြီးမြင့်သည် ၁၃.၃.၂၀၁၃နေ့ စာဖြေသံဃာတော်များအတွက် ရပ်ကွက်ပြည်သူများလှူတန်းသောငွေများထဲမှ (၂၉၇၀၀၀)ကိုလည်းကောင်းနိုင် ငံတော်သမ္မတကြီးမှ ပြည်သူအတွက် ချမှတ်ပေးသော ပထမအကြိမ်(၄လပိုင်း)ဖုန်းဆင်းကဒ် ၆၄ ကဒ်အား ပြည်သူများကို မ ပေးဘဲနှစ်ခုပေါင်းကာလ ပေါက်ဈေးသိန်း(၅၀)နီးပါးကိုအလွဲသုံးစားပြုလုပ်သဖြင့်( ၅၄)ရပ်ကွက် ရပ်မိရပ်ဖများမှသက်သေအ ထောက်အထားခိုင် လုံစွာဖြင့် ၂.၅.၂၀၁၃နေ့တွင် အဆင့်ဆင့်တိုင်ကြားသဖြင့်၁၆.၆.၂၀၁၃နေ့တွင် ဌာနဆိုင် ရာအရာရှိများဖြင့် တောင် ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပထမအကြိမ် နှစ်ဘက်ခေါ်ယူ စစ်ဆေးခဲ့ပါသည်။မထူးခြားသဖြင့် ၁၅.၇.၂၀၁၃နေ့တွင် ဒုတိယအကြိမ်ထပ်မံတိုင်ကြားခဲ့ပါသည်။ခရိုင် ရုံးမှညွန်ကြားချက်ဖြင့် ၁၃.၈.၂၀၁၃တွင် တောင် ဒဂုံမြို့နယ် ရုံးတွင် ဌာနဆိုင် ရာအရာရှိများနဲ့  ဒုတိယအကြိမ် နှစ်ဖက်ခေါ်ယူစစ်ဆေးခဲ့ပါသည်။စစ်ဆေးချက်များတွင် အလွဲသုံးစားပြုလုပ်သူ အုပ်ချုပ်ရေးမှူးဦးကြီးမြင့်မှ ၄င်းအလွဲသုံးစားပြုလုပ်မှုများကို ဝန်ခံထားပြီးဖြစ်သော်လည်း အ ရေးယူခြင်းမရှိသည့်အတွက် ၁.၉.၂၀၁၃နေ့တွင် နေပြည်တော်ရုံးများသို့ တတိယအကြိမ်တိုင်ကြားခဲ့ပါသည်။၉.၉.၂၀၁၃တွင် ရန်ကုန်းတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တိုင်ကြားသူရပ်မိရပ်ဖများအားစစ်ဆေးခဲ့ပါသည်။အလွဲသုံးစားပြုလုပ်သူ အုပ်ချုပ်ရေးမှူးဦးကြီးမြင့်အား ၉.၉.၂၀၁၃ မှ ၁၃.၉.၂၀၁၃ အထိ အဆင့်ဆင့်စစ်ဆေးခဲ့သော်လည်း ယ နေ့အထိထူးခြားမှုတစ်စုံတစ် ရာမရှိပါသဖြင့် ဦးကြီးမြင့်၏ အကျင့်ပျက်အလွဲသုံးစားပြုလုပ်သည်ကို သိရှိနေ သော( ၅၄) ရပ်ကွက်ပြည်သူများမှ အမှန်တကယ်အလွဲသုံးစားပြုလုပ်သည်မှာ မှန်ကန်ပါလျက် အထက်လူကြီးမင်းများမှ မည်သို့အ ရေးယူအပြစ်ပေးမည်ကို သိရှိလိုကြပါသဖြင့် စောင့်မျှော်နေကြပါသည်။
                                                             
  ပြည်သူတစ်ဦး
 (၅၄)ရပ်ကွက် ဒဂုံတောင်မြို့နယ်
 
>>>>>>>>>>>>>>>>>>>>>>>
 

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

No comments:

Post a Comment