Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 22 October 2013

ဝါးခယ်​မမှလိုင်း​ကြေး​ကောက်​၊ ဆက်​​ကြေး​တောင်းသောရဲတပ်​ဖွဲ့ဝင်​ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဝါးခယ်​မမှ May I trouble you!ဟုအမည်​နာမ တပ်​ရမည့်​ ရဲတပ်​ဖွဲ့ဝင်​ ​သောင်း​သောင်းစိုး နှင့်​ ဘိုဘို​မောင်​ တို့သည်​ လိုင်း​ကြေး​ကောက်​၊ ဆက်​​ကြေး​တောင်းပြီး မရှိ၍ ၂လုံးထီ ​ရောင်းစား​နေ​သော ပြည်​သူများကို ဖမ်းဆီး​နေပါသည်​။ လက်​ပူးလက်​ကြပ်​ဖမ်းမိခြင်း
မရှိပါက ဘိုး​တော်​ (၀ါးခယ်မမြို့နယ်မှူး) အား​​ကန်​​တော့ရမည်​ဆိုကာ ငွေညှစ်​​လေ့ရှိပါသည်​။ အောက်တိုဘာလ ​၁၈ရက်​​နေ့က ၀ါးခယ်​မမြို့ရွာသစ်​ရပ်ကွက်​ရှိ ကို​ဇော်လတ်​​အား ရှာ​ဖွေပုံစံအတုပြုလုပ်​​ပြီးရှာ​ဖွေရာ ယင်းအားမမိဘဲ ရဲအဖွဲ့အား လိုင်း​ကြေး​ပေးထား​သော ကို​နေလင်း​အောင်​ အား​​တွေ့ရှိပြီး ဖမ်းဆီးပါသည်​။ ​ဇော်​လတ်​ဆိုသူကိုပါ ရှာ​ဖွေခိုင်းပြီး ၀ါးခယ်​မမြို့နယ်​မှူး ရုံးကို ​ခေါ်သွားပါသည်​။ ရုံးတွင်​​ဇော်​လတ်​ဆီမှ ​ငွေညှစ်​ရာတစ်​သိန်း​ပေးသည့်​အတွက်​ပြန်​လွှတ်​​ပေးလိုက်​​ကြောင်းသိရှိရပါသည်​။ ယခုအဖြစ်​အပျက်​ကို နိုင်​ငံ​တော်​သမ္မတကြီနှင့်​တကွ အစိုးရအရာရှိကြီး သိရှိ​စေရန်​တင်​ပြအပ်​ပါသည်​။ ယခုကဲသို့ဖမ်း​​ဆီးခံရသူများသည်​ ၀ါးခယ်​မရှိ နယ်​ထိန်းအဖွဲ့ကို တစ်​ခါ၊ မြို့နယ်​မှူးအဖွဲ့ကို တစ်​ခါ တစ်​ပတ်​ကိုလိုင်း​ကြေး ( ၂ဖွဲ့​ပေါင်း) တစ်​​သောင်းနီးပါး​ပေးရ​ပေမယ့်​ လုံခြုံ​မှု ​မ​ပေးဘဲ အ​ကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး​လေ့ရှိ​ကြောင်း ​ပြောပြပါသည်​။
လိုင်း​ကြေးအဆမတန်​ ​ပေး​သော ဒိုင်​ကြီးများကိုမှု ဖမ်းဆီး​လေ့မရှိဘဲ တစ်​ခါတစ်​ရံ တွင်​သာ အရှာပြ​လေ့ရှိပါသည်​။ လက်​ခွဲ​ကော်​မရှင်​စားများ ဘ၀မှာမှု ရဲနှင့်​ အဖမ်းထံရလျှင်​ ဥပ​ဒေအရာရှိ၊ တရားသူကြီးများကိုသာ ရှာ​ကြွေး​နေရရှာပါသည်​။ ​လောင်းကစားမှူ အမှန်​တကယ်​ပ​ပျောက်​လိုလျှင်​ ယခုကဲသို့ ​မထိ​ရောက်​​သောဖမ်းဆီးမှု များကို ပြုလုပ်​​နေမည့်​အစား အကျင့်​ပျက်​ခြစား​သော စားပြီးနားမလည်​သည့်​ ရဲဝန်​ထမ်းများကို အပြစ်​​ပေး အ​ရေးယူ​သင့်​​ကြောင်းတင်​ပြအပ်​ပါသည်​။

တာဝန်​သိ ၀ါးခယ်​မပြည်​သူတစ်​ဦး

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment