Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Tuesday 8 October 2013

စစ်ကိုင်းတိုင်းဒေသကြီးကျွန်းလှမြို့နယ်တွင်မီတာခကောက်ခံရာ၌ကျေးရွာမီးကော်မတီမှကောက်ခံပြီးယခင်လများ၏နှစ်ဆခန့်ဖြစ်နေ...။ ပဲခူးတိုင်းဒေသကြီး သပြေရိုးကျေးရွာမှ သဲမှုတ်လုပ်ငန်းများအား ရပ်ဆိုင်းပေးပါရန် >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီးကျွန်းလှမြို့နယ်တွင်မီတာခကောက်ခံရာ၌ကျေးရွာမီးကော်မတီမှကောက်ခံပြီး
ယခင်လများ၏နှစ်ဆခန့်ဖြစ်နေ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စစ်ကိုင်းတိုင်းဒေသကြီးကျွန်းလှမြို့နယ် မကျီးအင်းကျေးရွာတွင်
မီတာခကောက်ခံရာ၌ကျေးရွာမီးကော်မတီမှကောက်ခံပါသည်။ထိုသို့ကောက်ခံရာတွင်၂၀၁၃ဇူလိုင်လအတွက်မီတာခပေးချေပြီးကြောင်းချလန်ပြန်မပေးပါ။
ထိုလအတွက်မီတာခကျသင့်ငွေမှာယခင်လများ၏နှစ်ဆခန့်ဖြစ်နေပါသည်
ချလန်စာရွက်ကိုမြို့နယ်ရုံးမှမပေးခြင်းဖြစ်ကြောင်းကျေးရွာမီးကော်မတီမှပြောပါသည်။
လာရောက်ကောက်ခံသူနှစ်ဦးမှကောက်ခံရရှိသောငွေကိုဗလာစာအုပ်တစ်အုပ်တွင်ရေးမှတ်ပါသည်။ တစ်ရွာလုံးမှာမီတာဘယ်လောက်တက်၍ဘယ်လောက်ကျသင့်သည်
ကိုမေးမြန်းပြောဆိုဝံ့သူမရှိပါ။ယခင်လများကချလန်စာရွက်ကိုနှစ်ရက်ခန့်ကြိုတင်ဝေ
ထားပြီးမှလိုက်လံကောက်ခ်ံခြင်းဖြစ်ပါသည်။ဤကဲသို့ကျေးရွာမီးကော်မတီမှလုပ်ဆောင်နေခြင်း
များကိုမြို့နယ်မှသက်ဆိုင်ရာလူကြီးများသိရှိဖြေရှင်းပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

တာဝန်သိပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူးတိုင်းဒေသကြီး သပြေရိုးကျေးရွာမှ သဲမှုတ်လုပ်ငန်းများအား ရပ်ဆိုင်းပေးပါရန်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သို့/
ဦးအောင်ငြိမ်း
ဥက္ကဌ
ပြည်သူ့တိုင်ကြားစာနှင့် အသနားခံစာ
ကော်မီတီ ( နေပြည်တော် )

အ ကြောင်းအရာ။ ။သဲမှုတ်လုပ်ငန်းအား ဆက်မလုပ် ရန် တိုင်ကြားခြင်း။
လူကြီးမင်းခင်ဗျာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့ အပိုင် သ ပြေရိုးကျေးရွာ ပိုင်
 လယ်ယာမြေ များ အတွင်း စီးဆင်းသွားသော ဆည်မြောင်းချောင်းသည် လယ်သမားများ အားထားရသော ချောင်းဖြစ်ပါသည်။
ယခု တစ် ရက်လျှင် ကျင်း ၄၀ ကျ သဲမှုတ် စက် ၁၄ လုံး ကြောင့် ချောင်းဘေး ရှိလယ်ယာမြေ ကမ်းပါးများ ပြိုကျပျက်စီးသွားသည့်အပြင် လှည်းလမ်း ကူးများပါ ပျက်စီးသွားသောကြောင့်
 အရေးယူဆောင် ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။

ဦးထွန်းဝင်း
ph 09250208598
သ ပြေရိုးကျေးရွာ

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 


No comments:

Post a Comment