Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Friday 11 October 2013

တနင်္သာရီတိုင်းဒေသကြီး- ပုလောမြို့နယ်တွင်ကျေးရွာသူ/ကျေးရွာသားများအထိတ်တလန့်ဖြစ်ရခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက်ပါအကြောင်းအရာများမှာ ယနေ့(10.10.2013)ရက်နေ့တွင်ဖြစ်
သွားခဲ့သော တနင်္သာရီတိုင်းဒေသကြီး- ပုလောမြို့နယ်-ပုလောက်မြို့နယ်ခွဲအပိုင် ပြင်ဘုကြီးကျေးရွာတွင် ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသော လက်နက်အပြည့်အစုံပါယူဆောင်လျက်(လောင်ချာ-ဗုံးသီး)အပါအဝင် လက်နက်ကြီးများ ကိုင်ဆောင်ထားသော ဒေသခေါ် ကော်သူလေး သောင်းကျန်းသူများမှ ကျေးရွာသူ ကျေးရွာသားများအား ဆက်ကြေး (500000)ကျပ်တိတိကို လာရောက်တောင်းခံခဲ့ပါသည်။ကျန်တော်တို့ကျေးရွာပြည်သူများမှာ လုံခြုံမှုနှင့် အေးချမ်းမှုကို မည်သူ့ထံတွင် မည်သို့တောင်းဆိုရပါမည်ကို နီးရာဓါး
 ကြောက်ရသည့်အချိန်တွင် စိုးစဉ်းမျှမစဉ်းစားဝံ့ပါ။
စုစုပေါင်း ဆက်ကြောင်းတောင်းအဖွဲ့ ဦးရေ(60)မှ  ကျေးရွာများအား ခွဲ၍ဆက်ကြေးတောင်း
သွားခဲ့သည်မှာ တိုးတက်လာသော။လုံခြုံလာသော။အေးချမ်းလာသော ယခုလို အချိန်မျိုးတွင် မဖြစ်သင့်တော့ပါ။ဆက်ကြေး(500000)ကျပ်ကို အတန်တန် ဈေးဆစ်၍(250000)ကျပ်ဖြစ
 ပြေလည်သွားခဲ့သော်လည်း နောင်အချိန်တိုင်းတွင်ယခုလိုသာ ဆက်ကြေးများထပ်မံ၍လာကောက်နေ
မည်ဆိုပါက အေးချမ်းမှုကို ရွာသူ ရွာသားများ ခံစားရမည်မဟုတ်ပါ။အာဏာပိုင်များမှ
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လိုအပ်သလို ဆောင်ရွက်နိုင်ရန်သာဖြစ်ပါသည်။

ပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment