Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 5 October 2013

မြောင်းမြမြို့တွင် ဧည့်စာရင်းဖြင့်တည်းခိုနေသော အမျိုးသမီးနှစ်ဦး ဥပဒေမဲ့ ဖမ်းဆီး တရားစွဲဆိုခံရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မြောင်းမြမြို့၊ကံကော်မြိုင်ရပ်
ကွက်၊မြဂုဏ်ရည်လမ်း၊အမှတ်(V၁၇)တွင်
ဦးစိုးကိုကို အမည်ဖြင့် ဖွင့်လှစ်ခွင့် ရရှိထားသော တည်းခိုခန်းလိုင်စင်ရ
စိုးသစ္စာတည်းခိုခန်းတွင် (၂၃.၉.၂၀၁၃)ရက်နေ့ ည (၉)နာရီ(၃၀)မိနစ်ခန့်တွင်
မြောင်းမြမြို့ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်မှူး ဒုရဲအုပ် ဟန်ဇော်ထွန်း
ဥိးဆောင်သော အဖွဲ့
ရောက်ရှိလာပြီးတည်းခိုခန်း တစ်ခုလုံးအား ပိုက်စိတ်တိုက်ရှာဖွေရာ
မိုးတွင်းကာလ ဧည်သည်ပါးသဖြင့် တည်းခိုခန်းတွင် တစ်ဦးတစ်ယောက်မှ
မတွေ့ရှိရသဖြင့် လာရောက်ရှာဖွေသော
စခန်းမှူးနှင်ဒုရဲအုပ်မှမြို့နယ်ရဲတပ်ဖွဲ့မှူးသို့ကင်းရှင်းကြောင်းဖုန်းဖြင့်သတင်းပို့ခဲ့သည်။တဖက်မှ
ယင်းတည်းခိုခန်းတွင် မစုစုလှိုင်ဦးနှင့်
မ၀ါဝနှင်းတည်းခိုနေကြောင်း
တည်းခိုစာရင်းကိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယင်းတည်းခိုခန်းမှ
ပေးပို့ထားကြောင်းပြောရာ လာရောက်ရှာဖွေသည့်စခန်းမှူးမှ
တည်းခိုခန်းမန်နေဂျာဦးညိုလေးအား လာရောက်တည်းခိုနေသည့်
ဧည်သည်အမျိုးသမီးနှစ်ဦးကိုမေးရာ မန်နေဂျာဦးညိုလေးမှ ဧည်သည်များ
ထမင်းစားသွားကြောင်း
ည (၁၁)နာရီတည်းခိုခန်းပိတ်မည်ဖြစ်သဖြင့် ည (၁၀)နာရီခွဲပြန်လာရန်ဧည်သည်
အမျိုးသမီး နှစ်ဦးအားမှာလိုက်ကြောင်းပြောဆိုရာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ
မန်နေဂျာကို ရဲစခန်းသို့ခေါ်လာရန် စခန်းမှူးအား ဖုန်းမှ တဆင့်
ခေါ်ခိုင်းသဖြင့် မန်နေဂျာဦးညိုလေး ရဲစခန်းသို့လိုက်သွားခဲ့ရသည်။

ယင်းနေ့ ည (၁၁)နာရီကျော်တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းမှ
အပြင်ရောက်နေသော
ဧည်သည်အမျိုးသမီးနှစ်ယောက်ပြန်ရောက်လျှင်ရဲစခန်းသို့ပို့ပေးရန်ဖုန်းဆက်ပြောသဖြင့်
တည်းခိုခန်းတာဝန်ခံဦးသန့်ဇင်ဦးမဧည်သည်အမျိုးသမီးနှစ်ဦးအား
စခန်းသို့ပို့ပေးခဲ့ရသည်။စခန်းရောက်၍စစ်မေးရာ မစုစုလှိုင်ဦး
ရန်ကုန်တောင်ဒဂုံမြို့နယ်တွင်နေထိုင်ကြောင်း
အဖေါ်ဖြစ်သူမ၀ါဝါနှင်းနှင့်မြောင်းမြမြို့တွင် ငါးခြောက်များလာဝယ်ပြီး
လှိုင်သာယာမြို့နယ်ရေအုပ်ကန်ဈေးတွင် တဆင့်ပြန်လည်ရောင်းချကြောင်း
၊မြောင်းမြမြို့သို့ ငါးခြောက်လာရောက်ဝယ်ယူသည့်အကြိမ်အရေအတွက်မှာ
ယ္ခုတစ်ကြိမ်အပါဆို  (၄)
ကြိမ်ရှိပြီဖြစ်ကြောင်း၊မြောင်းမြမြို့ရောက်တိုင်း
စိုးသစ္စာတည်းခိုခန်းတွင်
တည်းခိုကြောင်း ၊ မကောင်းသော မိန်းမများမဟုတ်ကြောင်း
၊ကောင်းရောင်းကောင်းဝယ်ဈေးရောင်းချစာသောက်ကြောင်း ၀န်ခံအစစ်ခံခဲ့ပါသည်။
မ၀ါဝါနှင်းမှာလည်း ဇာတိမှာ ညောင်ဦးမြို့နယ် ငါးမင်းမေး
ကျေးရွာဇာတိဖြစ်ပြီး မစုလှိုင်ဦးနှင့်ငါးခြောက်အရောင်းအ၀ယ်လုပ်ကြောင်း
အစစ်ခံခဲ့ပါသည်။သို့သော်မြို့နယ်စခန်းမှူးမှ ဖမ်းချုပ်ထားပြီး
(၂၄.၉.၂၀၁၃)နေ့တွင် မြောင်းမြမြို့နယ်တရားရုံးသို့ ရဲ အက်ဥပဒေ ၃၅-ဃ ဖြင့်
တရားစွဆြိုတင်ပို့ခဲ့သည်။ဧည်သည်များက အပြစ်မရှိကြောင်းငြင်းဆိုရာ
ရုံးတော်မှ
အာမခံပေးခဲ့ပါသည်။

စိုးသစ္စာတည်းခိုခန်းမှာမြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
တည်းခိုခန်းလိုင်စင်ထုတ်ပေးထားပြီး လာရောက်တည်းခိုသော
ဧည်သည်များ၏ဧည့်စာရင်းအား
(၁)မြို့နယ်ရဲစခန်း(၂)စုံစမ်းစစ်ဆေးရေးဦးစီးဌာန(၃)သတင်းတပ်ဖွဲ့(၄)မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး(၅)ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၆)လူဝင်မှုကြီးကြပ်ရေးမှူးရုံး(၇)စစ်ဖက်
ဆိုင်ရာလုံခြုံရေးရုံး(၈)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့အချိန်နှင့်တပြေးညီ
ပေးပို့ရသည်။ယင်းနေ့ကတည်းခိုသော ဧည့်စာရင်းအားလည်း
အချိန်မှီပေးပို့ပြီးဖြစ်သော်လည်း လာရောက်တည်းခိုသော
ဧည့်သည်အမျိုးသမီးနှစ်ဦးအား ပြည့်တန်ဆာ အထင်ဖြင့် ရဲအက်ဥပဒေ
၃၅-ဃ ဖြင့် တရားစွဲဆိုခြင်းမှာမိန်းမကောင်းများဖြစ်သဖြင့်
မြန်မာအမျိုးသမီးများဖြစ်သောကြောင့်  သိက္ခာကျ အရှက်ရစေခဲ့သည်။ရဲစခန်းမှ
ပထမသတင်းပေးတိုင်တန်းချက်ရေးဖွင့်ရာတွင်
တရားခံအမျိုးသမီးများကိုတည်းခိုခန်းတွင်တွေ့ရှိကြောင်း မမှန်မကန်
ရေးသားအမှုဖွင့်ခဲ့သည်။ယင်းလုပ်ရပ်သည်ရဲတပ်ဖွဲ့အနေဖြင့် ရဲစည်းကမ်း
ထိမ်းသိမ်းရေးဥပဒေကိုချိုးဖေါက်ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်
သိက္ခာကျစေရန်ပြုလုပ်ခြင်းကြောင့် ပြည်သူလူထု၏
ယုံကြည်ကိုမရနိုင်သည်မှာထင်ရှားလှသည်။ ဤသို့အသေးအဖွဲကိစ္စရပ်တို့တွင်
မမှန်မကန် ဆောင်ရွက်တက်သော ၊ ယုံကြည် အားကိုးမှုမရနိုင်သောကြောင့်
အချို့အရပ်ဒေသတို့တွင် တရားဥပဒေထက်
ဓါးဥပဒေကို အားကိုးကြသောကြောင့် သေးငယ်သောကိစ္စမှ
လူသတ်မှုအထိဖြစ်လာရပေသည်။ထိုအမျိုးသမီးနှစ်ယောက်၏ ဖြစ်ရပ်နှင့်
မှန်ကန်သောအကြောင်းတရားတို့ကြောင့် မခံမရပ်နိုင်သည့် လူတစ်စုက
ယင်းဖြစ်ရပ်အပေါ် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရန်အတွက်
ပြည်ထဲရေးဝန်ကြီး၊ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ်၊ရဲချုပ်(မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ဒေါ်အောင်ဆန်းစုကြည်(တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ)၊ဥက္ကဌ(နိုင်ငံသားများ၏မူလအခွင့်အရေး၊ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ)၊ဥက္ကဌ(အမျိုးသမီးများနှင့်ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးကော်မတီ)၊ဥက္ကဌ(ပြည်သူတို့၏
တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီ)၊ညွှန်ကြားရေးမှူးချုပ်(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး(ဧရာဝတီတိုင်းဒေသကြီး)နှင့်
နိုင်ငံတော် သမတ္တကြီးထံသို့ တိုင်းကြားထားကြောင်း စုံးစမ်းသိရှိရသည်။


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 



No comments:

Post a Comment