Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Sunday 13 October 2013

ရွှေကျင် မြို့နယ် ကူးတို့လိုင် စင် စီ၏ မ တော် လောဘ ကြောင့် ခရီးသွားပြည်သူများ အန္တရာယ် ကြုံ တွေ့ နေရ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်း အရှေ့ခြမ်း ရွှေကျင် မြို့  မှာ ၊ရွှေကျင် ချောင်းကူး ကူးတို့လိုင်စင် ၂ ခု ချထား ပေးပြီး
ကူးတို့ဆိပ် ၂ ခု ရှိပြီး ရေကျချိန် မှာတံတား ၂ စင်းထိုး ပေးခဲ့လို့ ခရီးသွား ပြည်သူများ အဆင် ပြေ ချော မွေ့စွာ သွားလာနိုင်ခဲ့ကြပါတယ်။
                             
      ယခု ၂၀၁၃ ခုနှစ် မှာလိုင် စင် ၂ ခုကို တစ်ဦး တည်းက လေလံ
ရယူသွား ပြီး ကူးတို့ဆိပ်(၁)ခု တည်းထား ပေးပါတယ်။ ခရီးသွားကများပြီး  ကူးတို့ဆိပ်ကို
ဆင်း ရတဲ့ လျှော စောက် ကြောင့် ခရီးသွား မကြာခဏ ဆိုင် ကယ်နဲ့ အတူ ရေထဲပြုတ်ကျ
ကြပါတယ်။  ကူးတို့ကူးခကို တော့ လိုင် စင်မှာ ၅၀၀ကျပ် သတ်မှတ်ထား ပေမဲ့  ၈၀၀ကျပ်
ကောက်ခံပါတယ်။
                                     သီတင်းကျွတ်လပြည့် နေ့ ဟာ နိုင် ငံ ကျော် ရွှေကျင် မီး မျှော ပွဲ
တော် ကျင်း ပ တာမို့ ပအနယ်နယ် အရပ်ရပ်က လာ ရောက် နွှဲ ပျော်ကြပါတယ်။အခု အချိန်
ကတည်းက၊အသွား အလာ များပြားလာပြီမို့ ခရီးသွား ပြည်သူများဟာ ရွှေကျင် ချောင်း ကူး
ဖို့အရေး ၁၊နာရီ ၁ နာ ရီခွဲ နေပူကြီး ထဲမှာ စောင့် နေကြရပါတယ်။  စက် လှေဆိုက်ရင် ကျောင်း မှင်္ီ ရုံး မှီဖို့ အလု အယက် ဆင်းကြလို့ အန္တရာယ် ဖြစ် ပေါင်း လည်းမနဲ တော့ပါဘူး။
                                      လိုင် စင် ၂ ခု ယူပြီး ကူးတို့ကူးခ နှစ်ဆ ကောက် ပေမဲူ့ကူးတို့ဆိပ်
တစ်ခုတည်းထား ပေးတဲ့ မ တော် လောဘသား လိုင် စင် စီရဲ့ လုပ်ရပ်ကို စည် ပင် သာ ယာ
အဖွဲ့နဲ့ အာဏာပိုင် များ ၊လွှတ် တော် ကိုယ်စားလှယ်များ၊နိုင် ငံ ရေး ပါတီများ တို့က၊လစ်လျူ
ရှု နေကြ တာ တစ်မိုး ကျွတ် ပါပြီ။
                                     မီး မျှော ပွဲ တော်ကြီးအမှီ လိုင် စင် စည်း ကမ်းအတိုင်း ကူးတို့ဆိပ် ၂
ခုနဲ့ တံတား နှစ် စင်း ထိုးပြီး အန္တရာယ် ကင်း ကင်း သွားလာ နိုင် ဖို့ ပြည်သူလူထု က လိုလား
နေကြပါတယ်။
                                     ပြည်သူလူထုရဲ့ အန္တရာယ်ကို မကြည့်တဲ့  ဝိသမ လောဘသား လိုင် စင် စီ ကိုလည်း လိုင် စင် ပိတ်သိမ်း တဲ့ အထိ အ ရေးယူ ပေးဖို့နဲ့ " အမည်ပျက်စာရင်း " ကြေ
ငြာ ပေးဖို့  စု  ပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတ ရုံးကို တိုင် ကြားသွားရန် စီစဉ် နေကြပြီ
ဖြစ်ပါတယ်။

  ရွှေကျင် သား ခရီးသည်
    ပေးပို့သူ
အောင် သွင် ဦး
(၈၉)ဝါဏိဇ္ဇ္ဇလမ်း၊ ညောင် လေး ပင် မြို့။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment