မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင် ၊ ၀မ်းတွင်းမြို့နယ် သည် ရန်ကုန် -မန္တလေး လမ်းမကြီး(လမ်းဟောင်း)ဘေးမှာတည်ရှိနေပါတယ်။ ၄င်း လမ်းဘေးရှိဝဲယာ တဖက်တချက်
ကလယ်/ယာမြေ တွေကို လယ်ယာမြေ မှတ်ပုံမတင်ရသေးခင် ဒေသပေါက်ဈေး မဟုတ်သော ငွေကြေး
ဖြင့် ၀ယ်ယူနေပါတယ် ။ဝမ်းတွင်းမြို့ ရဲ့ အထင်ကရ ရှိတဲ့ အနော်ရထာမင်းတည်ထားကိုးကွယ်တဲ့ ရွှေကူ
ကြီးဘုရားအနီး တွင်ရှိနေသော လယ်/ယာ မြေ တစ်ကွက် ဆိုရင် ရန်-မန်းလမ်းဘေးမှာ ကပ်လျှက်တည်ရှိ
နေတဲ့ မျက်နှာစာကွက် တစ်ဧကကျော်ကျော်လောက်ကိုသိန်းလေးရာ ပေးဝယ်ယူဖို့ ဈေးဆိုင်ထားပါတယ်
၎င်းရဲ့နောက်ကျောဘက်အကွက်တွေ ကိုတော့ တစ်ဧက ကို သိန်းငါးဆယ်လောက်ပေးနေတယ်လို့သိ
ခြင်းအပြီးမသတ်သေးချိန်မှာ အရေးတကြီးဝယ်ယူနေခြင်းသည် လယ်/ယာမြေမှတ်ပုံ့တင်သော်အခါ ၀ယ်
သူအမည်ဖေါက်ပြီး နိုင်ငံတော် ကို ပေးဆောင်ရမဲ့အခွန် ရှောင်တယ်လို့ တနည်းအားဖြင့်သတ်မှတ်နိုင်
ပါတယ် ။မူဆည်- မန္တလေး မြို့တလျှောက် လမ်းဘေးရှိ လယ်/ယာမြေ တွေဝယ်ယူလာခဲ့ခြင်းတွေဟာ
ယခုဆိုဝမ်းတွင်းမြို့ဆီရောက်ရှိ လာပြီဖြစ်ပါတယ် ။ရိုးသားမှု့အားနည်းနေသောမြေ၀ယ် ယူနေခြင်းများ
သည်နောင်ကာလအခါတောင်သူတွေမြေမဲ့ လယ်/ယာမဲ့ ဘ၀ဒုက္ခရောက်မည် စိုးရိမ်ပါသောကြောင့်
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ များအဖွဲ့မန္တလေးတိုင်းဒေသကြီးတာ ၀န်ခံဦးလှငွေ(၃/ဘအန-နိုင်- ၀၂၅၁၆၀)မှတောင်သူများအားအသိပေး/ သတိပေးနေပြီး သက်ဆိုင်ရာဌာနအသီးသီးကိုလည်းတင် ပြ
သွားမယ်လို့ သတင်းရရှိပါတယ် ။
No comments:
Post a Comment