Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 5 October 2013

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေထိန်းနံရံပြိုကျမှုအမြန်ဆုံး ထိန်းသိမ်းပေးစေလို >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



        စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မြို့မ(၁) အုပ်စုကျောင်းတောင်ရပ်ကွက်ရှိ ရွှေနဒီ ဧည့်ရိပ်သာနှင့် ချင်းတွင်းမော် ဧည့်ရိပ်သာရှေ့မျက်နှာစာတွင်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုငွေကျပ်သိန်း(၁၆ဝ)ဖြင့် အကုန်ကျခံဆောက်လုပ်ထားသောအရှည်(၁၂ဝ)ပေရှိသည့် မြေထိန်းနံရံကိုမြစ်ကြောင်းထိန်းသိမ်းရေးအဖွဲ့မှ (၁ဝ.၇.၂ဝ၁၃)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ထိုသို့ဆောက်လုပ်ပြီးစီးခဲ့သော်လည်း မိုးများရွာသွန်းမှုကြောင့် စက်တင်ဘာလတွင်အက်ကြောင်းများ စတင်ဖြစ်ပေါ်လာပြီး စက်တင်ဘာ (၃ဝ)ရက်နေ့တွင်  ပြိုကျပျက်စီးခဲ့သည်။ အဆိုပါမြေထိန်းနံရံကို တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ခဲ့သော်လည်း တာဝန်ခံဆောက်လုပ်သူသည် ပြည်သူလူထုအပေါ် စေတနာထားရှိမှု မရှိခြင်းကြောင့်ဆောက်လုပ်ပြီးစီးသည့်ကာလ (၃)လအတွင်း ပြိုကျပျက်စီးခဲ့ပါသည်။ ယင်းသို့ ပြိုကျပျက်စီးသွားသော်လည်း သက်ဆိုင်ရာဌာနမှလာရောက်ပြုပြင်ပေးခြင်း၊ မြေသားများ ပြန်လည်ဖို့ပေးခြင်း မရှိသည်မှာ(၁)လကျော်ကြာခဲ့သည်ဖြစ်ပါသည်။ယခုအချိန်တွင်မိုးများပိုမိုရွာသွန်းခြင်းကြောင့်မြေသားများ ပြိုကျခြင်း၊ အိကျခြင်းများ ဆက်လက်ဖြစ်ပေါ်လာခဲ့ပါသည်။ အဆိုပါလမ်းသည် သုံးဘီးယာဉ် တစ်စီးစာလောက်သာသွားလာလို့ရပါသည်။ ထိုသို့လမ်းများ ကျဉ်းမြောင်းလာမှုကြောင့် ပြည်သူများအတွက် အန္တရာယ်အလွန်များလှပါသည်။ ထို့ကြောင့်မြေထိန်းနံရံပြိုကျမှု၊မြေကျွံကျမှုများကိုအမြန်ဆုံး ပြန်လည်ပြုပြင်ပေး စေလိုကြောင်း ပြည်သူများ၏ကိုယ်စား တင်ပြလိုက်ရပါသည်။

မော်လိုက်သားလေး 

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment