Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Monday 21 October 2013

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးက လက်ဖက်ရည်ဘိုး ၅ဝဝဝကျပ် တောင်းတတ်သော အောက်ခြေဝန်ထမ်းများ အရေးယူပေးပါ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မြန်မာနိုင်ငံဟာ ကျန်းမာရေးကဏ္ဍမှာ ဖွံ့ဖြိုးဆဲ မဆိုရလောက်အောင် ချွတ်ခြုံကျနေတာ အားလုံးအသိပါ။ ယခုကာလ အပြောင်းအလဲဆိုတဲ့ စကားလုံးအောက်မှာ ပြောင်းလဲချင်ပေမဲ့ မျက်စိမှိတ် မသိသလိုနေပြီး အပြောင်းအလဲရဲ့ ဂယက်ကို စောင့်မျှော်နေသူများလည်း ရှိနေပေဦးမည်။ ယခုသာဓကကြီး တစ်ခုကား အပြောင်းအလဲစိန်ခေါ်မူ သာဓက တစ်ခုအလားပင်။ ကျတော်တို့ မြန်မာပြည်ရဲ့ အနာဂါတ်ရင်သွေးငယ်များကို မွေးထုတ်ပေးနေသော အစိုးရ၏ ပြည်သူ့ ဆေးရုံ အကြီးကျယ်ဆုံး ဟု ဆိုရလောက်အောင်  ငွေကြေးဓနကြွယ်ဝသူတွေရော အလယ်လတ်လူတန်းစား အောက်ခြေလူတန်းစားမကျန် အားကိုးအားထားပြုနေရသော ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံတွင်ဖြစ်သည်။ စာဖတ်သူ အနေဖြင့် ခေါင်းစဉ် ဖတ်လိုက်သည်နှင့် အဖြေတော့ ရိပ်မိနိုင်သလို ဖြစ်နိုင်သည်။ သမရိုးကျ ဆေးရုံအများစုတွင် ကြုံတွေ့နေရသလို ဆရာဝန် သူနာပြု အောက်ခြေဝန်ထမ်းများ ငွေတောင်းခြင်း တနည်းအားဖြင့် လာဒ်ပေးလာဒ်ယူ ကိစ္စပေါ့ လို့တော့ အလွယ်မတွေးပါနဲ့။ ကျတော်ကိုယ်တိုင်လည်း ထိုသူထဲက တစ်ယောက်မို့ မျှမျှတတ ရေးမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ နာမည်ကြီး ရန်ကုန်ဆေးရုံကြီးပင်လျှင် ဝန်ထမ်းအချို့ကိုယ်တိုင် အပြောင်းအလဲများ ရှိလာနေသယောင်ပင် ဆန္ဒထုတ်ဖော်ပြသသည်ပင် ဖြစ်ခဲ့ဖူးပါတယ်။ ယခင်က အပေါက်စောင့် သန့်ရှင်းရေး လူနာလှည်းတွန်း/ကူညီသူများမှာ လူတိုင်းလူတိုင်းကို (လူပုံစံပေါ်မူတည်၍ ရိုးအ သည်ထင်လျှင်ဖြစ်စေ မထင်လျှင်ဖြစ်စေ ငွေကြေး အသားလွတ်တောင်းခြင်းများမှ ယခုအခါ နှက်လို့ တွယ်လို့ရလောက်သည် လူများကိုပင်လျှင် "နည်းသည်များသည်မဆို သဒ္ဒါသလောက် လက်ဖက်ရည်ဖိုး"ဟု ရိုကြိုးစွာတောင်းခံသည့် ပုံစံသို့ ပြောင်းလဲစပြုနေပြီ ဖြစ်သည်။ တာဝန်ကျ ဆရာဝန် သူနာပြု များ အထူးသဖြင့် ခွဲစိတ်ကု/သမားတော်ကြီးများပင်လျှင် ယခုအခါ စေတနာနှင့် လှူတန်းသည့် ငွေကြေးများကိုပင် အတင်းငြင်းဆန်ခြင်းမျိုး သဒ္ဒါသလောက် စသဖြင့် အကြောင်းတခုခုပြကာ အရင်တခေတ်တခါလို မျက်စိမှိတ် နူတ်ပိတ်ယူခြင်း အခြားဝန်ထမ်းတစ်ဦးထံမှ လှုံ့ဆော်ကာ လူနာထံမှ ရယူခြင်း စသည်တို့မှ ပြောင်းလဲလာသည်ကို ဆေးရုံအချို့တွင် တွေ့မြင်လာရပါတယ်။ ယခု ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင်ကား လူပြိန်းကြိုက်ပြောရလျှင် ပေါ်တင်တောင်ရမ်းခြင်း ပေတည်း။ သူမတို့ တသိုက် တောရွာက မရှိမဲ့ ရှိမဲ့နဲ့ နယ်ဆေးရုံက လွှဲလိုက်တယ်ဆိုတော့ Taxiတစီးနှင့် ကိုးယိုးကားယား အ၀တ်အစားနဲ့ ခေါင်းအုံး စောင် ခြုံထောင် ၂တင်းအိတ် ဆာလာအိတ်ထုတ်ကြီးနဲ့ ဆေးရုံသို့ ရောက်လာလေရော။ တိုတိုနဲ့ လိုရင်း ပြောရရင်တော့ သန်းရှင်းရေးမက စပြီး အောက်ပိုင်း စပါယ်ရှယ် သန့်ပေးရလို့တဲ့ လက်ဖက်ရည်ဖိုးလေး သဒ္ဒါသလောက် လူနာရှင်လည်း မဆိုင်းမတွ ထုတ်ပေးလိုက်လေရဲ့။ စကားဆုံမိတုန်းထိုကိစ္စ ပြောမိကာ ထိုသူက "မဆိုးဘူဗျ သဒ္ဒါသလောက်ဆိုတော့ ခံသာပါတယ်ဗျာ၊ သူတို့ခဗျာလည်း လုပ်ပေးရှာသကိုး"တဲ့။ လူနာရှင်မှ ကျေနပ်သယောင်။ နောက် သွေးစစ်ဌာန လိုက်ပို့တဲ့ ဆရာယောင်ယောင်ကလည်း လက်ဖက်ရည်ဖိုးတဲ့ဗျာ။ သဒ္ဒါသရွေ့ စကားလေးနဲ့ပဲဆိုတော့ အကြွေလေးပေးမိလျုက်ပြန်ရော။ ထုတ်ပေးလိုက်ပြန်ရော။ နောက် ခွဲခန်းဝင်ဖို့ တွန်းလှည်းတွန်းခတဲ့။ လူနာရှင်ခဗျာလည်း ဘာရယ်တော့မဟုတ် "ကျတော် လိုက်တွန်းပို့ပါမယ်ဗျာ"။ တွန်းလှည်းသမား တချက်မျက်မှောက်ကြုတ်ပြီး တွန်းလှဲ ပေါ်လူနာတင်ဆွဲသွားလေရဲ့။ ကံကောင်းတာက အစောက သွေးစစ်ဌာနလိုက်ပို့တဲ့ ပေးကမ်းထားတဲ့ ဆရာယောင်ယောင်ကလည်း နောက်က တွန်းပေးရင်း ပါလေတော့ စိတ်တော့ သက်သာရာ ရသွားသယောင်။ သို့ပေမဲ့ ခွဲခန်းဝင်မယ့် ကိုယ်ဝန်အရင့်အမာနဲ့ လူနာမလေးရဲ့လှည်းလေး လမ်းတနေရာရာက အဖုအထစ်လေးတွေနေရာကျမှ ပိုက်ဆံရတဲ့တွန်းလှည်းသမားဘက်က မ မ ရွေ့ပေးတော့ သက်သာပေမယ့် တဖက်က တော့ မြင်းဒုံးဆိုင်းသကဲ့သို့ပေါ့။ ဒါကလည်း ထင်မိတာအရင်ပါ။ ဆေးရုံ လူနာတွေ အပြောများတော့မှ သွားသတိရတာပါ။ ပိုက်ဆံမပေးရင် လူနာမသက်သာဘူးတဲ့။:-) ။ စိုးရိမ်နေတာပေါ့ လူနာရှင်ခဗျာ။ ခွဲခန်းလည်း ပြီးလေရော။ လာပေတော့ သဗျာ။ လက်ဖက်ရည်ဖိုး၅ထောင် ပေါင်းများစွာပေါ့။ ရန်ကုန်က လက်ဖက်ရည် တယ်ဈေးကြီး သလားပေါ့။ ငွေပေးတဲ့ အခန်းရမယ်လေး နေစရာနေရာ ရစေရမယ်လေး ပိုးသတ်ခန်းထဲမှာ အချိန်ပြည့် စောင့်ကြည့်ပေးမယ်လေး။ ညမိုးချူပ်တော့ အဲလူတွေ မရှိ နောက်ဝန်ထမ်းတသုတ် သူတို့လည်း လက်ဖက်ရည်ဖိုး ၅ထောင်ပါဘဲ။ သဒ္ဒါသလောက် လက်ဖက်ရည်ဖိုးဆိုတဲ့ စကားလုံးလေးတွေဟာ ငွေကြေးတတ်နိုင်သူအဖို့ ၁၀၀၀တန် တစ်ရွက် အလွယ်ထုတ်နိုင်ပေမဲ့ ပြည်သူ့ဆေးရုံအားကိုးလာတဲ့ ဆင်းရဲနွမ်းပါးသူတစ်ယောက်အတွက်တော့ ရွေးချယ်ခွင့်တခုနဲ့ တတ်နိုင်သလောက် အိတ်ကပ်က ဆွဲထုတ်နိုင်မှာပါ။ ဆေးရုံက လူနာမီးဖွားတဲ့ သူတိုင်း စပ်စုမိလေတော့ ။ တညီတညာတည်းပဲဗျို့။ ဆရာဝန် လည်း အခမဲ့ သူနာပြုဆိုလည်း မုန့်ကလေး ၁၅၀၀တန်လောက် ဒါတောင် ကိုယ်က သွားပေးအုံးမှ အဲ ဝန်ထမ်းတချို့က လက်ဖက်ရည်ဘိုး သဒ္ဒါသလောက် ဒါကလည်း ပေးပျော်သယောင် ဟောဗျာ လက်ဖက်ရည်ဘိုး၅ဝဝဝကတော့. ...။ တဖက်ကတွေးကြည့်တော့ ဒီ၅၀၀၀က တောင်းသူတစ်ယောက်ထဲ မဟုတ်ဘဲ အောက်ခြေ ၀န်ထမ်းအချင်းချင်းနူတ်ပိတ်ခလား၊ ဒီကိစ္စ ဒီလောက်ကြီးထွားနေတာ ဆေးရုံတာဝန်ကျ ဆရာဝန်၊ သူနာပြု၊ အကြီးဆုံး ဆရာ/မကြီး သိမှာတော့ အသေချာဘဲ။ ဘာဖြစ်လို့ မပြောသလဲ။ နူတ်ပိတ်ခ (သို့) အကျိုးအမြတ်%များရနေလို့လား။ တွေးကြည့်တာနော်။ ၅၀၀၀ဆိုတဲ့ တန်ဖိုးဟာ တောရွာက ၄၊၅ရက်လောက် တနေကုန် အလုပ်လုပ်မှ ရတဲ့ ပိုက်ဆံက ရန်ကုန်မှာ အရမ်းတန်ဘိုး နည်းနေပြီလား။ တွေးရင်းတွေးရင်း မိုးလင်းသွားသော် နောက်၅၀၀၀များ (သို့) တိတိကျကျ ၂၀၀၀တန် ၃၀၀၀တန် လက်ဖက်ရည်ဘိုးများ အစား မြန်မာပြည် အပြောင်းအလဲမကုန်ခင် တနည်းအားဖြင့် ခေတ်မီတိုးတတ်သာယာဝပြောသော မြန်မာနိုင်ငံအဖြစ်သို့  မရောက်ရှိမီ စပ်ကြား"သဒ္ဒါသလောက် လက်ဖက်ရည်ဘိုး" အသံလေးတော့........

တာဝန်သိပြည်သူတစ်ဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment