Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 5 October 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့တွင်ကျွဲ နွား တရား မဝင်သယ်ဆောင်သတ်ဖြတ်ခြင်း စောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်းခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လိုင်စင်စည်းကမ်းများကို လက်တစ်လုံးခြားလုပ်ဆောင်နေသည်ဟု ဒေသ
ခံများကယုံကြည်နေသည့်အတွက် ရဟန်း သံဃာတော်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမပါဝင်
သည့် ရပ်ရွာအခြေပြု ကျွဲ နွား တရားမဝင်သယ်ဆောင်သတ်ဖြတ်ခြင်း
စောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်းခြင်းအား ၄.၁၀.၂၀၁၃ ရက်နေ့ညနေ ၃း၀၀
နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့မဟာ
သိရီမင်္ဂလာရာမကျောင်းတိုက်အတွင်းရှိ ရွှေရတုကျောင်းဆောင်သစ်၌ကျင်းပခဲ့ကြောင်းသိရသည်။    
             အဆိုပါစောင့်ကြည့်ရေးအဖွဲ့များအနေဖြင့်ပဋိပက္ခအသွင်မဆောင်
စေရန်နှင့်တွေ့ရှိချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများထံအချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန်ဆရာ
တော်များမှသြဝါဒ ပေးခဲ့ကြောင်းနှင့် ဦးစီးကော်မတီအပါအဝင် အမာခံအဖွဲ့၅ ဖွဲ့အားလူပုဂ္ဂိုလ် ၄၃ဦးဖြင့် ဒေသခံများကဖွဲ့စည်းခဲ့ပြီးအစည်းအဝေးအားညနေ၅း၀၀နာရီတွင်ရုပ်သိမ်းကြောင်းသိရသည်။

ဘုန်းဆက်လင်း
မြို့လယ်လမ်း
အမှတ် ၂ ရပ်ကွက်
ကန်ကြီးထောင့်မြို့
၄၉၇၄၀၅၇၆

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment