Download ဆွဲရန် ပုံကိုနှိပ်ပါ

Download ဆွဲရန် ပုံကိုနှိပ်ပါ
Download ဆွဲရန် ပုံကိုနှိပ်ပါ

Saturday 12 October 2013

တနင်္သာရီတိုင်းဒေသကြီးး-မြိတ်ခရိုင်တွင် စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၏ငါးဖမ်းစက်လှေကြီးများ မလိရေတပ်စခန်းဌါနချုပ်နှင့်ပေါင်း၍ငါးများမျိုးသုဉ်းမတတ် ခိုးယူဖမ်းဆီးနေခြင်း >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး-မြိတ်ခရိုင်-ပုလောမြို့နယ်-ပုလောက်မြို့နယ်ခွဲအပိုင် လူနေကျွန်းများအနီးတွင်  စီးပွါးရေးလုပ်ငန်းရှင်ကြီးများပိုင်ဆိုင်သော ငါးဖမ်းစက်လှေကြီးများမှ မလိရေတပ်စခန်းဌါနချုပ်အား ဒီဇယ်ဆီများပေး၍ ကမ်းနီး ကမ်းဝေး ငါးဖမ်းဆီးမှုဆိုင်ရာ ဥပဒေများကို အောက်ပါအတိုင်း ပေါ်ပေါ်ထင်ထင်ဖြင့် ချိုးဖောက်နေကြပါသည် ခင်ဗျား--
နေ့အခါတွင် လှေ၏နာမည်နှင့် လှေနံပါတ်ကို ဆာလာအိတ်ကြီးများဖြင့် ဖုံးကွယ်၍ ညအခါတွင် လှေရှိမီးများ(အချက်ပြမီး)အပါအဝင် အကုန်မှိတ်၍ လည်းကောင်း ငါးဖမ်းဆီးခြင်း။
အဆိုပါစက်လှေကြီးများအား ကမ်းဝေးငါးဖမ်းဧရိယာတွင်သာ ဖမ်းဆီးခွင့်ပြုထားသော်ငြား ကမ်းနီးငါးဖမ်းဧရိယာတွင် ဝင်ရောက် ဖမ်းဆီးခြင်း။
သက်ဆိုင်ရာငါးဦးစီးဌါနမှ ခေါ်ယူမေးမြန်းရာတွင်လည်းရေနေသတ္တဝါများ ကမ်းနီးလုပ်ကွက်အတွင်းသို့ပြောင်းရွှေ့ကျက်စား၍ အဆိုပါ လုပ်ကွက်အတွင်း ဝင်ရောက်ဖမ်းဆီးရသည်ဟု အကြောင်းပြခြင်း။
မိုးတွင်းကာလ ငါးသားပေါက်ရာသီတွင် ငါးဖမ်းဆီးခြင်းကို ပိတ်ပင်ထားသော်ငြား ဆက်လက်ဖမ်းဆီးခြင်း။
ဒေသခံ ရေလုပ်သားများ၏ရေလုပ်ငန်းပစ္စည်းများ ပျက်စီးဆုံးရှုံးသွားသည်အထိစည်းူကမ်းမဲ့စွာဖြင့် ကျွန်းအနီးသို့တိုင် ဝင်ရောက်၍ငါးဖမ်းပိုက် ဆွဲခြင်း။
ရွာတာဝန်ရှိသူများမှ သွားရောက်ပြောဆိုရာတွင်လည်း တိုင်ချင်သည့်နေရာတိုင် ဒီနေ့အဖမ်းခံရလျှင် မနက်ဖြန်ပြန်လာ ငါးပြန်ဖမ်းမည်ဟု မချေမငံ ပြန်ပြောခြင်း။
အဆိုပါငါးဖမ်းစက်လှေကြီးများအား မည်သူတွေပိုင်ဆိုင်ကြသည်ကို ကျွန်တော်များသိရှိပါသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်မည်စိုးသဖြင့် မဖော်ပြတော့ပါ။ဒေသခံရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းဧရိယာအတွင်း ဝင်ရောက်ဖမ်းဆီးနေသော စက်လှေများနှင့် လာဘ်ပေးလာဘ်ယူခြစားနေသော (မလိရေတပ်စခန်းဌါနချုပ်)အား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးနိုင်ရန်နှင့် နိုင်ငံတော်သမ္မတကြီးဦးဆောင်၍ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး။လာဘ်ပေးလာဘ်ယူနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမျလုပ်ငန်းများအောင်မြင်နိုင်စေရန် တင်ပြပေးလိုက်ရခြင်းဖြစ်ပါသည်။

(ရပ်မိရပ်ဖတစ်ဦး)

 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment